စိတ်ညစ်နေရင် ဒါတွေ လုပ်ပါ
trend.com.mm
|
2020-03-26

သင် ဒေါသထွက်နေပါသလား ဒါမှမဟုတ် စိတ်ညစ်နေပါသလား။ ဒါဆိုရင်တော့ သောကမှန်သမျှ ဝေးဝေးထွက်သွားစေမဲ့အရာတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ သောကမှန်သမျှ ကင်းဝေးကြပါစေ။

၁) သင်မပြောင်းလဲနိုင်တဲ့အရာတွေကို လက်ခံလိုက်ပါ။ သင်ကိုယ်တိုင် ပြောင်းလဲနိုင်တယ် ပြီးတော့ ပြောင်းလဲချင်စိတ်လဲရှိတယ်ဆိုရင် ပြောင်းလဲပစ်လိုက်ပါ။

၂) သင့်အပေါ် မကောင်းတဲ့သူတွေ သင့်စိတ်ညစ်အောင်လုပ်နေတဲ့သူတွေကို လက်လွှတ်လိုက်ပါ။ သူတို့အတွက်စဉ်းစားကြည့်မယ်ဆိုရင်လည်း သူတို့ဘယ်လိုလူတွေလဲဆိုတာ သင်သိပြီးသားပဲ။

၃) သင်အကြိုက်ဆုံး မြူးမြူးကြွကြွတေးသီချင်းတွေ ဖွင့်ပြီး ပေါက်ကွဲပစ်လိုက်ပါ… ရင်ကိုဖွင့်ပြီး အားရပါးရလိုက်ဆိုပါ။ တေးသွားနဲ့ အလိုက်သင့်ကခုန်လိုက်ပါ။

၄) ပြေးပါ… ခပ်ဝေးဝေးကို ပြေးပါ… သင့်စိတ်ထဲ သက်တောင့်သက်သာရှိလာတဲ့ အထိပြေးပါ… နောက်ဆုံးမှာ စိတ်ခံစားချက်တွေ အရေးမပါတော့တဲ့အထိ သင်မောပန်းလာပါလိမ့်မယ်။

၅) သင်ချစ်တဲ့သူ တစ်ယောက်ယောက်ဆီဖုန်းဆက်လိုက်ပါ။ သူတို့ရဲ့ အသံတွေကို ကြားရတဲ့အခါ သင်နေလို့ထိုင်လို့ ပိုကောင်းလာပါလိမ့်မယ်။

၆) လူစိမ်းတစ်ယောက်ယောက်ကို ပြုံးပြလိုက်ပါ… ဒီနည်းက သင်တို့နှစ်ယောက်လုံး ပြုံးဖြစ်အောင်လုပ်ပေးနိုင်ပါတယ်။

၇) တစ်ယောက်ယောက်ဆီကို အမည်မဖော်တဲ့ ဆုမွန်ကောင်းတောင်းလွှာလေး ပို့ပေးလိုက်ပါ။

၈) သင့်ကိုယ်သင် မကြိုက်တဲ့အချက်တွေကို ချရေးလိုက်ပါ… ပြီးရင် အဲ့ဒါကို စုတ်ဖြဲပြီး မီးရှို့လိုက်ပါ။

၉) သင်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကား တစ်ကားကားကို ထိုင်ကြည့်လိုက်ပါ။

၁၀) သင့်ကိုယ်သင် ယုံကြည်ပါ။

[ Unicode ]

Ref; selfness

Some text some message..