လူတိုင်းအတွက် အသုံးဝင်မယ့် အဝတ်အစားနဲ့ပတ်သက်လို့ ပညာသားပါပါ ဖြေရှင်းနည်းတွေ
mystylemyanmar.com
|
2020-03-28

တခါတလေ အဝတ်အစားဝတ်တဲ့အခါမှာ အခက်အခဲ ပြဿနာတချို့ ကြုံတွေ့ရတတ်ပါတယ်။ အရမ်းကြီးမားတဲ့ ပြဿနာတွေမဟုတ်ပေမယ့် သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေမို့ အဝတ်အစားနဲ့ပတ်သက်လို့ ပညာသားပါပါ ဖြေရှင်းနည်းကို မျှဝေပေးပါမယ်။


လေတိုက်တဲ့အခါ စကတ်မလွင့်စေဖို့




စကတ်တိုတို ဝတ်ထားပါတယ်ဆိုမှ လေတိုက်လိုက်ရင် သွားပြီနော်။ စကတ်ဝတ်ထားလို့ လေတိုက်တဲ့အခါမှာလည်း လွင့်မသွားအောင် စကတ်အတွင်းဖက်ကို အကြွေပြား (သို့) ကွိုင်စေ့ လေးတွေ ကပ်ပေးထားလိုက်ပါ။ အဲဒီရဲ့ အလေးချိန်က လေတိုက်ရင်တောင် စကတ်လွင့်စေတေ့မှာမဟုတ်ပါဘူး။


ဘွတ်ဖိနပ်ရှည်ကို ဒီလိုစီးမယ်




Cowboy စတိုင်လ် Jeans ဘောင်းဘီနဲ့ ဘွတ်ဖိနပ်ရှည်ရှည်စီးတဲ့အခါ ခြေအိတ်အရှည်ကို အခုလိုမျိုး ဝတ်ပေးပြီး စတိုင်လ်ထုတ်လို့ရပါတယ်။


အသီးလေးတွေထနေတဲ့ ဆွယ်တာအင်္ကျ ီကို ဂျုတ်နဲ့ ပြန်ရိတ်မယ်




ဆွယ်တာအင်္ကျ ီ အဟောင်းလေးတွေမှာ အသီးလေးတွေထနေရင် ဂျုတ်နဲ့ အခုလိုမျိုး ပြန်ရိတ်ပေးလိုက်ပါ။


ဆံပင်ဖြောင့်စက်ကို ကော်လံမှာအခုလို တိုက်ပေးလို့ရပါတယ်




အပြင်သွားခါနီး ကော်လံတွန့်နေရင် ဆံပင်ဖြောင့်စက်ကို ကော်လံမှာ အခုလိုမျိုး ဖိကပ်ပေးလိုက်လို့ရပါတယ်နော်။


ဖိနပ် (သို့)အိတ်တွေမှာ အနံ့ဆိုးထွက်နေရင်




သင့်ရဲ့ ဖိနပ် (သို့) အိတ်တွေမှာ အနံ့ဆိုးထွက်နေရင် သင့်အနေနဲ့ လက်ဖက်အိတ်ကို ညလုံးပေါက် ထည့်ပေးထားလိုက်ပါ။ မနက်ကျရင်အနံ့ဆိုးပျောက်သွားမှာဖြစ်ပါတယ်။


ဖိနပ်ကို သွားတိုက်တံအဟောင်းနဲ့ တိုက်ပေးပါ




ဖိနပ်အသစ်မှာ ဖုံတွေပေနေလို့ရှိရင် သွားတိုက်တံအဟောင်းနဲ့ အခုလိုမျိုး တိုက်ပေးလိုက်ပါ။ ရေလည်းလျှော်လို့မရတဲ့ အသားစမျိုးနဲ့ ချုပ်ထားရင် အခုနည်းလမ်းက ပိုအဆင်ပြေပါတယ်နော်။


The post

လူတိုင်းအတွက် အသုံးဝင်မယ့် အဝတ်အစားနဲ့ပတ်သက်လို့ ပညာသားပါပါ ဖြေရှင်းနည်းတွေ appeared first on

MyStyle Myanmar .




Some text some message..