အောင်မြင်သူတို့ ကျူးလွန်လေ့မရှိသောအမှားများ
sayar.com.mm
|
2020-04-01

ကျွန်တော်တို့ ဖြတ်သန်းလာသောဘဝခရီး တစ်လျှောက်တွင် အလုပ်တော်တော်များများလုပ်ခဲ့ဖူးပါလိမ့်မယ်။ အဲ့လို ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်တွင်လည်း လူတော်တော်များများနဲ့ တွေ့ဆုံခဲ့ဖူးကြမှာပါ။


တစ်ချိန်ထဲတွင် ကြီးပွားနိုင်လောက်တဲ့ အရည်အချင်းတွေရှိပါလျက်နဲ့ မကြီးပွားဘဲ ဖြစ်သလို စခန်းသွား နေရသူပေါင်းများစွာကိုလည်း တွေ့ဆုံဖူးမယ် လို့ထင်ပါတယ်။ ညဏ်စွမ်း၊ ညဏ်စ နှင့် အရည်အချင်းတွေ တူညီပါလျက်နှင့် အချို့က ဘာကြောင့် အကြီးအကျယ် အောင်မြင်တိုးတတ်သွားကြပြီး အချို့က ဘာကြောင့်ဆင်းရဲနေကြရတာလဲ။


တကယ်တော့ ဤကိစ္စသည် ကံတရားနဲ့လည်းဆိုင်ပါလိမ့်မယ်။ သို့သော် များသောအားဖြင့် လူတွေသည် ကိုယ့်ကိုယ်ကို ကံမကောင်းအောင်လုပ်နေကြသောကြောင့် သာဖြစ်ပါတယ်။ ကိုယ့်ရဲ့ အောင်မြင်မှုကို ဟန့်တားနေသော စိတ်နေစိတ်ထားနှင့် အပြုအမူတို့ကို ကျင့်သုံးနေသောကြောင့်သာ ကံမကောင်းရခြင်းဖြစ်တယ်။
အခုပြောပြမယ့် အချက်လေးတွေကတော့ အောင်မြင်တဲ့သူတွေ လုပ်လေ့လုပ်ထ မရှိတဲ့ စိတ်နေစိတ်ထား နဲ့အပြုအမူတွေ ပဲဖြစ်ပါတယ်။ " မအောင်မြင်သူတို့၏ အေလေ့အထများ" လို့လည်းခေါ်နိုင်ပါတယ်။

(၁) မလိုအပ်ပဲ ငြင်းခုန်ခြင်း


မအောင်မြင်သူများသည် များသောအားဖြင့် မလိုအပ်ပဲအငြင်းသန်တတ်ကြပါတယ်။ အငြင်းသန်သူတွေကတော့ သူတို့အငြင်းသန်တာကိုပင် တော်သည်ဆိုကာ ကိုယ့်ကိုယ်ကို ဂုဏ်ယူတတ်ကြတယ်၊ အထင်ကြီးတတ်ကြပါတယ်။ ဒါဟာမှားသောအယူအစ ပဲဖြစ်ပါတယ်။ တကယ်အလုပ်များသောသူများသည် သူတို့၏ အချိန်တွေကို ငြင်းခုန်ခြင်းဖြင့် ဖြုန်းတီးမပစ်တတ်ကြပါ။ ဒါကြောင့် နောက်ဆုံးမှာအငြင်းသန်သူတို့ သည် သူတို့လိုပဲ အငြင်းသန်သူတွေကြားရောက်သွားတတ်၏။ ဤသည်ကား အရှုံးသမားတို့၏ သွားရာလမ်းသာဖြစ်ပါတယ်။


(၂) မကောင်းသော စိတ်ထားရှိခြင်း


မအောင်မြင်သူတို့သည် မကြာခဏဆိုသလို မကောင်းမြင်စိတ်ထား ရှိတတ်ကြပါတယ်။ ထိုသူသူတို့သည် ကိုယ့်အလုပ်ကိုယ်လဲ သဘောမကျ၊ လောကကြီးကိုလည်း မကျေနပ်၊ ပတ်ဝန်းကျင်ကလူတွေကိုလည်း လူအ၊ လူညာ စသည်ဖြင့်ထင်တတ်ကြတယ်။ ကိုယ့်ကိုယ်ကို လည်းမယုံကြည်ကျ။ အလုပ်တစ်ခုကိုမလုပ်ခင်လည်း အရင်ဆုံး လက်လျော့တတ်ကြတယ်။အလုပ် လုပ်လျှင်လည်း အားပြည့်မာန်ပြည့် မလုပ်တတ်ကြပါဘူး။ တကယ်တော့ ထိုသူတို့သည် သူတို့ကိုယ်သူတို့ အရှုံးသမား တွေဖြစ်ကြောင်း ကြေညာနေကြခြင်းပင်ဖြစ်သည်။


(၃) သူတစ်ပါးအပေါ် မနာလိုစိတ်ရှိခြင်း


မအောင်မြင်သောသူများသည် မိမိကိုယ်တိုင်လည်း အောင်မြင်အောင်မကြိုးစားသလို သူတစ်ပါးအောင်မြင်လျှင်လည်း မနာလိုစိတ် ဖြစ်တတ်ကြတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အလုပ်တာဝန်ကိုယ် လည်းပြီးစီးအောင်မလုပ်ခြင်၊ သူများက ကိုယ့်ထက်သာ သွားပြန်ရင်လည်း မနာလိုကြပေ။ ဒါကြောင့် သင်ကအောင်မြင်ခြင်တဲ့ သူတစ်ယောက်ဆိုရင်တော့ သူတစ်ပါးအပေါ် အဲ့လိုစိတ် မျိုးမထားသင့်ပါဘူး။


(၄) မိမိ ကိုယ်ကိုယ်ကို အပြစ်တင် တတ်ခြင်း


အများစုက သူတို့လိုချင်တဲ့အရာ မရတဲ့အခါ၊ ဖြစ်ချင်တာတွေ မဖြစ်ရတဲ့အခါတွေ၊ အမှားလုပ်မိတဲ့ အခါတွေမှ သူတို့ကိုယ် သူတို့အပြစ်တင် လေ့ရှိကြပါတယ်။ အောင်မြင်တဲ့ သူတွေကအဲ့လိုမလုပ်ကြပါဘူး။ သူတို့ အမှားတွကို သူတို့လက်ခံတယ်၊ ကျရှုံးတဲ့ အခါမှာလည်း စိတ်ဓာတ်မကျပဲ အဲ့ဒီအမှားတွေကနေ သင်ယူပြီး အကောင်းဆုံး ကြိုးစားလေ့ ရှိကြပါတယ်။


"ကျရှုံးတဲ့ သူတွေက အဖြစ်အပျက်တွေ ဖြစ်ထွန်းလာတာကို စောင့်မျှော်ကြတယ်
အောင်မြင်တဲ့သူတွေက အဖြစ်အပျက်တွေ ဖြစ်ထွန်းအောင် လုပ်ဆောင်ကြတယ်"


(Zaw gyi )



Recommended for you:

လူတစ်ယောက်မှာ အကောင်းမြင်တတ်တဲ့ စိတ်ရှိဖို့ကဘာကြောင့်အရေးကြီးတာလဲ ?

အောင်မြင်သူတို့ ကျူးလွန်လေ့မရှိသောအမှားများ


ကျွန်တော်တို့ ဖြတ်သန်းလာသောဘဝခရီး တစ်လျှောက်တွင် အလုပ်တော်တော်များများလုပ်ခဲ့ဖူးပါလိမ့်မယ်။ အဲ့လို ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်တွင်လည်း လူတော်တော်များများနဲ့ တွေ့ဆုံခဲ့ဖူးကြမှာပါ။ တစ်ချိန်ထဲတွင် ကြီးပွားနိုင်လောက်တဲ့ အရည်အချင်းတွေရှိပါလျက်နဲ့ မကြီးပွားဘဲ ဖြစ်သလို စခန်းသွား နေရသူပေါင်းများစွာကိုလည်း တွေ့ဆုံဖူးမယ် လို့ထင်ပါတယ်။ ညဏ်စွမ်း၊ ညဏ်စ နှင့် အရည်အချင်းတွေ တူညီပါလျက်နှင့် အချို့က ဘာကြောင့် အကြီးအကျယ် အောင်မြင်တိုးတတ်သွားကြပြီး အချို့က ဘာကြောင့်ဆင်းရဲနေကြရတာလဲ။


တကယ်တော့ ဤကိစ္စသည် ကံတရားနဲ့လည်းဆိုင်ပါလိမ့်မယ်။ သို့သော် များသောအားဖြင့် လူတွေသည် ကိုယ့်ကိုယ်ကို ကံမကောင်းအောင်လုပ်နေကြသောကြောင့် သာဖြစ်ပါတယ်။ ကိုယ့်ရဲ့ အောင်မြင်မှုကို ဟန့်တားနေသော စိတ်နေစိတ်ထားနှင့် အပြုအမူတို့ကို ကျင့်သုံးနေသောကြောင့်သာ ကံမကောင်းရခြင်းဖြစ်တယ်။
အခုပြောပြမယ့် အချက်လေးတွေကတော့ အောင်မြင်တဲ့သူတွေ လုပ်လေ့လုပ်ထ မရှိတဲ့ စိတ်နေစိတ်ထား နဲ့အပြုအမူတွေ ပဲဖြစ်ပါတယ်။ " မအောင်မြင်သူတို့၏ အေလေ့အထများ" လို့လည်းခေါ်နိုင်ပါတယ်။




(၁) မလိုအပ်ပဲ ငြင်းခုန်ခြင်း


မအောင်မြင်သူများသည် များသောအားဖြင့် မလိုအပ်ပဲအငြင်းသန်တတ်ကြပါတယ်။ အငြင်းသန်သူတွေကတော့ သူတို့အငြင်းသန်တာကိုပင် တော်သည်ဆိုကာ ကိုယ့်ကိုယ်ကို ဂုဏ်ယူတတ်ကြတယ်၊ အထင်ကြီးတတ်ကြပါတယ်။ ဒါဟာမှားသောအယူအစ ပဲဖြစ်ပါတယ်။ တကယ်အလုပ်များသောသူများသည် သူတို့၏ အချိန်တွေကို ငြင်းခုန်ခြင်းဖြင့် ဖြုန်းတီးမပစ်တတ်ကြပါ။ ဒါကြောင့် နောက်ဆုံးမှာအငြင်းသန်သူတို့ သည် သူတို့လိုပဲ အငြင်းသန်သူတွေကြားရောက်သွားတတ်၏။ ဤသည်ကား အရှုံးသမားတို့၏ သွားရာလမ်းသာဖြစ်ပါတယ်။


(၂) မကောင်းသော စိတ်ထားရှိခြင်း


မအောင်မြင်သူတို့သည် မကြာခဏဆိုသလို မကောင်းမြင်စိတ်ထား ရှိတတ်ကြပါတယ်။ ထိုသူသူတို့သည် ကိုယ့်အလုပ်ကိုယ်လဲ သဘောမကျ၊ လောကကြီးကိုလည်း မကျေနပ်၊ ပတ်ဝန်းကျင်ကလူတွေကိုလည်း လူအ၊ လူညာ စသည်ဖြင့်ထင်တတ်ကြတယ်။ ကိုယ့်ကိုယ်ကို လည်းမယုံကြည်ကျ။ အလုပ်တစ်ခုကိုမလုပ်ခင်လည်း အရင်ဆုံး လက်လျော့တတ်ကြတယ်။အလုပ် လုပ်လျှင်လည်း အားပြည့်မာန်ပြည့် မလုပ်တတ်ကြပါဘူး။ တကယ်တော့ ထိုသူတို့သည် သူတို့ကိုယ်သူတို့ အရှုံးသမား တွေဖြစ်ကြောင်း ကြေညာနေကြခြင်းပင်ဖြစ်သည်။


(၃) သူတစ်ပါးအပေါ် မနာလိုစိတ်ရှိခြင်း


မအောင်မြင်သောသူများသည် မိမိကိုယ်တိုင်လည်း အောင်မြင်အောင်မကြိုးစားသလို သူတစ်ပါးအောင်မြင်လျှင်လည်း မနာလိုစိတ် ဖြစ်တတ်ကြတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အလုပ်တာဝန်ကိုယ် လည်းပြီးစီးအောင်မလုပ်ခြင်၊ သူများက ကိုယ့်ထက်သာ သွားပြန်ရင်လည်း မနာလိုကြပေ။ ဒါကြောင့် သင်ကအောင်မြင်ခြင်တဲ့ သူတစ်ယောက်ဆိုရင်တော့ သူတစ်ပါးအပေါ် အဲ့လိုစိတ် မျိုးမထားသင့်ပါဘူး။


(၄) မိမိ ကိုယ်ကိုယ်ကို အပြစ်တင် တတ်ခြင်း


အများစုက သူတို့လိုချင်တဲ့အရာ မရတဲ့အခါ၊ ဖြစ်ချင်တာတွေ မဖြစ်ရတဲ့အခါတွေ၊ အမှားလုပ်မိတဲ့ အခါတွေမှ သူတို့ကိုယ် သူတို့အပြစ်တင် လေ့ရှိကြပါတယ်။ အောင်မြင်တဲ့ သူတွေကအဲ့လိုမလုပ်ကြပါဘူး။ သူတို့ အမှားတွကို သူတို့လက်ခံတယ်၊ ကျရှုံးတဲ့ အခါမှာလည်း စိတ်ဓာတ်မကျပဲ အဲ့ဒီအမှားတွေကနေ သင်ယူပြီး အကောင်းဆုံး ကြိုးစားလေ့ ရှိကြပါတယ်။


"ကျရှုံးတဲ့ သူတွေက အဖြစ်အပျက်တွေ ဖြစ်ထွန်းလာတာကို စောင့်မျှော်ကြတယ်
အောင်မြင်တဲ့သူတွေက အဖြစ်အပျက်တွေ ဖြစ်ထွန်းအောင် လုပ်ဆောင်ကြတယ်"

https://www.sayar.com.mm/



Some text some message..