ပါဆယ်ထုတ်ကို တံတွေးသုတ်တဲ့ ပစ္စည်းပို့သူကို စီစီတီဗီတွင်ဖမ်းမိ
popolay.com
|
2020-04-01

ကိုရိုနာဗိုင်းရပ်စ် Covid-19 ဟာ လူ့ခန္ဓာကိုယ်ကနေ ထွက်လာတဲ့ အရည်အစက်တွေကနေတစ်ဆင့် ကူးစက်တာဖြစ်ကြောင်း ပညာရှင်တွေက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် နှာခေါင်းစည်းတွေ ဝတ်ဆင်ဖို့ လက်ကို မကြာခဏဆေးကြောဖို့နဲ့ အများသုံးနေရာတွေကို တတ်နိုင်သလောက် မထိမိမကိုင်မိအောင် ဆင်ခြင်ကြဖို့ ညွှန်ကြားချက်တွေကို တစ်ကမ္ဘာလုံးမှာ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

အခုလိုမျိုး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာကို လူတိုင်း စိုးရိမ်သောက ရောက်နေကြရတဲ့အချိန်မှာ ပစ္စည်း(ပါဆယ်)ပို့သူ ဝန်ထမ်းတစ်ဦးက Amazon ပါဆယ်ထုတ်ကို ပိုင်ရှင်ထံ မပို့သေးခင် သူ၏လက်ဖဝါးပေါ် တံတွေးထွေးချကာ ယင်းလက်ဖြင့် ပါဆယ်ထုတ်ကို သုတ်လိမ်းလိုက်တဲ့ ဖြစ်စဉ်တစ်ခု ကယ်လီဖိုးနီးယားမှာ ဖြစ်ပွားခဲ့ပါတယ်။




အိမ်အရှေ့မှာ တပ်ဆင်ထားတဲ့ စီစီတီဗီကင်မရာမှာ သူ့ရဲ့လုပ်ရပ်အစအဆုံးကို ရှုထောင့်နှစ်နေရာက မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ ဒီအဖြစ်ပျက်ကို မသိပဲ အိမ်ရှင်က ပါဆယ်ကို လက်ခံရယူခဲ့ပါတယ်၊ နောက်ပိုင်း စီစီတီဗီရုပ်သံကို ပြန်ကြည့်တော့မှ သိခဲ့ရတာကြောင့် Amazon ကုမ္ပဏီကို ဆက်သွယ်ပြီး ဖြစ်စဉ်ကို တိုင်ကြားကာ အဆိုပါဝန်ထမ်းမှာ Covid-19 ရှိ၊ မရှိ စစ်ဆေးဖို့ ကုမ္ပဏီကို တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ Amazon ကုမ္ပဏီက ပြန်လည်တောင်းပန်ခဲ့ပြီး ဒေါ်လာ ၅၀ တန်ဖို့ သူ့ရဲ့အကောင့်ထဲကို လက်ဆောင်ထည့်ပေးခဲ့ပါတယ်။



ပစ္စည်းပို့သူဟာ Amazon ကုမ္ပဏီမှ ခန့်ထားသော ဝန်ထမ်းမဟုတ်ပဲ အခြားပစ္စည်းပို့ လက်ခွဲကုမ္ပဏီမှ ဝန်ထမ်းဖြစ်ကြောင်း သိရှိရပြီး ထိုဝန်ထမ်းအား ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ မည်သို့ပင်ဖြစ်စေကာမူ ယင်းဝန်ထမ်း၏ လုပ်ရပ်ကို တည်ဆဲဥပဒေများနဲ့ အရေးယူနိုင်သည်ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။




Some text some message..