
အားလုံးပဲ မင်္ဂလာပါ။ သင့်ဘဝရဲ့ လက်တွဲဖော် ဖူးစာရှင်အစစ်အမှန်နဲ့ ဆုံတွေ့ပြီးပြီလား။ ကိုယ့်မွေးနေ့လ ကိုယ့်ဝါသနာတွေကို အခြေခံပြီး ဖူးစာရှင်နဲ့ တွေ့ဆုံနိုင်တဲ့နေရာကို ခန့်မှန်းလို့ရပါတယ်။ ဒီတစ်ခေါက်မှာတော့ ဧပရယ်လမွေးဖွားသူတွေအတွက် သူတို့ရဲ့ ဝါသနာ အကျင့်စရိုက်ကို အခြေခံပြီး တွေ့နိုင်ချေရှိတဲ့နေရာတွေကို ဖော်ပြပါရစေ။
၁။ April လမွေးဖွားသူတွေက စိတ်အားထက်သန်ကြပါတယ်။ စိတ်ဓာတ်မာကြောကြပါတယ်။ သူတို့ရဲ့ ဖူးစာရှင်ကလည်း သူတို့လို စိတ်ဓာတ်မာကြောပြီး ဆုံးဖြတ်ချက် ခိုင်မာကြပါတယ်။
၂။ April လ မွေးဖွားသူတွေအတွက် ချစ်သူဖူးစာရှင်က အလုပ်သွားတဲ့ နေရာ ဒါမှမဟုတ် ခရီးသွားတဲ့လမ်းမှာ စောင့်နေနိုင်ပါတယ်။
၃။ April လမွေးဖွားသူတွေက အိမ်ထဲမှာပဲ အိမ်တွင်းပုန်းတတ်ကြပါတယ်။
၄။ ဖူးစာရှင်က ကိုယ့်အနီးနားက လူတစ်ယောက်ဖြစ်နေတတ်ပါတယ်။
၅။ သင့်ဖူးစာရှင်ကို သင်ထိုင်နေကျ ကော်ဖီဆိုင် ဒါမှမဟုတ် သင်သွားနေကျ Shopping Mall ဒါမှမဟုတ် ဈေးမှာ တွေ့နိုင်ချေရှိပါတယ်။
၆။ ကိုယ့်ရဲ့ အိမ်နီးနားချင်းတွေကို အာရုံထားကြည့်ပါ။ သင့်ရဲ့အချစ်စစ်က အိမ်နီးနားချင်းအနေနဲ့ သင့်အချစ်ကို မျှော်နေတတ်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar
The post
April လဖွားတွေအတွက် ကိုယ့်ရဲ့ ဖူးစာရှင်နဲ့ တွေ့ဆုံနိုင်ချေရှိတဲ့ နေရာများ
appeared first on
MyStyle Myanmar
.