ကိုယ့်ကို လူတွေ သတိထားအောင် စိတ်ဝင်စားအောင် Attention ယူနိုင်မယ့်နည်းလမ်း ၃ ခု
lifestylemyanmar.com
|
2020-04-06



လူတော်တော်များများကတော့ အခြားလူတွေကိုယ့်ကိုစိတ်ဝင်စားတာ အလေးပေးတာကို လိုချင်ကြတာချည်းပါပဲ။ ခုခေတ်စ ကားနဲ့ပြောရရင် Attentionလိုမျိုးပေ့ါ။ ကိုယ့်ကို လူတွေကအရေးပေး စိတ်ဝင်စားအောင်လည်း နည်းအမျိုးမျိုးနဲ့ဆွဲဆောင်နေကြတာပါပဲ။ ခုပြောပြမှာက စိတ်ပညာရှင်တွေ ပြောထားတဲ့ ကိုယ်လိုချင်တဲ့သူကိုယ့်အပေါ်စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်မယ့် နည်းလမ်း ၃ချက်ပဲဖြစ်ပါတယ်။ အောက်မှာ ဖတ်ကြည့်လိုက်ကြရအောင်နော်…


အပြုသဘောဆောင်တဲ့စိတ်ကိုပြသပါ




အပြုသဘောဆောင်တဲ့စိတ် တနည်းအားဖြင့် အကောင်းမြင်စိတ်ဆိုတာ ပြောတော့သာလွယ်တာ တကယ်က တော်တော်ခက်ပါတယ်။ ဒါပေမယ့် စိတ်ပညာရှင်တွေအဆိုရ အကောင်းမြင်စိတ်ဟာ တခြားလူတွေရဲ့ ဆိုးနေတဲ့စိတ်တွေကို သက်သာစေတယ် ကောင်းမွန်လာစေတယ်လို့ဆိုပါတယ်။

ဆိုလိုတာက ကိုယ့်ကိုကိုယ် အားငယ် စိတ်ဓါတ်ကျနေတဲ့လူတွေကို အကောင်းမြင်သမားတစ်ယောက်က စိတ်အားတက်လာအောင် ခွန်အားရှိလာအောင် ပျော်ရွှင်အောင်လုပ်နိုင်တယ်ဆိုတာမျိုးပေါ့။ ဒီလိုလုပ်နိုင်တယ်ဆိုကတည်းက တခြားလူတွေ ကိုယ့်ကိုမကြိုက်လာမှာ စိုးရိမ်စရာမလိုတော့ပါဘူး။

ဒါကြောင့် ကိုယ်စိတ်ဝင်စားစေချင်တဲ့ ကိုယ်လိုချင်တဲ့သူ ကိုယ့်ကိုအလေးထားလာအောင် စိတ်ဝင်စားလာအောင် သတိထားမိလာအောင် လုပ်ဖို့ဆို ပထမဆုံးလေ့ကျင့်ရမှာ အကောင်းမြင်စိတ်လေးရှိလာအောင်လေ့ကျင့်ရမှာပါပဲ။

Facebookပေါ်မှာဖြစ်ဖြစ် ပြင်ပလူနေမှုဆက်ဆံရေး အသိုင်းအဝိုင်းတွေထဲမှာဖြစ်ဖြစ် အဆိုးမြင်စာတွေပဲ အမြဲရေး စိတ်ညစ်စရာ စိတ်ဓါတ်ကျစရာတွေပဲ အမြဲတင် အမြဲပြောနေတဲ့လူတွေကို ကြာလာရင် လူတွေက ချဉ်လာပါတယ်။ ရှောင်လာတတ်ပါတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းမှာအခက်အခဲကိုယ်စီရှိတယ်လေ။ ဒါကြောင့် သင်ဟာ လူချစ်လူခင်များချင်ရင် ကိုယ့်ကိုလူတွေစိတ်ဝင်စားတာခံချင်ရင် အကောင်းမြင်စိတ်အရင်ထားပါ။ အကောင်းမြင်သမားတစ်ယောက်ဆိုတာ လူတွေလက်ခံစေနိုင်မယ့် အလွယ်ဆုံးအရာကတော့ ပြုံးခြင်းနဲ့ရယ်ခြင်းပဲဖြစ်ပါတယ်။ ကဲ..ရှေ့ဆက်ကြည့်ရအောင်


တန်ဖိုးရှိတာတွေကိုမျှဝေပါ




လူတွေက သူတို့ဘဝကို အခြားလူတွေနဲ့ ဘယ်လိုကုန်ဆုံးစေချင်တယ်လို့ သင်ထင်ပါသလဲ။ တကယ်တော့ လူတိုင်းက သူတို့ဘဝကို တန်ဖိုးရှိတဲ့အရာတွေ ကောင်းမွန်တဲ့ အတွေ့အကြုံတွေကိုမျှဝေပေးတဲ့သူတွေနဲ့ သူတို့ဘဝကိုဖြတ်သန်းချင်ကြတာပါ။ သူတို့က ဘယ်လိုလူမျိုးဖြစ်ပါစေ သူတို့လိုချင်တာက အမှန်ကိုပြောတဲ့သူ ကောင်းမွန်တဲ့စိတ်ထားရှိသူတွေနဲ့ပေါင်းသင်းဆက်ဆံချင်တာပါ။

ကိုယ်ကိုယ်တိုင်က ဆိုးတဲ့သူဖြစ်နေရင်တောင် ကိုယ့်လိုဆိုးတဲ့ မက်ရိုင်းတဲ့ ကောက်ကျစ်တဲ့ သူတွေနဲ့တော့ မပေါင်းသင်းချင်ကြပါဘူး။ အခြေအနေအရသာ ပေါင်းနေရင် ပေါင်းနေရပါလိမ့်မယ်။ သူတို့စိတ်ထဲမှာ ကောင်းမွန်တဲ့ ရိုးသားတဲ့လူတွေကိုသာတောင့်တတတ်တာပါ။ ဆိုလိုတာက အတင်းပြောတဲ့သူတွေတွေ့ဖူးတယ်မလား။

အဲ့ဒီလိုလူ ပြောတာ လူတွေက နားထောင်ရင်သာ နားထောင်လိုက်မယ်။ သူ့ကိုတော့ စိတ်ရင်းနဲ့ပေါင်းချင်သင်းချင်မှာမဟုတ်ပါဘူး။ ကြောက်နေ ရွံနေကြမှာပါ။ သင့်ကိုသင်မေးကြည့်ပါ။ သင်ဆိုဘယ်သူတွေနဲ့ ပေါင်းသင်းချင်လဲ ဘယ်လိုလူတွေကိုဘဝအ တွက် လိုချင်လဲ ပြန်မေးကြည့်ပါ။

ကျွန်တော်ကတော့ ဘဝအတွက် တန်ဖိုးရှိတာတွေ ကောင်းတဲ့အတွေ့အကြုံတွေ အကြံညဏ်တွေမျှဝေပေးမယ့်လူတွေကိုလိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ အဆိပ်အတောက်လိုလူတွေနဲ့နီးရင် ကိုယ်ပါ အဆိပ်အတောက် ဖြစ်သွားနိုင်လို့ပါပဲ။ ဒီတော့ သင့်ကိုတကယ်စိတ်ရင်းနဲ့လူတွေချစ်ချင် ခင်စေချင် စိတ်ဝင်စားချင် အရေးစိုက်စေချင်ရင် ကောင်းမွန်တဲ့အတွေ့အကြုံတွေ တန်ဖိုးတွေကို မျှဝေပေးသူဖြစ်ပါစေနော်..


သူတို့နာမည်ကိုဘယ်တော့မှမမေ့ပါနဲ့




ဘာလို့နာမည်ကိုမေ့ရမလဲလို့မေးကောင်းမေးနိုင်ပါတယ်။ ဆိုကြပါစို့ သင်နဲ့လူတစ်ယောက် တနေရာမှာတွေ့ဖူးတယ်။ ဘားတစ်ခုမှာဖြစ်ဖြစ် လမ်းမှာဖြစ်ဖြစ် သင်တို့မိတ်ဆက်ဖူးတယ်။ နောက်နဲနဲကြာတော့ ပြန်ဆုံကြတော့ သင်က သူ့နာမည်ကိုမေ့နေပြီ။ ဒါပေမယ့်သူကတော့ သင့်ကို နာမည်ခေါပြီး နှုတ်ဆက်တယ်။ ကဲ.သင့်စိတ်ထဲဘယ်လိုဖြစ်မလဲ။

သြော်ဒီလူ ငါ့ကိုအလေးထားတယ်ပဲ ထင်မှာပေါ့။ ဒါပါပဲ။ ကိုယ့်ကိုစိတ်ဝင်စားချင်သူ ကိုလိုချင်သူကို နာမည်တွေနဲ့ ဆွဲဆောင်ရပါတယ်။ ဒီတော့ သင့်ကိုတစ်စုံတစ်ယောက်က သတိထားစေချင်ရင် ပြန်အသိအမှတ်ပြု အလေးထားစေချင်ရင် သူတို့နာမည်ကိုဘယ်တော့မှ မမေ့ပါနဲ့၊ နာမည်တွေကိုသုံးပြီး သူတို့Attentionကို ယူလို့ရပါတယ်နော်။

ဒါက ဘာကိုပြလဲဆိုရင် အသေးအဖွဲလေးကအစ သင်ဟာ အလေးထားသူ ဂရုစိုက်တတ်သူဆိုတာကိုပြနေတာပါ။ အိုကေ ဒီလောက်ဆို ကိုယ့်ကို Attentionယူနိုင်မယ့်နည်း ၃ခုကို သိလောက်ပါပီ။ လူချစ်လူချင်ပေါချင် လိုက်လုပ်ကြည့်ကြပါနော်..

#Lifestyle_Myanmar

#Mg_Htet

REF_Power Of Possitivity




Some text some message..