ဖုန်းဆက်ချိန်က ပြောနေတဲ့ သင့် အကြောင်း
trend.com.mm
|
2020-04-08

ချစ်သူဆီကို ဖုန်းဆက်ချိန်ကတဆင့် သိရှိနိုင်တဲ့ စိတ်နေစိတ်ထားအကြောင်းကို Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ချစ်သူကိုချစ်တော့ချစ်တယ် ။ ဒါပေမယ့် ဘယ်လိုအချစ်မျိုးနဲ့ချစ်နေတယ်ဆိုတာကို တခါတလေမှာ ကိုယ့်ကို ကိုယ် အဖြေရှာမရဖြစ်တတ်ကြမှာပါ။ ဒီတော့ ကိုယ့်အချစ်က ဘယ်လိုမျိုးလဲဆိုတာ ဆန်းစစ်ကြည့်လိုက်ရအောင်။

၁) အိပ်ယာနိုးနိုးချင်း

၂) လမ်းမပေါ်မှာ

၃) အလုပ်ချိန်မှာ

၄) အိပ်ယာမဝင်ခင်

၅) ဆက်ချင်တဲ့အချိန် ဆက်တယ်။

၁) အိပ်ယာနိုးနိုးချင်း ဆက်တတ်သူ
အချစ်နဲ့ ပတ်သက်လာရင် သင်ဟာ အရင်လှုပ်ရှားတတ်သူဖြစ်တယ်။ သင်ဟာ အခွင့်အရေးကောင်းနဲ့ ကြုံရင် လက်မလွတ်တတ်သူဖြစ်တယ်။ “အချစ် စစ်သူရဲကောင်း” အမျိုးအစားဖြစ်တယ်။ အချစ် အတွက် ပျော်ပျော်ကြီး စွန့်လွတ်အနစ်နာ ခံရဲသူဖြစ်တယ်။ ချစ်သူဆီက ဘာမှ မမျှော်ကိုးဘဲ ပေးဆပ်သူ၊ ချစ်သူကျေနပ်အောင် ကြင်နာသူ၊ ချစ်သူဆီက ဘာမှတုန့်ပြန်မှုမရလည်း အပြစ်မတင်တတ်သူ ဖြစ်တယ်။ အချစ်မှာ သင်ဟာ ပျော်နေတတ်ပေမဲ့ အကြံတစ်ခုတော့ ပေးချင်ပါတယ်။ ချစ်သူအပေါ်ထားတဲ့ သင့်ရဲ့ ကြင်နာ ယုယမှုတွေဟာ ချစ်သူအတွက် အကျင့် မဖြစ်သွားစေပါနဲ့။ ချစ်သူဆိုတာ နှစ်ဦးနှစ်ဖက် အပေးအညီ မျှဖို့လိုတယ်။ သင့်အတွက် အလိုက်ဖက်ဆုံး လူဟာလဲ သင့်ကို ချစ်ခင်ကြင်နာတဲ့သူ၊ သင့်ကို တန်ဖိုးထားသူပဲ ဖြစ်သင့်ပါတယ်။

၂) လမ်းပေါ်မှာ ဆက်တတ်သူ
အချစ်ကြောင့် အရသာ မပျက်တတ်သူ၊ ဘဝမှာ ပျော်ပျော်နေတတ်သူဖြစ်ပြီး အချစ်မရှားသူဖြစ်တယ်။ ဘဝရဲ့ ထောင့်တစ်နေရာရာကနေ ကိုယ့်အတွက် ပျော်ရွှင်မှုကို ရှာတတ်သူဖြစ်ပြီး နှစ်ဦးနှစ်ဖက်ရဲ့ အပြောအဆိုကို အလွန်ဂရုစိုက် တတ်သူဖြစ်တယ်။ ချစ်သူဘာကို အလိုရှိသလဲ ဆိုတာ သင်သိသင့်ဖို့ အတွက် အကြံတစ်ခု ပေးချင်ပါတယ်။ သင်ဟာ စန်းပွင့်သူဖြစ်ပေမဲ့ တစ်ယောက်တည်းကိုပဲ သတ်သတ် မှတ်မှတ် ချစ်တဲ့ အချစ်ကမှ သင်နဲ့ အသင့်တော်ဆုံးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့စိတ် တစ်စိတ် ထဲနဲ့ လူအများကို ခွဲဝေပေးဖို့ မဖြစ်နိုင်လို့ပါပဲ။

၃) အလုပ်ချိန်မှာ ဆက်တတ်သူ
သင်ဟာ အချစ်လူရိုးကြီးပါ။ ရိုမန်တစ်မဆန်သလို နားဝင်ချိုတဲ့ စကားကိုလည်း ပြောခဲသူဖြစ်တယ်။ အချစ်ဆိုတာ ဘဝရဲ့ တစ်စိတ်တစ်ဒေသလို့ ထင်သူဖြစ်တယ်။ သင်ဟာ အချစ်ကို ချစ်သော်လည်း အချစ်ကြောင့် ခေါင်းမစားသူဖြစ်တယ်။ သင့်အတွက်အကြံက အချစ်ကို သင် စတင်တော့မယ်ဆိုရင် သူငယ်ချင်းအဆင့် ကနေ တဖြည်းဖြည်း စတင်တာဟာ အကောင်းဆုံးဖြစ်တယ်။ ဒါပေမဲ့ သူငယ်ချင်း အဆင့်ပဲ ရှိသေးတယ် သူငယ်ချင်းအဖြစ်နဲ့တော့ မရပ်ဆဲမိဖို့ လိုလိမ့်မယ်။

၄) အိပ်ယာမဝင်ခင် ဆက်တတ်သူ
သင်ဟာ အချစ်ရဲ့ ကျေးကျွန်ဖြစ်တယ်။ အချစ်ကို ကိုးကွယ်သူဖြစ်တယ်။ ချစ်သူက သင့်အပေါ် နည်းနည်း ကောင်းပြ၊ ကြင်နာပြတာနဲ့ သင်ဟာ သူ့အပေါ် ဆယ်ဆ ပြန်ကောင်းလိုက်တတ်တယ်။ ချစ်သူ အလိုရှိတာကို ပါးစပ်ဟ လိုက်တာနဲ့ သင်က ဘာမဆို အားလုံးအိုကေ စေရမယ်ဆိုတဲ့ အစားမျိုးဖြစ်တယ်။ သင့်ကို အကြံတစ်ခု ပေးချင်ပါတယ်။ တစ်ခါတလေမှာ အချစ်ဆိုတာ တရားမမျှတတဲ့ ကစားနည်း ပါ။ ပေးဆပ်မှုနဲ့ ရယူမှုက ဘယ်တော့မှ တစ်ထပ်တည်း မကျဘူး။ ဒါကြောင့် အချစ်နွံထဲ အရမ်းနစ်ဝင် မသွားပါနဲ့။ နောက်သင့်မှာ အချစ် အတွက် တိုင်ပင်ဖော်လေးလိုပါတယ်။ ဥပမာ သူငယ်ချင်း သို့မဟုတ် အိမ်သူအိမ်သား၊ သူတို့က သင့်အတွက် အကြံဉာဏ်ကောင်းတွေ ပေးနိုင်ပါလိမ့်မယ်။

၅) ဆက်ချင်တဲ့အချိန် ဆက်တတ်သူ
ချစ်သူကိုယ်ပေါ်ကနေ ကိုယ်လိုချင်တဲ့ အရာကို ရှာဖွေတတ်သူဖြစ်တယ်။ ချစ်သူလို တစ်မျိုး၊ သူငယ်ချင်းလို တစ်မျိုး ကူညီ စောင့်ရှောက်တတ်သူလည်း ဖြစ်တယ်။ တစ်ခြားသူနဲ့ ခင်မင်သွားလည်း ချစ်သူ့အပေါ် အချစ်မပြောင်းတတ်သူ ဖြစ်တယ်။ အကြံတစ်ခု ပေးချင်တာက ချစ်သက်တမ်း ကြာလေလေ ချစ်သူရဲ့ အပြစ် အနာအဆာကို တွေ့မြင်နိုင်ဖို့ ခဲ့ယဉ်းလေလေ ဖြစ်တတ်တာကြောင့် ချစ်သူ့အပေါ် မကျေနပ်တာ၊ အလိုမကျတာတွေကို စိတ်ထဲမှာ သိမ်းမထားဘဲ ချက်ချင်း ထုတ်ဖော်ပြောသင့်တယ်။ အလိုမကျတာတွေကို ရင်ထဲမှာပဲ သိမ်းဆည်းထားရင် နောက်ဆုံးမှာ အင်အားပြင်းတဲ့ မီးတောင်အဖြစ် ပေါက်ကွဲနိုင်ပါတယ်။

[ Unicode ]

Ref; lifehack

Some text some message..