စိတ်ပညာရှင်တွေပြောတဲ့ စိတ်စွမ်းအားကို အပြင်ကရသူ (Extrovert) နဲ့ စိတ်စွမ်းအားကိုအတွင်းကရသူ( Introvert)၊ အတွင်းကော အပြင်ကပါ မျှတစွာရရှိသူ (Ambivert) ဆိုတဲ့ လူအမျိုးအစားသုံးမျိုးထဲက Introverts တွေကို လူတော် တော်များများ နားမလည်နိုင်လောက်တဲ့ အထင်မှားနေတဲ့ အချက်တွေရှိပါတယ်။ အဲ့ဒီအချက်တွေက Introvertsတွေပိုင်ဆိုင်ထားတဲ့ သူတို့ရဲ့ထူးခြားတဲ့လက္ခဏာတွေပဲပေါ့။ ကဲ..သင်ဟာ Introvertsတစ်ယောက် တကယ်ဟုတ်မဟုတ် ဒီအချက်တွေနဲ့တိုက်မတိုက် စစ်ကြည့်ရအောင်.
Introvertsတွေရဲ့ ထူးခြားသောလက္ခဏာနဲ့အပြုအမူများ
(၁) Introvertတွေရဲ့ထူးခြားတဲ့လက္ခဏာလို့ဆိုရမလားပဲ။ သူတို့က တခြားလူတွေကို ရယ်အောင်လုပ်နိုင်ချင်မှလုပ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် တွေးတွေးပြီး သူတို့ကိုသူတို့တော့ ရယ်အောင်လုပ်ပါတယ်။
(၂)Introvertတွေရဲ့အဓိကအကျဆုံးလက္ခဏာရပ်တစ်ခုလို့ဆိုလိုရတာကတော့ သူတို့ဟာ ကိုယ့်အတွင်းစိတ်ကိုအမြဲတမ်းလှန်လှောစိစစ်နေတတ်ခြင်းပဲဖြစ်ပါတယ်။ သူတို့ဟာ အတွေးနက်သူတွေဖြစ်ပါတယ်။ သူတို့ကိုသူတို့ဝေဖန်ရေးလုပ်နိုင်သူတွေဖြစ်ပါတယ်။
(၃) သူတို့ဟာ အားပြန်ဖြည့်ဖို့ စွမ်းရည်တွေပြန်တိုးဖို့အတွက် တစ်ယောက်တည်းနေတဲ့အချိန်ကို မဖြစ်မနေယူရပါတယ်။ လူတွေကများသာအားဖြင့်သူတို့ဟာအရှက်အကြောက်ကြီးတယ်၊ လူမှုဆက်ဆံရေးညံဖျင်းတယ်၊ ပျင်းရိတယ်၊ ကလန့်တိုက်တယ်လို့ထင်တတ်ကြပေမယ့် တကယ်က သူတို့ဟာ သူတို့ပင်ကိုယ်ဗီဇအရ တစ်ယောက်တည်းနေခြင်းကိုနှစ်သက်တာပါ။
လူတွေအများကြီးနဲ့နေနေရရင် သူတို့ဟာ အားတွေကုန်ခမ်းလာသလိုဖြစ်လာပြီး လူအုပ်ကြီးတဲ့ဝေးတဲ့နေရာဆီထွက်သွားပါတော့တယ်။ သူတို့က ဖုန်းတွေ Restartလုပ်တယ် ဖုန်းအားသွင်းသလိုမျိုး သူ့စွမ်းအင်တွေကို တစ်ယောက်တည်းပြန်ဖြည့်ရတာပါ။
(၄) Intovertတွေဟာ တစ်ခုခုကို မလုပ်ခင်လေးလေးနက်နက် စဉ်းစားပြီးမှ လုပ်လေ့ရှိတယ်။ တုံပြန်ချက်တိုင်းမှာ အဆိုးရလဒ်မထွက်ဖို့ သွေးအေးအေးတွေးတောတတ်တာမျိုးပါ။ နောက်ဆုံး စာလေးတစ်စောင်ပြန်တာ မက်ဆေ့လေးတစ်ကြောင်းပြန်တာကအစ စကားတစ်ခွန်းကို တုံ့ပြန်တာကအစ လေးလေးနက်နက် စဉ်းစားပြီးမှ လုပ်ဆောင်တတ်တယ်။ တစ်ခါတစ်ရံ လူတွေက သူတို့ကိုတွေဝေသူတွေ အလုပ်လုပ်တာအထနှေးသူတွေလို့ ယူဆတတ်ကြပါတယ်။
(၅) လူတွေက Introvertတွေကို ပေါင်းရသင်းရခက်တဲ့သူတွေလိုထင်တတ်ကြပါတယ်။ တကယ်တော့ သူတို့က ရင်းနှီးပြီဆိုရင် ခင်မင်မှုကိုဖျက်ရခက်မှန်းကိုယ့်အကြောင်းကိုယ်သိလို့လူရွေးချယ်ပေါင်းသင်းကြပါတယ်။ ခံစားမှုချင်း ရင်ဘတ်ချင်းတူမှ ပေါင်းသင်းကြတာမျိုးပါ။ ဒါကြောင့်သူတို့က အပေါင်းအသင်းနည်းတယ်။ ကိုယ့်စိတ်ထဲကမခင်ဘူးလို့ထင်သူတွေနဲ့ မပေါင် းသင်းတာဖြစ်ပါတယ်။
(၆) Introvert တွေဟာပေါင်းသင်းဆက်ဆံရေးမှာ သစ္စာရှိရှိ၊ ယုံယုံကြည်ကြည် ဆက်ဆံတယ်။ သူတို့ချစ်ရတဲ့ တန်ဖိုးထားရတဲ့ လူတွေနဲ့ ပတ်သက်ရင်လည်းဘာမဆိုအနစ်နာခံတတ်ပါတယ်။ သူတို့ ကန့်သတ်ထားတဲ့ ဆက်ဆံရေးဘောင်ထဲကို မခင်တဲ့သူဆို ပေးမဝင်ပါဘူး။
(၆) သူတို့ကလူတွေအများကြီးနဲ့စကားမပြောချင်ကြပါဘူး။ မတတ်သာလို့ လူတွေအများကြီးနဲ့ စကားပြောရရင်စွမ်းအင်တွေယုတ်လျော့သွားသလိုဖြစ်ပြီး အိမ်ပြန်ဖို့ပဲတွေးနေတတ်တယ်။ တစ်ယောက်တည်းပြန်နေပြီးစွမ်းအင်တွေပြန်ဖြည့်ဖို့ ကြိုးစားတော့တာပါပဲ။
(၇)သူတို့ခင်ရတဲ့သူတွေ တကယ်ချစ်ရတဲ့သူတွေနဲ့ စကားပြောရင်စကားပြောကောင်းသူတွေဖြစ်ကြပေမယ့် လူအများကြီးနဲ့ စကားပြောတဲ့အခါမှာတော့ စကားပြောညံ့ဖျင်းသွားတတ်ကြပါတယ်။
(၈) Introvertရဲ့တခြားလူတွေနဲ့မတူတဲ့ ထူးခြားတဲ့နောက်တစ်ချက်ကတော့ သူတို့တွေဟာ နားထောင်မှုစွမ်းရည်မြင့်မားတဲ့ good Listener တွေဖြစ်နေလို့ပဲ၊ နည်းနည်းပြောပြီး များများနားထောင်ကြပါတယ်။ သူတို့ဟာ အကြောင်းအရာတစ်ခုကို စိတ်ဝင်တစားနားထောင်တတ်သူတွေ ဖြစ်တဲ့အတွက်သူတို့ဆီမှာ ပြောနေသူတွေထက် အကြံဉာဏ်ကောင်းတွေ ရှိတတ်ကြပါတယ်။
(၉)Introတွေဆီမှာထူးခြားတဲ့အချက်တွေတော်တော်များများရှိပေမယ့် ဒီအချက်လေးကလည်း တမူထူးခြားနေပါတယ်။ Introတွေဟာ သူတို့မသိပဲဝင်လာတဲ့ဖုန်းဆို ကိုင်လည်းမကိုင်ဘူး ပြောလည်းမပြောဘူး။ သူတို့ချစ်သူ ရည်းစားနဲ့တောင် ၃၀မိနစ်ကျော်လာရင် မပြောချင်တော့ပါဘူး။
(၁၀) နောက်သူတို့ကို လူ့ကလန့် ပေါင်းရသင်းရခက်တယ်လို့ထင်စေတဲ့အချက်က သူတို့ မမျှော်လင့်ထားပဲ ဧည့်သည်အဖြစ်ရောက်လာတာမျိုးတွေမကြိုက်ကြပါဘူး။ သူတို့က သူတို့ဘာသာ အချိန်ဇယားနဲ့သူ့အတွေးနဲ့သူသွားနေတာဖြစ်တဲ့အတွက်အာ့လို မမျှော်လင့်ပဲ ရောက်သွားရင် သင့်ကို ကြိုဆိုဖို့ အဆင်သင့်ဖြစ်နေမှာမဟုတ်ပါဘူး။
(၁၁) လူအများကြီးနဲ့မဟုတ်ပဲ တစ်ယောက်တည်းလုပ်ရတဲ့အလုပ်တွေမှာ အာရုံစူးစိုက်မှုကောင်းကောင်း ဇွဲကြီးကြီးနဲ့ အချိန်အကြာကြီး လုပ်နိုင်စွမ်းရှိတယ်။
(၁၂)Introတွေရဲ့ထပ်ပြီးထူးခြားချက်ကတော့ တခြားလူတွေမမြင်ပဲ ကျော်သွားတဲ့အချက်တွေ အိုင်ဒီယာတွေကို အကင်းပါးပါးနဲ့မြင်တတ်တာပါ။ သူတို့ရဲ့ ထိုးထွင်းသိမြင်မှုအရ တခြားလူတွေ မျက်စိလျမ်း လမ်းချော်သွားတာတွေကို သူတို့ကတွေ့တတ်ကြပါတယ်။
(၁၃)Introတွေရဲ့နောက်ထပ်ထူးခြားတဲ့ဝိသေသက လူတော်တော်များများက တခြားလူတွေစိတ်ဝင်စားဖို့ အထင်ကြီးခံရဖို့ အလေးဂရုပြုဖို့Attentionရှာကြတာမျိုးကို Introvertsတွေက မကြိုက်တာပါပဲ။ အဲ့ဒီလို Attentionလာရှာတဲ့လူတွေကြောင့်လည်း သူတို့က စိတ်အနှောင့်အယှက်ဖြစ်နေတတ်ပါတယ်။
(၁၄)Introvert တွေဟာ တစ်ကိုယ်ရေနေထိုင်ပြီး သူတို့စိတ်ရဲ့ အနက်ရှိုင်းဆုံးကနေ အတွေးတွေကို စူးစမ်းရှာဖွေနေလေ့ရှိတဲ့အတွက် အတွေးသစ်၊ စိတ်ကူးသစ်တွေအမြဲရရှိလေ့ရှိကြပါတယ်။ တီထွင်ဖန်တီးမှုဉာဏ်အားကောင်းတဲ့အတွက် Intro vert တွေဆီကအိုင်ဒီယာအသစ်တွေ အမြဲလိုလိုထွက်လာတတ်ပါတယ်။
နောက်ဆုံးအတွေး
Extroတွေက လူတွေနဲ့လိုက်လျောညီထွေနေတတ်ပြီး လူချစ်လူခင်အရမ်းပေါကြတယ်။ Introကတော့ လူများလာပြီဆိုပြေးဖို့အပေါက်ရှာပြီ။ စွမ်းအင်တွေကျလာပြီ တိတ်ဆိတ်သွားကြပြီ ။ ဒီလိုဖြစ်တတ်တာကို သူတို့ကိုသူတို့လည်း မကျေနပ်တတ်ကြဘူး။ သူတို့စိတ်ထဲမှာ Extroတွေကို ပေါ့ပေါ့ပါးပါး ဖော်ဖော်ရွေရွေ စကားတွေပြောပြီး အခြေအနေတွေကို ထိန်းထားနိုင်စွမ်းရှိတဲ့ လူတစ်ယောက်ဖြစ်ချင်တယ်။ လူတွေက ဝိုင်းသဘောကျ ဝိုင်းချစ်တာကို ခံချင်ပေမယ့် သူအဲ့ဒါကို မလုပ်တတ်ပါဘူး။
တစ်ကယ်က Introvert တွေကလည်း လူအများနဲ့ပေါင်းသင်းဆက်ဆံကြပါတယ်။ ဒါပေမယ့်လူအများနဲ့ပေါင်းသင်းဆက်ဆံချိန်ဟာကြာမြင့်သွားရင်သူတို့ ကိုယ်ပိုင်စွမ်းအင်တွေ ကျဆင်းသွားတဲ့အတွက် အဲဒီလျော့သွားတဲ့စွမ်းအင်ကိုပြန်ဖြည့်ဖို့ Intro တွေဟာတစ်ယောက်တည်းနေချိန်တွေကို ပြန်လည်ဖန်တီးပြီး တစ်ကိုယ်ရည်နေထိုင်ကြရသူတွေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဟာExtrovertတစ်ဦးဖြစ်နေခဲ့ရင်တောင် Introvert တွေကို တန်ဖိုးထားနားလည်တတ်ဖို့လိုပါတယ်။
Introvert တွေဟာ နက်နက်နဲနဲတွေးသလို နက်နက်နဲနဲ ချစ်တတ်ကြသူတွေဖြစ်ပါတယ်။ တစ်ကိုယ်တည်းနေထိုင်ခြင်း အနု ပညာကို ကျွမ်းကျင်ပိုင်နိုင်တဲ့ ပရော်ဖက်ရှင်နယ်ပညာရှင်တွေဖြစ်ကြပါတယ်။ တိတ်တိတ်လေးစိတ်ကျနေသူတွေ မဟုတ်ပါဘူး။ တိတ်တဆိတ် တစ်ကိုယ်ရေစွမ်းအင် ဖြည့်နေသူတွေပဲဖြစ်ပါတယ်။
ကမ္ဘာမှာ အောင်မြင်ကျော်ကြားတဲ့ စိတ်ပညာရှင်ကြီးတွေ သိပ္ပံပညာရှင်ကြီးတွေမှာ Introvertsတွေများပါတယ်။ ကဲဒီတော့ သင်ဟာ ဘယ်လိူလူ အမျိုးအစားလဲ ဆိုတာ ဒီလောက်ဆို ခွဲခြားနိုင်မယ်ထင်ပါတယ်။ ကိုယ်က Introတစ်ယောက်စစ် မစစ် အပေါ်ကအချက်တွေနဲ့စစ်ဆေးကြည့်လိုက်ပါ..
#Lifestyle_Myanmar
#Mg_Htet
REF_Power Of possitivity