ဘယ်တော့မှ ကြိုးကိုင်ခြယ်လှယ်မခံရနိုင်အောင် ရှောင်ကြဉ်နိုင်မယ့်နည်းလမ်း(၄)သွယ်
lifestylemyanmar.com
|
2020-04-09



၁။ ပြဿနာကို ဖော်ထုတ်ပြီးဖြေရှင်းပါ

ကိုင်တွယ်ပုံအား စနစ်တကျကိုင်တွယ်နိုင်ဖို့ ပထမဦးဆုံးလုပ်ရမယ့် အဆင့်က ၎င်းကို ဘယ်လိုရှာဖွေရမယ်ဆိုတာ လေ့လာဖို့ပဲဖြစ်ပါတယ်။ မိမိကိုယ်ကို အန္တရာယ်က ကာကွယ်ဖို့ သင်အလိုရှိတယ်ဆိုရင် သင်သတိထားသင့်တဲ့ ခြယ်လှယ်မှုပုံစံအမျိုးမျိုးရှိပါတယ်။ အချို့သော ကြိုးကိုင်ခြယ်လှယ်သူတွေက သင့်ကိုလိုအပ်လျှင် ဖုန်းခေါ်လိမ့်မယ်လို့ မျှော်လင့်နေတဲ့အချိန်မှာ သူတို့က သူတို့လိုအပ်ချက်တွေကို ဦးစားပေးနေတတ်ပါတယ်။ ဆိုလိုတာက သင့်ကို လိုအပ်တယ်ဆိုရင်တောင် သင့်ကို သူတို့အကူအညီမတောင်းပဲ လာလုပ်ပေးစေချင်တဲ့ သဘောမျိုးပါ။ တစ်ချို့လူတွေကတော့ သင်မလုပ်ခဲ့တဲ့အရာတွေအတွက် သင့်ကို အပြစ်တင်ဖို့ အသင့်ရှိနေတတ်ကြတယ်။




၂။ မေးခွန်းတွေ မေးပါ

ခြယ်လှယ်မှုဆိုတာ သင့်ကိုထိန်းချုပ်ဖို့ ကြိုးစားခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ကို မေးခွန်းတွေမေးခြင်းက သင့်အပေါ် သူတို့ရဲ့ဩဇာလွှမ်းမိုးမှုကို လျှော့ချပစ်ဖို့ အဓိကအညှာကို ကိုင်မိခြင်းဖြစ်ပါတယ်။ သင့်အနေနဲ့ သူတို့က သင့်ဆီက အဓိကဘာလိုချင်တယ်ဆို အတိအကျသိရဖို့ အသေးစိတ်မေးမြန်းအာဖြင့် သူတို့ရဲ့ အမှန်တကယ်ရည်ရွယ်ချက်တွေကို မြင်တွေ့နိုင်ပြီး ၎င်းတို့မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ပါလိမ့်မယ်။




၃။ No လို့ပြောတတ်ဖို့ သင်ယူပါ

ဒီအချက်က အသုံးချမခံရဖို့ အကောင်းဆုံးလက်နက်ဖြစ်နိုင်ပါတယ်။ သင့်ကို ထိန်းချုပ်ဖို့ ကြိုးစားနေသူအား သင်ငြင်းဆိုသောအခါ ၎င်းတို့အား ထိန်းချုပ်မှု ဆုံးရှုံးစေပြီး ထိတ်လန့်စေလိမ့်မယ်။ သူတို့က မင်းနဲ့စပြီး တိုက်ခိုက်မယ်။ ဒါ့အပြင် သူတို့ကို အခြားသူတွေရှေ့မှာ လက်စားချေဖို့ သင့်မကောင်းကြောင်း အတင်းပြောဆိုဖို့ ကြိုးစားပါလိမ့်မယ်။ ဒီအချက်တွေကို မျှော်လင့်ထားပါ။ သူတို့ထဲက တစ်ချို့ကတော့ သင့်ကို ဘယ်တော့မှ စကားပြောတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကပဲ အကောင်းဆုံးမဟုတ်ပါလော။




၄။ သင့်အချိန်ကို ပညာရှိစွာ အသုံးချပါ

သင့်အနေနဲ့ ”No”လို့ ပြောဖို့ အခက်အခဲတွေရှိမယ်ဆိုရင် သင့်အချိန်ကို အကျိုးရှိရှိအသုံးချပါ။ ဥပမာအားဖြင့် သင့်အနေနဲ့ သူတို့မေးခွန်းတွေကို စဉ်းစားဖို့သင်အချိန်လိုကြောင်း ပြောပါ။




အထက်မှာဖော်ပြခဲ့တဲ့အရာတွေက အခြေအနေတွေကို ထိန်းချုပ်ဖို့နှင့် ခြယ်လှယ်မှုတွေကို တိမ်းရှောင်နိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

Ref-iheart




Some text some message..