ချစ်ခင်ပွန်းနဲ့သားလေးမပျင်းရအောင် အိမ်ရဲ့အပေါ်ဆုံးထပ်မှာ Family picnic dinnerလေးစီစဉ်ပေးလိုက်တဲ့ ဆုပန်ထွာ
myanmarload.com
|
2020-04-11



ဆုပန်ထွာတို့မိသားစုလေးကတော့ အနုပညာရှင်မိသားစုတွေထဲမှာ ပရိသတ်တွေချစ်ခင်ရတဲ့ မိသားစုတစ်စုပဲဖြစ်ပါတယ်နော်။ဆုပန်ထွာကလည်း သားချောလေးတစ်ယောက်ကိုမွေးဖွားထားပြီး ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးဖြစ်အောင် အဘက်ဘက်ကနေ ဂရုစိုက်စောင့်ရှောက်ပေးနေတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်သလို သူမရဲ့ခင်ပွန်း ကိုဥက္ကာကျော်ကလည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသပါတယ်။





Roar Roarလေးကလည်း (၃)နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီး စကားလေးတွေလည်းတီတီတာတာပြောဆိုတတ်ကာ အရမ်းချစ်စရာကောင်းတဲ့ကလေးလေးဖြစ်ပါတယ်။မေမေဆုပန်ထွာကလည်း သားလေးကို သေချာသင်ကြားပြသပေးတာကြောင့် Roar Roarလေးက လိမ္မာရေးခြားရှိပြီး ဒီအရွယ်လေးနဲ့ မေမေ့ကိုအိမ်အလုပ်တွေကူလုပ်ပေးနေပြီဖြစ်တဲ့ သားလိမ္မာလေးပါနော်။






အခုချိန်မှာဆိုရင် ဆုပန်ထွာတို့မိသားစုကတော့ အိမ်ထဲမှာပဲနေပြီး ကျန်းမာရေးကို အထူးဂရုစိုက်နေကြတာဖြစ်ပါတယ်။မေမေဆုပန်ထွာကလည်း သားလေးနဲ့ချစ်ခင်ပွန်းမပျင်းရလေအောင် family dinnerလေးလုပ်ပေးတာဖြစ်ပါတယ်။ကိုဥက္ကာကျော်ကတော့"Locked Down တယ်ဆိုတော့ အပေါ်ဆုံးထပ်မှာ မိသားစုစားဖို့တဲ့ မာမားက Family Picnic Dinner လေးစီစဉ်ပေးတယ်။ မိန်းမက ဒီလိုချစ်စရာတွေကောင်းတာ...ကျေးဇူးပါ မာမားရေ "ဆိုပြီး ပုံလေးတွေမျှဝေလာတာဖြစ်ပါတယ်။






Some text some message..