ကိုယ့်ကို ပထမဆုံးတွေ့တွေ့ချင်း တဖက်လူရဲ့ လေးစားမှုရစေဖို့နည်းလမ်းတွေ
mystylemyanmar.com
|
2020-04-20

လူတစ်ယောက်ကို ပထမဆုံးတွေ့တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ အင်တာဗျူးပထမဆုံးသွားဖြေတဲ့အချိန်မှာပဲဖြစ်ဖြစ် Impression ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။
ကိုယ့်ရဲ့ ဝတ်ပုံစားပုံ စကားပြောဆိုပုံကအစ လူတစ်ယောက်က လေးစားသွားအောင်၊ သင့်နဲ့အတူဆက်ပြီး အလုပ်လုပ်ချင်၊ ပေါင်းသင်းချင်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

၁။ စကားစပြောလိုက်ပါ




ကိုယ်ပထမဆုံး အလုပ်ဆင်းတဲ့နေ့မှာဖြစ်ဖြစ်၊ အင်တာဗျူးသွားတဲ့အခါပဲဖြစ်ဖြစ်၊ လူတစ်ယောက်နဲ့ ပထမဆုံးတွေ့တဲ့အခါ စကားစပြောလိုက်ပါ။

၃။ လက်ဆွဲနှုတ်ဆက်ခြင်း




လက်ဆွဲနှုတ်ဆက်တဲ့အခါမှာ အခုဖော်ပြထားတဲ့ လက်ဆွဲနှုတ်ဆက်ပုံ ၃ ခုထဲက အမှန်ပြထားတဲ့ပုံအတိုင်းနှုတ်ဆက်ပါ။

၄။ စီးပွားရေးအကြောင်းနဲ့ သင်စိတ်ဝင်စားတဲ့အကြောင်းကိုပါထည့်ပြောပါ




အဲဒီလိုပြောတဲ့အခါမှာ သူရော စိတ်ဝင်စားနိုင်မယ့်အကြောင်းအရာကို ရွေးပြောသင့်ပါတယ်။

၅။ နွေးနွေးထွေးထွေးဆက်ဆံပါ




ရင်းရင်းနှီးနှီးစကားပြောပါ။ ကိုယ်နဲ့ ပထမဆုံးတွေ့တဲ့သူကို နွေးနွေးထွေးထွေးဆက်ဆံပါ။

၆။ အမှားလုပ်မိမှာမကြောက်ပါနဲ့




ကိုယ့်ကို အထင်သေးသွားမှာစိုးလို့ဆိုပြီး အမှားလုပ်မိမှာကြောက်နေတာဟာ သင့်ကိုယ်သင် ယုံကြည်မှုမရှိရာကျပါတယ်။ သင့်ပုံစံကလည်း သင့်ကိုယ်သင်ယုံကြည်မှုရှိတဲ့ပုံပေါက်နေမှာမဟုတ်ပါဘူး။ ဒါ့ြောင့် အမှားလုပ်မိမှာမကြောက်ပါနဲ့။ တခြားသူက သင့်ကို ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်ကို ရယူပါ။

၇။ ကြိုတင်ပြင်ဆင်ပါ




အစည်းဝေးပွဲရှိတဲ့အခါ (သို့) တခြားသူတွေနဲ့ ပထမဆုံး တွေ့ဆုံစကားပြောတဲ့အခါ စကားလုံးတွေ ချောချောချူချူဖြစ်စေဖို့ ကြိုပြီးလေ့ကျင့်ပါ။

၈။ သင့်ကိုယ်သင်လေးစားပါ




လူသစ်တွေနဲ့တွေ့တဲ့အခါ သင့်ကိုယ်သင်လေးစားတဲ့အနေနဲ့ ယုံကြည်မှုရှိရှိနေပါ။ အာရုံတွေစုထားပါ။ လွတ်လွတ်လပ်လပ်နေပါ။


The post

ကိုယ့်ကို ပထမဆုံးတွေ့တွေ့ချင်း တဖက်လူရဲ့ လေးစားမှုရစေဖို့နည်းလမ်းတွေ appeared first on

MyStyle Myanmar .




Some text some message..