အိမ်မှာနေသူတိုင်း Try ကြည့်သင့်တဲ့ Pillow Challenge
moda.com.mm
|
2020-04-25

COVID-19 ရဲ့ ရိုက်ခတ်မှုကြောင့် နိုင်ငံအနှံအပြားရဲ့ မြို့ပြကြီးတွေလည်း အကုန်တိတ်ဆိတ်ငြိမ်သက်ကုန်တယ်။ လမ်းမကြီးတွေလည်းရှင်းလင်းပြီး လူတွေအကုန်လုံးလည်း အိမ်ထဲမှာပဲ Stuck ဖြစ်ကုန်ကြတယ်။ အဲ့ဒါကြောင့်ပဲ Lifestyle တွေကလည်း Digital ဘက်ကိုပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာကြတယ်။ အဝတ်အစားဝတ်ဆင်မှုတွေကလည်း အရင်က Jeans တွေ၊ Suit တွေနေရာမှာအိမ်မှာဝတ်လို့အဆင်ပြေတဲ့ ပေါ့ပေါ့ပါးပါး Jogger တွေ၊ Leggings တွေ နဲ့ Hoodies တွေကို အစားထိုးလာကြတယ်။ ဒီလိုနဲ့ပဲ ဘာပိုက်ဆံမှမကုန်ကျပဲနဲ့ အိမ်မှာရှိပြီးသား Home Décor ပစ္စည်းတစ်ခုဖြစ်တဲ့ ခေါင်အုံး(Pillow) တစ်လုံးရှိတာနဲ့ ပါဝင်လို့ရတဲ့ Challenge တစ်ခုပေါ်လာပါတယ်။ အဲ့ဒါကတော့ Pillow Challenge ပါ။
Swedish Instagram Fashion Influencer နှစ်ယောက်ဖြစ်တဲ့ @myforteisfashion နဲ့ @stylebynelli တို့ကသူမတို့ နေအိမ်မှာ Pillow ကို ခါးပတ်နဲ့တွဲချည်ပြီး Dress လိုဝတ်ဆင်ထားတဲ့ Post လေးကို #PillowChallenge #StayAtHome ဆိုပြီး Challenge စခေါ်ခဲ့တာပါ။ အဲ့နောက်မှာတော့ Fashion Influencer တွေ၊ Blogger တွေနဲ့ နာမည်ကျော် Celebrity တွေဖြစ်တဲ့ Halle Berry၊ Anne Hathaway တို့ပါ ဒီ Challenge ကိုပါဝင်လာကြပါတယ်။ မြန်မာနိုင်ငံမှာလည်း မင်းသမီး Patricia တို့ Warso Moe Oo တို့အပြင်တခြားမော်ဒယ်လေးတွေလည်း ဒီ Challenge မှာပါဝင်လာတာကိုတွေ့ရပါတယ်။ Blogger တွေ၊ Influencer တွေရဲ့အမိုက်စား Pillow Challenge Post လေးတွေထဲက အမိုက်ဆုံး Challenge Post တွေကိုလည်း ရွေးချယ်ပေးလိုက်ပါတယ်။
Innovative လည်းဖြစ်သလို ပျော်စရာကောင်းတဲ့ ဒီ Pillow Challenge လေးကို အတူတူပါဝင်ဖို့ Challenge ခေါ်ချင်တဲ့ သူငယ်ချင်းတွေကိုလည်း Share or Mention လုပ်လိုက်ပါဦးနော်။
သင့်ရဲ့အမိုက်စား Pillow Challenge ပုံလေးအောက်မှာ #PillowChallenge #StayAtHome ဆိုပြီး Hashtag လေးနဲ့တင်ဖို့လည်းမမေ့နဲ့နော်။




Some text some message..