မိန်းကလေးတိုင်းမှာရှိထားသင့်တဲ့ Dress (၇) ထည်
moda.com.mm
|
2020-05-04

ဖက်ရှင်ကိုရူးသွပ်တဲ့ မိန်းကလေးတွေအဖို့ အဝတ်အစားတွေရွေးချယ်ရတာလည်း နေ့တိုင်း Struggle တစ်ခုလို ပါပဲ။ ဒါပေမယ့် အပေါ်အောက်တစ်ဆက်တည်း Dress တွေက သင့်ရဲ့အသွင်အပြင်ကိုပိုပြီး ဖက်ရှင်ကျစေသလို အပြင်သွားခါနီး ဘာဝတ်ရမှန်းမသိတဲ့ အချိန်တွေကိုလည်း သက်သာစေမှာပါ။
Dress တွေက Casual ထသွားထလာကစလို့ ပွဲတက်ဂါဝန်အထိ မရှိမဖြစ် ဗီဒိုထဲမှာလိုအပ်တဲ့ Essential Dress လေး ၈ ထည်ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ Dress လေးတွေက Outfit Style တစ်မျိုးထက်ပိုပြီး ဝတ်ဆင်လို့ရသလို တကယ် Price-worthy ဖြစ်တဲ့ Dress လေးတွေလို့ပြောလို့ရပါတယ်။
သင့်ရဲ့ Closet က ဒီ Essential Dress လေး (၇) ထည်ရှိရင် တစ်ဝက်နီးပါး Perfect ဖြစ်နေပါပြီနော်..။


Little Black Dress (LBD)
ဒါလေးကတော့ ရှေးနှစ်ပေါင်း 1920 တည်းက Chanel ရဲ့ပဲ့ကိုင်ရှင် Coco Chanel ကိုယ်တိုင်တိုက်တွန်းထားတဲ့ Dress လေးပါ။ စွဲစောင်မှုရှိပြီး ဖက်ရှင်ကို ချစ်မြတ်နိုးတဲ့မိန်းကလေးတိုင်း အနည်းဆုံး Black Dress လေးတစ်ထည်တော့ ရှိသင့်ပါတယ်။ Dinner Date ကစလို့ Special Event တွေအထိ သင့်ရဲ့ အလှကို ရာနှုန်းပြည့် Elegant ဖြစ်အောင်ပံ့ပိုးပေးပါတယ်။ ဘယ်အချိန်ပြန်ဝတ်ဝတ်လည်း ရိုးသွားတယ်လို့ကိုရှိမှာမဟုတ်ဘူး။ တကယ်လို့ Meeting တွေ၊ Officewear အနေနဲ့ဝတ်ချင်တယ်ဆိုရင်လည်း အပေါ်ကနေ Blazer Coat နဲ့ဆိုလိုက်ဖက်ပါတယ်။



Shirt Dress
Shirt Dress ကတော့ ရှင်းပါတယ်။ Collered ပါတဲ့ လက်ရှည် Shirt ကို အရှည်ပုံစံချုပ်ထားတဲ့ Dress မျိုးလေးပါ။ Shirt Dress တွေက အများအားဖြင့် Cotton နဲ့ Linen သား Fabric သားတွေနဲ့ ထွက်ရှိထားပါတယ်။ ခပ်ပွပွလေးနဲ့ ရိုးရိုးရှင်းရှင်းလေးမို့ Minimalist Style ကိုကြိုက်တဲ့ မိန်းကလေးတို့အတွက် အထူးကြိုက်နှစ်သက်မယ့် Dress အမျိုးအစားပါ။ သူ့အတိုင်းပွပွလေးဝတ်လို့ရသလို ခါးမှာ ခါးပတ်နဲ့ဖြစ်ဖြစ် Ribbon Tie လိုဖဲကြိုးချည်ပြီးဝတ်ရင်လည်း လှပါတယ်။ ဖိနပ်ဆိုရင်လည်း Formal Pumps Heels တွေကစလို့ Leather Ankle Boots တွေအဆုံး အားလုံးနဲ့ လိုက်ဖက်တာမို့ မရှိမဖြစ် ဝယ်ထားသင့်ပါတယ်။



The Work Dress
ဒါကတော့ Formal Dress လို့လည်း တစ်နည်းခေါ်ကြပါတယ်။ ဒီလို Dress ကတော့ အရောင်ဆိုရင် Neutral ကာလာတွေများပြီး တကယ်လို့သင့်က Bold ဖြစ်တဲ့ အရောင်လေးတွေမှ ကြိုက်တယ်ဆိုရင်လည်း အရောင်ဆန်းဆန်း Formal Dress လေးတွေရှိပါတယ်။ Work Dress တွေကလုံလုံခြုံခြုံနဲ့ Smart ဖြစ်တဲ့အသွင်ကိုပေးနိုင်တာမို့ လုပ်ငန်းခွင်ဝင်တဲ့အမျိုးသမီးတိုင်းမှာတော့ ရှိထားသင့်ပါတယ်။ ဒူးအောက်ရောက်တဲ့ A-Line Dress လေးတွေ၊ Pencil Dress လေးတစ်ထည် တော့ Closet ထဲအမြန်ထည့်ထားလိုက်တော့နော်။



T-Shirt Dress
ထသွားထလာပဲဖြစ်ဖြစ်၊ Groccery Shopping ထွက်တာဖြစ်ဖြစ်၊ Music Concert သွားတာပဲဖြစ်ဖြစ် အလိုအပ်ဆုံးက Oversized T-Shirt Dress လေးပါ။ တစ်ချို့ကတော့ Plain T-Shirt Dress လေးတွေကို နှစ်သက်ကြပြီး တကယ်တော့ ပုံတွေ၊စာတန်းတွေပါတဲ့ Graphic Print T-Shirt Dress တွေကပိုပြီးမိုက်ပါတယ်။ သူကလေဝင်လေထွက်ကောင်းပြီး သက်တောင့်သက်သာရှိပါတယ်။ သူ့အတိုင်းမဝတ်ချင်ရင်လည်း Pullover နဲ့ဝတ်ဝတ်၊ Denim Skirt ထဲပဲထည့်ဝတ်ဝတ် အထာကျတဲ့ Edgy ဖြစ်တဲ့ Look လေးဖြစ်အောင်လည်း Styling လုပ်ကြည့်လို့ရပါတယ်။ Miley Cyrus၊ Hailey Bieber နဲ့ Rita Ora တို့ကိုဆို T-Shirt Dress တွေအမြဲဝတ်ဆင်တာတွေ့ရမှာပါ။



Flirty Floral Dress
ဒီ Dress လေးတွေကိုတော့ မကြိုက်တဲ့မိန်းကလေးရှိမယ်မထင်ပါဘူး။ Floral နဲ့ဆက်စပ်တဲ့အဆင်တွေကလည်း Fashion Industry ထဲမှာ Brand မျိုးစုံက Season အလိုက် Floral Dress တွေကို အပြိုင်အဆိုင်ထုတ်လုပ်နေကြပါတယ်။ Floral Dress ကိုမှလည်း Midi Dress၊ Mini Dress၊ Off-Shoulder Dress၊ Ruffle Dress၊ Drawstring Dress မျိုးစုံကိုထွက်ရှိထားပါတယ်။ အရေးကြီးတာ သင့် Body နဲ့ အံဝင်ခွင်ကျဖြစ်ပြီး ကိုယ်အချိန်တိုင်းကြိုက်နှစ်သက်နေမယ့် Floral Print Dress ဖြစ်ဖို့ပါပဲ။ ဒီလို ချစ်စရာကောင်းတဲ့ Floral Dress လေးတစ်ထည်လောက်ရှိတယ်ဆိုရင် ချစ်သူနဲ့ Dinner Date ပဲသွားသွား၊ Art Exhitbition ပဲသွားသွား၊ သူငယ်ချင်းတွေနဲ့ပဲ Hangout လုပ်လုပ် မိန်းကလေးဆန်ဆန်လေး Style ကျလှပနေမှာပါ။



Maxi Dress
Maxi Dress တွေကတော့ ခရီးသွားတဲ့အခါတွေမှာ၊ အရမ်းကြီးဖက်ရှင်အတွက် Effort မထုတ်ချင်တဲ့နေ့တွေမှာလည်း ရိုးရိုးလေးနဲ့ မိုက်နေစေမယ့် Dress တွေပါ။ ပြီးတော့သူက ပေါ်က ကြိုက်နှစ်သက်ရာ Jacket တွေ၊ Coat တွေနဲ့ Mix and Match လုပ်လို့ရသလို ဖိနပ်ကိုလည်း Sandal နဲ့တွဲမလား၊ Sneaker နဲ့တွဲမလား၊ Ankle Boots နဲ့တွဲမလား ဘယ်လိုတွဲစီးစီးလိုက်တဲ့ Outfit လေးမို့ အနည်းဆုံးတစ်ထည်လောက်တော့ ရှိထားသင့်ပါတယ်။ ဒါကိုမှ နည်းနည်းရိုးနေသေးတယ်ထင်ရင် Sunglasses တွေ၊ Accessories တွေနဲ့ ထပ်ဖြည့်ပြီး Styling လုပ်လို့ရပါသေးတယ်။



Bodycon Dress
Kardashian တို့ Jenner တို့ညီအစ်မတွေရဲ့ အကြိုက်ဆုံး Dress တွေလို့ဆိုရင် Bodycon Dress တွေပါပဲ။ ဟုတ်ပါတယ်။ တကယ်လည်း Bodycon Dress တွေထက် Sexy ဖြစ်တဲ့ Dress မရှိပါဘူး။ Chunky Sneaker တွေ၊ Ankle Heels တွေနဲ့တွဲဝတ်ရင်လည်းအရမ်း ဆွဲဆောင်မှုရှိပါတယ်။ ဒါပေမယ့် ဒီလို Dress ကို ဝတ်မယ်ဆိုရင်အထဲက ဝတ်တဲ့ Underwear ကို Streamless (ကြိုးအရာမပေါ်တဲ့) Panties တွေ၊ Wireless T-Shirt Bra တွေနဲ့ဝတ်ဆင်ဖို့တော့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတရားတွေကို Bodycon Dress လေးဝတ်ပြီး ယုံကြည်မှုရှိရှိသာ ဖော်ပြလိုက်ပါ။





Some text some message..