၅ ဂဏန်းသမားများအကြောင်း
trend.com.mm
|
2020-05-07

မည်သည့်လတွင်မဆို ၅၊ ၁၄၊ ၂၃ ရက်နေ့တွင် မွေးသူများသည် ၅ ဂဏန်းသမားများ ဖြစ်ကြသည်။
ငါးဂဏန်းသမားတွေဟာ လောကဓံတရားကို ခံနိုင်ရည်ရှိတယ်။ ရေရှည်ဇွဲသတ္တိနည်းတယ်။ လူမှုဆက်ဆံရေး အလွန်ကောင်းတတ်တယ်။ ကိုယ်မနှစ်သက်ရင်တောင် အလွန်အတိုက်အခံပြုခဲတယ်။ ရန်ကို ရှောင်ရှားတတ်တယ်။ နှုတ်သွက်တယ်။ စကားပြောကောင်းတယ်။ အာဝဇ္ဇန်း ကောင်းတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။ သူတစ်ပါးအပေါ် လွှမ်းမိုးလိုစိတ်နည်းတယ်။ အမိန့်သြဇာပေးလိုမှု နည်းတယ်။ လူ့အခွင့်အရေးကို လေးစားတယ်။ ဒါကြောင့် (5)ဂဏန်းသမား အာဏာရှင်ဖြစ်တာ မရှိသလောက် ရှားပါတယ်။ (5)ဂဏန်း သမားတွေထဲမှာ ဘုရင်တွေ၊ ဘုရင်မတွေ ရှိပေမယ့် သူတို့ဟာ မျိုးရိုးအစဉ်အဆက်အရဖြစ်ကြသူတွေဖြစ်ပြီး သူတို့လက်ထက်မှာ လည်း ဖိနှိပ်မှုတွေ သိပ်နည်းပါတယ်။

နောက်ပြီး သူတို့ဟာ အသုံးအစွဲကြီးပြီး လက်ဖွာသူများဖြစ်တယ်။ သူများကိုလည်း အလွယ်တကူ စွန့်ကြဲပေးကမ်း တတ်ကြတယ်။ အကောင်းစား ဇိမ်ခံပစ္စည်းတွေကို ခုံမင်နှစ်သက်တတ် တယ်။ သူတို့ဟာ မရှိလည်းပျော်ပျော်၊ ရှိလည်း ပျော်ပျော် နေတတ်သူတွေဖြစ်တယ်။ စည်းကမ်းသေဝတ်မှု နည်းတယ်။ တစ်ချို့ဆိုရင် ဗရမ်းဗတာ နေတတ်ထိုင်တတ်တာမျိုး တွေလည်း တွေ့ရတယ်။ ဉာဏ်ကောင်း၊ ဖြတ်ထိုးဉာဏ် ကောင်းပေမယ့် စီမံခန့်ခွဲမှုမှာတော့ အားနည်းညံ့ဖျင်း တတ်သူတွေ ဖြစ်တယ်။

(5)ဂဏန်းသမားတွေဟာ လူမှုဆက်ဆံရေးလည်းကောင်း၊ အပေါင်းအသင်းလည်းများ၊ စကားပြောလည်း ကောင်းတတ် သူတွေဖြစ်လို့ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဆန့်ကျင်ဘက်လိင် တွေရဲ့ သဘောကျမှုကို ခံရတတ်သူတွေဖြစ်တယ်။ ဒါကြောင့် အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေ ရှုတ်ထွေး တတ်ကြတယ်။ အိမ်ထောင်မကျခင်မှာ အချစ်ရေးရှုတ်ထွေးပြီး ရည်းစားများ တတ်ကြသူတွေဖြစ်တယ်။

*မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..*

*မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..မင်းဟာ
စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..*

*ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.

*တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မဲ့သူပါ..

*ပြီးတော့ ဟာသဉာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..

*မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..*

*တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ… မင်းဟာ နည်းနည်းတော့
မြှာပွေတက်ပေမယ့်..*
*ဘဝကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ
ရွေးချယ်တက်သူပါ…*

*မင်းဟာ လက်ထပ်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်..
သတိထားရမယ်အချက်ကတော့*

*မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့
ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်…*

*မင်းဟာ လူတိုင်းနဲ့ ပလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ
အလယ်ဂဏန်း ဖြစ်နေလို့ပဲ..

*ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့
မျက်နှာပိုင်ရှင်ပေါ့…*

*အတွေ့အကြုံကနေ မင်းဘဝကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..*

*မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့…*

*မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့…. 1, 2, 9. သင့်တော်တဲ့သူကတော့. 6, 8။

နောက်ဆုံးအနေနဲ့ ၅ ဂဏန်းသမားတွေဆိုတာ နေရာတကာစပ်စပ်နဲ့ပါနေတဲ့ ဂျိုကာလိုပါပဲ။
ဗုဒ္ဓဟူးဂြိုဟ် စိုးမိုးနေပါတယ်။ အသိဉာဏ်ကြွယ်ဝတာ၊ သွက်လက်ချက်ချာတာ၊
ပရိယာယ်ကြွယ်ဝတာ၊ ပျော်ပျော်နေတာ၊ စကားများတာ၊
စာရေးသားကောင်းတာ၊ရောက်ရာမှာတွေ့တဲ့သူနဲတည့်အောင်ပေါင်းတတ်တာ၊
ဖင်မငြိမ်တာတွေနဲ့ ငွေရှာကောင်းတာတွေကတော့ ၅ သမားရဲ့သင်္ကေတတွေပါပဲ၊
ITနည်းပညာရပ်ကြီးကိုကိုယ်စားပြုထားသလို ကုန်သည်ပွဲစား၊
သိပ္ပံပညာ၊ဗေဒင်ပညာ၊ဆေးပညာတွေနဲ့လည်း ဆက်သွယ်ထားပါတယ်။
လက်သန်းလေးတွေကောက်ကွေ့မယ်။ လက်သန်းအောက်က ဗုဒ္ဓဟူးဂြိုဟ်ခုံလည်း
အားနည်းညံ့ဖျင်းမယ်၊ ပြီးတော့ ၅ ဂဏန်းသမားလည်းဖြစ်ရင်တော့
သတိထားသာပေါင်းပေတော့။ စကားအင်မတန်လှအောင်ပြောတတ်သူ၊
ပုံပြောကောင်းသူကြီးတွေ၊ လူလိမ်တွေ၊ ကလိန်ကကျစ်ကျသူတွေ၊
ဂျင်ပေါ်ကထုံးတွေဖြစ်တတ်လို့ပါပဲ။ အင်မတန်တော်တဲ့ မျက်လှည့်ပညာရှင်တွေလည်း
ဖြစ်တတ်ပါတယ်။
တွေ၀ ဒွိဟဖြစ်တတ်သော သဘော သဘာဝရှိသော်လည်း စိတ်ဓါတ် အလွန်ခိုင်မြဲသည်။
အလွယ်တကူ ဆုံးဖြတ်ရွေးချယ်လေ့မရှိ။ မိမိအပေါ် တလေးတစားနှင့် တန်ဖိုးထားသူ၊
တစ်စုံတစ်ရာ အထောက် အကူပြုပံ့ပိုးနိုင်သူကို ရွေးချယ်တတ်သည်။
အရွေးရခက်အောင် အခွင့်အရေး နှစ်မျိုး ကြုံလာပါက နှလုံးသား၏
တောင်းဆိုမူအပေါ် ရဲဝံ့ပြတ်သားစွာ အလေးပေးမည့် သူဖြစ်သည်။ မိမိနှင့် အသက်
အရွယ်၊ ဝန်းကျင်ဇာတိ သဘာဝမတူ ကွာခြားသူများနှင့် မေတ္တာမျှတတ်သည်။
ချစ်သူနှင့် ခွဲခွာရလေ သံယောဇဉ် ပြင်းထန်လေဖြစ်သည်။ အလွန်စိတ်ကူးယဉ်
ဆန်သော နှလုံးသားဖြစ်သည်။

[ Unicode ]

Ref; numerology

Some text some message..