သိပ်နောက်မကျသေးခင် ကိုယ့်ချစ်သူကို မဖြစ်မနေ မေးရမယ့် မေးခွန်း ၆ ခု
lifestylemyanmar.com
|
2020-05-08



သင့်မှာ သိပ်ချစ်ရတဲ့ချစ်သူရှိနေပြီလား? ဒါမှမဟုတ် ရွေးချယ်ဖို့ဆုံးဖြတ်ထားသူရှိနေပြီလား? အဲ့ဒီယောကျာ်း ဒါမှမဟုတ် မိန်းမကို တချိန်ချိန်မှာ လက်ထပ်ဖို့သင်စဉ်းစားထားပြီလား? ဒီလိုဆုံးဖြတ်ထားပြီဆိုရင် သင်ရည်ရွယ်ထားသူရဲ့အကြောင်းကို အားလုံးသိဖို့တော့လိုမယ်ထင်တယ်။ဒါပေမယ့် သူတို့ကသင့်ကို သူတို့ဘဝရဲ့အရာအားလုံးကိုထုတ်ပြလိမ့်မယ် မဟုတ်ဘူး။ ဒါကြောင့် ရေ ရှည်တွဲလာပြီးမှ မကွဲရအောင် ဒီမေးခွန်းလေးတွေကို မဖြစ်မနေ မေးသင့်ပါတယ်။


ငါတို့လက်ထပ်ပီးရင်ပြောင်းလဲသွားမလား?




အသုံးအများဆုံးအဖြေကတော့”Yes”ပြောင်းလဲသွားမယ်ပေါ့။ လက်ထပ်ထိမ်းမြားမှုနဲ့အတူ သင်နဲ့သင့်ချစ်သူက ပြောင်းလဲလိမ့်မယ်ပေါ့။ ပိုပြီးအရေးကြီးတဲ့မေးခွန်းက လက်ထပ်ပြီးနောက်မှာ သင်တို့ရဲ့ဆက်ဆံရေးဘယ်လိုပြောင်းလဲသွားမှာလဲ။ လေ့လာမှုတွေအရ လက်ထပ်ပြီးသွားတဲ့နောက်မှာ လူမှုစီးပွားရေး အိမ်မှုကိစ္စနဲ့တာဝန်ယူမှုတာဝန်ခံမှုကစလို့ အဓိကစရိုက်တွေပြောင်းလဲသွားတတ်ပါတယ်။

ဆိုလိုတာက သင်မျှော်မှန်းထားခဲ့တဲ့ လူတစ်ယောက်ဖြစ်ချင်မှဖြစ်တော့မှာပါ။ သင်မကြိုက်တော့တဲ့ပုံစံမျိုးတွေပြောင်းလဲသွားနိုင်ပါတယ်။ ပြောင်းလဲမှုက အမြဲတမ်းရှိနေတဲ့အတွက် အဲ့ဒီပြောင်းလဲမှုမှာ သင်နဲ့သင့်ရဲ့ချစ်သူတို့က ညီတူမျှတူနားလည်နဲ့ချစ်ခြင်းမေတ္တာမလျော့တဲ့ တိုးတက်ပြောင်းလဲမှုမျိုးနဲ့ပြောင်းလဲဖို့ကအရေးကြီးပါတယ်။

ဒီပြောင်းလဲမှုဆိုတာနဲ့ပက်သက်ပြီး သင့်ချစ်သူရဲ့အဖြေက ဘယ်လိုဖြေလာမလဲဆိုတာစောင့်ကြည့်ပါ။ ဘာတွေပြောင်းလဲသွားမလဲဆိုတာကိုပြောတဲ့သူ့အတွေးက အနာဂါတ်အတွက် တစ်စိတ်တစ်ဒေသ မီးမောင်းထိုးပြနေမှာပါ။


လှည့်စားမှုဆိုတာဘာလဲ?




လှည့်စားတာနဲ့ပက်သက်လို့အမြင်အမျိုးမျိုး နားလည်မှုအမျိုးမျိုး ရှိကြပါတယ်။ တချို့သူတွေက ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးကိုလည်း လိမ်လည်လှည့်စားမှုလို့မှတ်ယူကြပါတယ်။ တချို့ကျတော့ တခြားမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်မှုမပြုမချင်း သူတို့ကိုလှည့်စားတာမဟုတ်ဘူးလို့မှတ်ယူတဲ့အတွက် တချို့အပြစ်အနာဆာတွေကိုနားလည်ခွင့်လွှတ်ပေးကြပါတယ်။

တကယ်လို့ သင်ကသစ္စာတရားကိုတန်ဖိုးထားသူ ဒီကိစ္စကိုလုံးဝ ခွင့်မလွှတ်သူဖြစ်ရင် ဒီအချက်နဲ့ပက်သက်ပြီး နောင်တချိန်စိတ်မပျက်ရအောင် ရှင်းရှင်းလင်းလင်းသိထားဖို့လိုအပ်ပါတယ်။ သူ့ကိုခုတည်းက လှည့်စားမှုနဲ့ပက်သက်ပြီးဘယ်လိုနားလည်လဲဆိုတာအပေါ်ပြတ်ပြတ်သားသားမေးထားပါ။ ရှင်းရှင်းလင်းလင်းဆွေးနွေးပါ။

သူ့အဖြေက သူကိုယ်တိုင်လည်း သစ္စာမဲ့မှုကိုလှည့်စားမှုတစ်ခုလို့သတ်မှတ်ထားရင် မဆိုးဘူးလို့ပြောရမှာပါ။ ဒီလိုမှမဟုတ်ပဲ လှည့်စားမှုဆိုတာ ထမင်းစားရေသောက် ခပ်ပေါ့ပေါ့ပဲ သဘောထားတယ်ဆိုရင် သင့်လိုအလေးအနက်ထားသူနဲ့အဆင်ပြေနိုင်ပါ့မလား?


ကလေးလိုချင်လား?




အချို့သူတွေအတွက် ကလေးတွေက ဘဝရဲ့ အခြေခံအစိတ်အပိုင်းတွေဖြစ်ကြပါတယ်။ ဒါက အိမ်ထောင်သည်တွေအတွက် ဘဝရဲ့ မျှော်လင့်ထားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာလက်ခံထားပါတယ်။ တချို့ကျတော့ ဒီလိုမဟုတ်ကြပါဘူး။ ရွေးချယ်ခွင့်မရှိကြပါဘူး။ ဆိုလိုတာက နှစ်ပိုင်းဖြစ်နိုင်ပါတယ်။ သူကကလေးလိုချင်တယ်။ သင်ကမရနိုင်တာ။ နောက်တခုက သင်ကလိုချင်တယ်။ သူကလက်မခံနိုင်တာ။ ဒီအချက်ကို သေသေချာချာမမေးထားရင်နောင်တချိန်မှာ ကြီးမားတဲ့နောင်တတွေက သင်တို့ဘဝထဲဝင်လာနိုင်ပါတယ်။

နောက်တစ်ချက်က ၂ယောက်လုံးကတော့လိုချင်တယ် လိုချင်တဲ့အချိန်သတ်မှတ်မှုတွေ အရေးကြီးပါတ ယ်။ သင်ကပျော်ပျော်နေချင်သေးတယ်။ သူကယူပီး မကြာခင်မှာပဲ ကလေးမွေးခိုင်းနေပြီဆိုပြီး ပြဿနာ အကြီးကြီးတက်ရမှာပါ။ဒါကြောင့် ဒီမေးခွန်းကိုမမေ့ပါနဲ့။


အကြွေးတွေ ပေးစရာတွေရှိလား?




ဒါအရေးကြီးပါတယ်။ အိမ်ထောင်တစ်ခုမထူထောင်ခင်မှာမေးကိုမေးရမယ့်မေးခွန်းပါ။ အချစ်မှာငွေကြေးဆိုတာ အရေးမကြီးဘူးလို့ပြောကြပေမယ့် အိမ်ထောင်သည်ဘဝမှာငွေကြေးဆိုတာတော့အရေးကြီးလာပါတယ်။ သင်တို့ယူပီးမှ သူ့အကြွေးတွေ သူ့အရှုပ်တွေလိုက်ရှင်းနေရမယ်ဆိုရင် သင်တို့အိမ်ထောင်ရေးက ဘယ်လာ ပျော်စရာကောင်းတော့မှာလဲ။

ဒါကြောင့် ဒါနဲ့ပက်သက်ပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးပါ။ သူ့အခက်အခဲတွေကိုဘယ်လိုဖြေရှင်းပေးနိုင်မလဲအကောင်းဆုံးဆွေး နွေးနိုင်တာပေါ့။ ဒါမှမဟုတ်ရင် သင်တို့ရဲ့အချစ်က တစ်စတစ်စ လုံးပါးပါးလာပါလိမ့်မယ်။


အိမ်မှုကိစ္စတွေကိုဘယ်သူလုပ်မှာလဲ




စစ်တမ်းတွေအရ အောင်မြင်တဲ့အိမ်ထောင်ရေးကို ကြိုတင်ခန့်မှန်းရာမှာအရေးကြီးဆုံးအချက်တစ်ချက်က အိမ်မှုကိစ္စများကိုခွဲ ဝေလုပ်ကိုင်မှုပေါမူတည်နေပါတယ်။ တချို့သူတွေက ဒီဆက်ဆံရေးရဲ့ အရေးပါမှုကိုနားမလည်ကြပါဘူး။ ဒီတော့ သင်ချစ်သူကို ဒီမေးခွန်းမေးပြီးဆွေးနွေးကြည့်ပါ။ အိမ်မှုကိစ္စတွေကိုဘယ်လိုတာဝန်ခွဲဝေယူမလဲဆိုတာပေါ့။ မပျော်ရွှင်ပဲ ရန်ဖြစ်နေရတဲ့ အိမ်ထောင်ရေးမှာ အိမ်မှုကိစ္စပြဿနာကလည်းထိပ်ဆုံးတန်းကပါဝင်နေပါတယ်။


ကွာရှင်းခြင်းပေါဘယ်လိုမြင်လဲ




ဒါကတော်တော်အရေးကြီးပါတယ်။ ဒါက သင့်ချစ်သူရဲ့ ဆက်ဆံရေးတစ်ခုအပေါ် ထားတဲ့သူ့အတွင်းစိတ်ကို နှိုက်ထုတ်ခြင်းပဲဖြစ်ပါတယ်။ လူတစ်ယောက် ဆက်ဆံရေးတစ်ခု အဆုံးသတ်တာ လွယ်လွယ်လေး ပဲလို့ထင်မလား? ပြေလည်အောင်ကိုယ်တိုဘယ် လိုညှိကြမလဲလို့သူကပြန်မေးမလား? သင့်ချစ်သူရဲ့စိတ်သဘောထားမှုကို သင်သိထားဖို့လိုပါတယ်။

အနည်းဆုံးကတော့ဆက်ဆံရေးတစ်ခုက အချိန်မရွေးအဆုံးသတ်သွားနိုင်တာကို နှစ်ဦးစလုံးနားလည်ထားနိုင်ရင် သင်တို့ရဲ့လာမယ့်ဆက်ဆံရေးမှာ “ဒီလိုဖြစ်နိုင်တာပဲလေ”ဆိုတဲ့အသိရှိတဲ့အတွက်ကြောင့် အများကြီးစိတ်ဖိစီးစရာမလိုတော့ပါဘူး။

ဆိုလိုတာက သင်ကကွာရှင်းချင်ရင်တောင် စိတ္တဇလိုလူတစ်ယောက်နဲ့တိုးရင် သင်အသတ်ပါခံရနိုင်ပါတယ်။ ဒါကြောင့် ဒီမေးခွန်းအပေါ် သင့်ချစ်သူသဘောထားကအရေးကြီးပါတယ်။ ကဲဒီတော့ သိပ်နောက်မကျသေးခင် ကိုယ်ရည်ရွယ်ထားတဲ့ကိုယ့်ချစ်သူကိုမေးကြည့်လိုက်ကြနော်.

#Lifestyle_Myanmar

#Mg_Htet

REF_Hackspirit.com




Some text some message..