ကားတစ်စီးမှာ မော်တာ ဘယ်နှလုံး ပါသလဲ
automobiledirectory.com.mm
|
2020-05-13

ကားတစ်စီးမှာ မော်တာ ဘယ်နှလုံး ပါသလဲဆိုတာ အတိအကျ

ပြောဖို့ ခက်တယ်။ လူခန္ဓာကိုယ်မှာ အရိုး ဘယ်နှချောင်း ပါလသဲဆိုတဲ့ မေးခွန်းနဲ့ ပုံပမာပြုလို့ ရတယ်။ အကြီး အလတ် အသေး စသဖြင့် အရွယ်ရွယ် အစားစား အရိုးတွေ ရှိသလို ကားမှာလည်း မော်တာတွေ အရွယ်အစား အမျိုးမျိုး ရှိနေတယ်။ လူမှာ အရိုး မရှိရင် ဘာမှ မလုပ်နိုင်ဘူး။ ကားမှာလည်း မော်တာတွေ မရှိရင် ဘာမှ မလုပ်နိုင်ဘူး။ ကားမှာ လုပ်ကိုင်တာတွေအတွက် လျှပ်စစ်မော်တာတွေက လုပ်ကိုင်ပေးပြီး အစစအရာရာ အဆင်ပြေ ချောမွေ့အောင် လုပ်ပေးနေတယ်။

အဲဒါကြောင့် ရှေးလူကြီးတွေက ကားကို မော်တာကား ‘Motor Car' လို့ ခေါ်ဝေါ်ခဲ့ကြတယ်။
အင်ဂျင်ကား ‘Engine Car' လို့ မခေါ်ကြဘူး။ လာမယ့် တစ်ဆယ်နှစ်အတွင်းမှာ အင်ဂျင်မပါတော့တဲ့ ကားတွေကို သုံးကြတော့မယ်။ အင်ဂျင်မပါ မော်တာနဲ့ မောင်းမယ့် မော်တာကား ‘Motor Car' တွေ ဖြစ်ပါတယ်။
အင်ဂျင် နှိုးဖို့ မော်တာက နှိုးပေးတယ်။ လေကာမှန် ရှေ့မှန်မှာ ရေသုတ်တံ wiper ကို ရွှေ့ပေးတာလည်း မော်တာတွေ ဖြစ်ပါတယ်။ တံခါးမှန် အတင်အချ ခလုတ်နှိပ်ပြီး ခိုင်းလို့ ရအောင် လုပ်ပေးနေတာလည်း မော်တာတွေ ဖြစ်ပါတယ်။ အင်ဂျင်ထဲ ဆီတွေ ပို့ပေးနေတဲ့ ပန့်ကိုလည်း မော်တာက လုပ်ပေးနေတာ ဖြစ်ပါတယ်။ ပြောမယ်ဆို နောက်ထပ် မော်တာတွေ အများကြီး ကျန်သေးတယ်။

မော်တာတွေ အမျိုးမျိုး ရှိသလို ပါဝါတွေလည်း အမျိုးမျိုး ရှိကြတယ်။ ၅ - ၁၀ ဝပ်ကနေ ၁၅ - ၂၀ ဝပ် အထိ အစားစား ရှိတယ်။ ထမ်းဆောင်ရတဲ့ တာဝန်ပုံစံနဲ့ ဝန်အားအရ ထပ်ဆင်ပေးထားတယ်။
ကားရဲ့ လျှပ်စစ်လိုင်းမှာ တပ်ဆင်ထားတဲ့ မော်တာတွေကို သုံးမျိုးသုံးစား ခွဲခြားပြီး ရှုမြင်ကြတယ်။

Performance အရည်အသွေးအတွက် မော်တာများ
Comfort အဆင်ပြေ သက်သာစေဖို့ မော်တာများ
Volume ပမာဏများများ ထုတ်တဲ့ မော်တာများ

Performance အရည်အသွေးအတွက် မော်တာများ
=========
ကားရဲ့ လုပ်ကိုင်နိုင်စွမ်း မြင့်မားပြီး စမတ်ကျဖို့ တပ်ဆင်ပေးထားတဲ့ မော်တာတွေ ဖြစ်ပါတယ်။
အများစုဟာ ကားစက်နှိုးပြီး မောင်းနှင်နေစဉ်မှာ လုပ်ကိုင်ပေးနေကြတဲ့ မော်တာတွေ ဖြစ်ပါတယ်။

အင်ဂျင်နှိုးပေးတဲ့ စတတ်တာမော်တာ၊ အင်ဂျင်အေးဖို့ ရေလည်နေအောင် လုပ်ပေးနေတဲ့ မော်တာ၊ ဘရိတ်စနစ်အတွက် မော်တာ၊ လောင်စာဆီပေးပို့တဲ့ မော်တာ၊ ပါဝါစတီယာရင်အတွက် မော်တာ စသည်များ။

Comfort အဆင်ပြေ သက်သာစေဖို့ မော်တာများ
=======
ကားမောင်းနှင်သွားလာဖို့ မလိုအပ်ဘဲ ကားသုံးစွဲသူ သက်သာ အဆင်ပြေစေဖို့ တပ်ဆင်ပေးထားတဲ့ မော်တာတွေ ဖြစ်ပါတယ်။

တံခါးမှန် အတင်အချ မော်တာ။ ထိုင်ခုံ ရှေ့တိုးနောက်ဆုတ် မော်တာ၊ ရေသုတ်တံ ဝိုက်ဘာအတွက် မော်တာ၊ အဲကွန်း မော်တာ စသည်များ။

Volume ပမာဏများများ ထုတ်တဲ့ မော်တာများ
==========
ဒီအမျိုးအစားမှာ ပါတဲ့ မော်တာတွေက ပါဝါနည်းတဲ့ မော်တာတွေ ဖြစ်ပါတယ်။ အဲဒီ မော်တာတွေကို အမြောက်အမြား ပေါပေါလောလောထုတ်လုပ်ပြီး လိုအပ်တဲ့နေရာမှာ ရေလဲ သုံးကြတယ်။ ကားထုတ်လုပ်မှု စရိတ် သက်သာစေဖို့ တသီးတသန့် လုပ်ပေးထားရမယ့် မော်တာမျိုး မလိုအပ်တဲ့နေရာတွေမှာ သုံးကြတယ်။
တံခါးလော့ချဖို့ မော်တာ၊ လေကာမှန်အပေါ် ဆပ်ပြာရည် ဖြန်းဖို့ မော်တာ၊ နောက်ကြည့်မှန် ချိန်ရင်သုံးတဲ့ မော်တာ

ကားမှာ ဇိမ်ကျကျ စီးဖို့ စီမံမှုတွေ ပိုများများ ပါဝင်လေ မော်တာတွေ ပိုများများ သုံးစွဲရလေ ဖြစ်ပါတယ်။ ဒီတော့ ကားတစ်စီးမှာ မော်တာ ဘယ်နှခု ပါသလဲဆိုတာ မေးရန် လွယ်ပေမဲ့ အသေအချာ အဖြေပေးဖို့ ခက်ပါတယ်။ သေချာတာတစ်ခုကတော့ လျှပ်စစ်ကားတွေ သုံးကြတော့မယ့် အနာဂတ်ဆီကို သွားနေတာမှာ ယခု လက်ရှိ လျှပ်စစ်ကားတွေဖြစ်ကြတဲ့ Tesla, BMW i3, Chevrolet Bolt EV, Nissan Leaf, Chevrolet Spark EV, Renault Zoe အစရှိတဲ့ လျှပ်စစ်ကားတွေမှာ အင်ဂျင်အစား မော်တာက နေရာဝင်ယူထားလိုက်ပြီ ဖြစ်ပါတယ်။
ဒီတော့ အင်ဂျင်မပါဘဲ ကား သွားလာလို့ ရတယ်။ မော်တာမပါရင်တော့ ဆောရီးပါလို့ ပြောရပါလိမ့်မယ်။

ကားတစ်စီးမှာ မော်တာ ဘယ်နှလုံး ပါသလဲ

ကားတစ်စီးမှာ မော်တာ ဘယ်နှလုံး ပါသလဲဆိုတာ အတိအကျ ပြောဖို့ ခက်တယ်။ လူခန္ဓာကိုယ်မှာ အရိုး ဘယ်နှချောင်း ပါလသဲဆိုတဲ့ မေးခွန်းနဲ့ ပုံပမာပြုလို့ ရတယ်။ အကြီး အလတ် အသေး စသဖြင့် အရွယ်ရွယ် အစားစား အရိုးတွေ ရှိသလို ကားမှာလည်း မော်တာတွေ အရွယ်အစား အမျိုးမျိုး ရှိနေတယ်။ လူမှာ အရိုး မရှိရင် ဘာမှ မလုပ်နိုင်ဘူး။ ကားမှာလည်း မော်တာတွေ မရှိရင် ဘာမှ မလုပ်နိုင်ဘူး။ ကားမှာ လုပ်ကိုင်တာတွေအတွက် လျှပ်စစ်မော်တာတွေက လုပ်ကိုင်ပေးပြီး အစစအရာရာ အဆင်ပြေ ချောမွေ့အောင် လုပ်ပေးနေတယ်။

အဲဒါကြောင့် ရှေးလူကြီးတွေက ကားကို မော်တာကား ‘Motor Car' လို့ ခေါ်ဝေါ်ခဲ့ကြတယ်။
အင်ဂျင်ကား ‘Engine Car' လို့ မခေါ်ကြဘူး။ လာမယ့် တစ်ဆယ်နှစ်အတွင်းမှာ အင်ဂျင်မပါတော့တဲ့ ကားတွေကို သုံးကြတော့မယ်။ အင်ဂျင်မပါ မော်တာနဲ့ မောင်းမယ့် မော်တာကား ‘Motor Car' တွေ ဖြစ်ပါတယ်။
အင်ဂျင် နှိုးဖို့ မော်တာက နှိုးပေးတယ်။ လေကာမှန် ရှေ့မှန်မှာ ရေသုတ်တံ wiper ကို ရွှေ့ပေးတာလည်း မော်တာတွေ ဖြစ်ပါတယ်။ တံခါးမှန် အတင်အချ ခလုတ်နှိပ်ပြီး ခိုင်းလို့ ရအောင် လုပ်ပေးနေတာလည်း မော်တာတွေ ဖြစ်ပါတယ်။ အင်ဂျင်ထဲ ဆီတွေ ပို့ပေးနေတဲ့ ပန့်ကိုလည်း မော်တာက လုပ်ပေးနေတာ ဖြစ်ပါတယ်။ ပြောမယ်ဆို နောက်ထပ် မော်တာတွေ အများကြီး ကျန်သေးတယ်။

မော်တာတွေ အမျိုးမျိုး ရှိသလို ပါဝါတွေလည်း အမျိုးမျိုး ရှိကြတယ်။ ၅ - ၁၀ ဝပ်ကနေ ၁၅ - ၂၀ ဝပ် အထိ အစားစား ရှိတယ်။ ထမ်းဆောင်ရတဲ့ တာဝန်ပုံစံနဲ့ ဝန်အားအရ ထပ်ဆင်ပေးထားတယ်။
ကားရဲ့ လျှပ်စစ်လိုင်းမှာ တပ်ဆင်ထားတဲ့ မော်တာတွေကို သုံးမျိုးသုံးစား ခွဲခြားပြီး ရှုမြင်ကြတယ်။

Performance အရည်အသွေးအတွက် မော်တာများ
Comfort အဆင်ပြေ သက်သာစေဖို့ မော်တာများ
Volume ပမာဏများများ ထုတ်တဲ့ မော်တာများ

Performance အရည်အသွေးအတွက် မော်တာများ
=========
ကားရဲ့ လုပ်ကိုင်နိုင်စွမ်း မြင့်မားပြီး စမတ်ကျဖို့ တပ်ဆင်ပေးထားတဲ့ မော်တာတွေ ဖြစ်ပါတယ်။
အများစုဟာ ကားစက်နှိုးပြီး မောင်းနှင်နေစဉ်မှာ လုပ်ကိုင်ပေးနေကြတဲ့ မော်တာတွေ ဖြစ်ပါတယ်။

အင်ဂျင်နှိုးပေးတဲ့ စတတ်တာမော်တာ၊ အင်ဂျင်အေးဖို့ ရေလည်နေအောင် လုပ်ပေးနေတဲ့ မော်တာ၊ ဘရိတ်စနစ်အတွက် မော်တာ၊ လောင်စာဆီပေးပို့တဲ့ မော်တာ၊ ပါဝါစတီယာရင်အတွက် မော်တာ စသည်များ။

Comfort အဆင်ပြေ သက်သာစေဖို့ မော်တာများ
=======
ကားမောင်းနှင်သွားလာဖို့ မလိုအပ်ဘဲ ကားသုံးစွဲသူ သက်သာ အဆင်ပြေစေဖို့ တပ်ဆင်ပေးထားတဲ့ မော်တာတွေ ဖြစ်ပါတယ်။

တံခါးမှန် အတင်အချ မော်တာ။ ထိုင်ခုံ ရှေ့တိုးနောက်ဆုတ် မော်တာ၊ ရေသုတ်တံ ဝိုက်ဘာအတွက် မော်တာ၊ အဲကွန်း မော်တာ စသည်များ။

Volume ပမာဏများများ ထုတ်တဲ့ မော်တာများ
==========
ဒီအမျိုးအစားမှာ ပါတဲ့ မော်တာတွေက ပါဝါနည်းတဲ့ မော်တာတွေ ဖြစ်ပါတယ်။ အဲဒီ မော်တာတွေကို အမြောက်အမြား ပေါပေါလောလောထုတ်လုပ်ပြီး လိုအပ်တဲ့နေရာမှာ ရေလဲ သုံးကြတယ်။ ကားထုတ်လုပ်မှု စရိတ် သက်သာစေဖို့ တသီးတသန့် လုပ်ပေးထားရမယ့် မော်တာမျိုး မလိုအပ်တဲ့နေရာတွေမှာ သုံးကြတယ်။
တံခါးလော့ချဖို့ မော်တာ၊ လေကာမှန်အပေါ် ဆပ်ပြာရည် ဖြန်းဖို့ မော်တာ၊ နောက်ကြည့်မှန် ချိန်ရင်သုံးတဲ့ မော်တာ

ကားမှာ ဇိမ်ကျကျ စီးဖို့ စီမံမှုတွေ ပိုများများ ပါဝင်လေ မော်တာတွေ ပိုများများ သုံးစွဲရလေ ဖြစ်ပါတယ်။ ဒီတော့ ကားတစ်စီးမှာ မော်တာ ဘယ်နှခု ပါသလဲဆိုတာ မေးရန် လွယ်ပေမဲ့ အသေအချာ အဖြေပေးဖို့ ခက်ပါတယ်။ သေချာတာတစ်ခုကတော့ လျှပ်စစ်ကားတွေ သုံးကြတော့မယ့် အနာဂတ်ဆီကို သွားနေတာမှာ ယခု လက်ရှိ လျှပ်စစ်ကားတွေဖြစ်ကြတဲ့ Tesla, BMW i3, Chevrolet Bolt EV, Nissan Leaf, Chevrolet Spark EV, Renault Zoe အစရှိတဲ့ လျှပ်စစ်ကားတွေမှာ အင်ဂျင်အစား မော်တာက နေရာဝင်ယူထားလိုက်ပြီ ဖြစ်ပါတယ်။
ဒီတော့ အင်ဂျင်မပါဘဲ ကား သွားလာလို့ ရတယ်။ မော်တာမပါရင်တော့ ဆောရီးပါလို့ ပြောရပါလိမ့်မယ်။

Some text some message..