ပြုံးခြင်းက သင့်ရဲ့ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိစေနိုင်သလဲ
myanmaplatform.com
|
2020-05-15

လူတစ်ယောက်က ပြုံးလိုက်တဲ့အခါ အလွန်ကို ကြည့်ကောင်းလှပါတယ်။ သူ့အပြုံးကကျက်သရေရှိလိုက်တာလှလိုက်တာဆိုပြီး လူတွေက ချီးမွမ်းတတ်ကြပါတယ်။ ပြုံးလိုက်တာက လှသလို ကျန်းမာရေးအတွက်ကောင်းမွန်တယ်ဆိုတာ သင်ကော သိပါသလား။ ဒါကြောင့် လှပတဲ့အပြုံးတွေက ကျန်းမာရေးအတွက် ဘယ်လောက် ထိအကျိုး ကျေးဇူးရနိုင်သလဲဆိုတာကိုပြောပြပေးချင်ပါတယ်။




၁။ စိုးရိမ်စိတ်ကို လျော့နည်းစေခြင်း

လှပစွာ ပြုံးခြင်းက လူတွေရဲံ အားကောင်းတဲ့ လက်နက်တစ်မျိုးဖြစ်ပါတယ်။ လေ့လာမှုတွေအရ စိတ်ဖိစီးမှုများနေတဲ့ ပတ်ဝန်းကျင်ရှိလူများကို ပြုံးနေသူနဲ့ မပြုံးသူ နှစ်ဖွဲ့ခွဲပြီးလေ့လာတဲ့အခါမှာ ပြုံးနေသူအများစုက နှလုံးခုန်နှုန်းက ကောင်းမွန်တဲ့ ရလဒ်တွေ ဖြစ်လာပြီး မပြုံးသူအဖွဲ့ကတော့ နှလုံးခုန်နှုန်းနည်းသွားကြောင်းကို တွေ့ခဲ့ရပါတယ်။




၂။ အပြုံးကြောင့် ထုတ်ကုန်စွမ်းအားတိုးစေနိုင်ခြင်း

၂၀၁၀ ခုနှစ် စီးပွားရေးသုတေသီးတွေရဲ့ လေ့လာမှုအရ ပျော်ရွှင်မှုသည် လုပ်ငန်းခွင်ထုတ်ကုန်စွမ်းအားကိုတိုးစေနိုင်ပါတယ်။ ပျော်ရွှင်မှုကြောင့် အပြုသဘောဆောင်တဲ့ အရာတွေကို စိတ်ခံစားချက်တွေ ရစေနိုင်ပါတယ်။ မပျော်ရွှင်တဲ့သူတွေမှာ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ပျော်ရွှင်မှုအောင်နေပြီး ပြုံးနေသင့်ပါတယ်။




၃။ အပြုံးကြောင့် တီထွင်ဖန်တီးမှု စွမ်းရည်တိုးတက်လာခြင်း

၂၀၁၃ ခုနှစ် လေ့လာမှုတွေအရ ပိုမိုပြုံးပျော်တဲ့ ယောက်ျားလေးအများစုက ပြဿနာကို လွယ်ကူစွာ ဖြေရှင်နိုင်ခဲ့ကြပါတယ်။ အရေးကြီးနေတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ အဖြေကိုကောင်းစွာ ရှာဖွေနိုင်ကြပါတယ်။ ပျော်ရွှင်မှုဖြစ်ပေါ်သေည့် dooamine ဟုခေါ်သော neurotransmitter နှင့် သိသိသာသာ ဆက်နွယ်နေပါတယ်။ Dopamine သည် အပြောင်းအလဲအတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက်ချရာတွေမှာ အလွန်ကို အရေးပါလှပါတယ်။ ဒါကြောင့် ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့အတွက် ပျော်ရွှင်ခြင်းကလည်း (အပြုံးကလည်း ) အရေးပါလှပါတယ်။




၄။ အပြုံးကြောင့် ယုံကြည်မှုကို တည်ဆောက်နိုင်ခြင်း

ကိုယ်မသိတဲ့သူကို သွားပြီးတော့ ငါက ဒီဟာကိုကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်တယ်။ ဒါကြောင့် ဒါကိုပေးလုပ်ပါဆိုပြီးအတင်းတောင်းဆိုလို့ မရပါဘူး။ ကိုယ်နဲ့ မရင်းနှီးတဲ့သူဖြစ်စေ၊ ရင်းနှီးပြီးသားသူဖြစ်စေ အရင်ဆုံး အပြုံးလေးနဲ့ အရင်ဆုံးမိတ်ဆက်ရမှာဖြစ်ပါတယ်။ ဘယ်လိုသူမျိုးနဲ့မဆို ဆက်ဆံပါစေ လှပတဲ့ အပြုံးပန်းတစ်ပွင့်ကြေင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေနိုင်ပါတယ်။




၅။ နာကျင်မှုကို သက်သာစေနိုင်ခြင်း

ပြုံးရယ်ခြင်းနှင့် ရယ်မောခြင်းက နာကျင်မှုကို သက်သာနိုင်တယ်ဆိုတာ သင့်ယုံကြည်ပါရဲ့လား။ အမှန်တကယ်လဲ သက်သာစေနိုင်ပါတယ်။ ပျော်ရွှင်တဲ့အခါမှာ ထွက်လာတတ်တဲ့ endorphins က သဘာဝနာကျင်မှုရဲ့ကုထုံးဖြစ်ပါတယ်။ သင့်ပြုံးလေလေ စိတ်ဖိစီးမှု ဟော်မုန်းတွေကို သက်နိုင်လေလေဖြစ်ပါတယ်။




Some text some message..