အလုပ်စွဲလမ်းသူတစ်ယောက်ဖြစ်ခြင်းက သင့်ဘဝနှင့် ပျော်ရွှင်မှုကို ခိုးယူနေတဲ့ စွဲလမ်းမှုဖြစ်ပါတယ်။ တကယ့်ပြဿနာတွေကို ဖြေရှင်းခြင်းမှ ရှောင်တိမ်းပြီး ပိုမိုနက်ရှိုင်းတဲ့ ပြဿနာများမှာ အမြစ်တွယ်နေတတ်ပါတယ်။ အလုပ်စွဲလမ်းမှုက သင့်ကို တကယ့်ပြဿနာတွေရဲ့ ခွဲခြားရွေးထုတ်နိုင်ခြင်းကနေ တားဆီးဖယ်ရှားပေးပါတယ်။
လူတွေက အလုပ်စွဲလမ်းခြင်းကို အားသာချက်တစ်ခုအဖြစ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် အခွင့်အလမ်းအဖြစ် မြင်နိုင်ပါတယ်။ သို့သော် ဒါက မမှန်ပါဘူး။ အလုပ်အပေါ် စွဲလမ်းမှုက လူတစ်ယောက်အား ကိုယ်ရေးကိုယ်တာ ဘဝသာမက အလုပ်တွင်ပါ အောင်မြင်မှုမရအောင်တားဆီးပေးပါတယ်။ သူတို့ရဲ့ ကျန်းမာရေးနှင့် သူတို့ဘဝရဲ့ အခြားကဏ္ဍတွေကို သေစေနိုင်တဲ့ ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ မူးယစ်ဆေး၊ အရက်စွဲလမ်းသလိုပင် သင့်အပြုအမှုတွေကို ပြောင်းလဲပစ်ပါတယ်။
၁။ အိပ်ချိန်ကို လျစ်လျူရှုထားခြင်း
အလုပ်စွဲလမ်းသူတစ်ယောက်ဟာ သူတို့ရဲ့ အိပ်စက်ခြင်းကို လျစ်လျူရှုဖွယ်ရှိပါတယ်။ သူတို့ဟာ လိုအပ်တဲ့အလုပ်ထက်ပိုပြီး အလုပ်လုပ်ကြပါတယ်။ အိပ်စက်မှုကင်းမဲ့ခြင်းက စွမ်းဆောင်ရည်ကို လျော့ကျစေပြီး ကုန်ထုတ်စွမ်းအားကို ထင်ယောင်ထင်မှားဖြစ်စေပါတယ်။
သင်အမြဲတမ်း အိပ်စက်ခြင်းမရှိကြောင်း သတိပြုမိပါက ကျန်းမာသော အိပ်စက်ခြင်းပုံစံကို ချက်ချင်းတည်ဆောက်သင့်ပါတယ်။ အနည်းဆုံးည ၉နာရီမှာ အိပ်ရာဝင်သင့်ပါတယ်။ အိပ်ရာမဝင်ခင် တစ်နာရီခန့်မှာ စခရမ်ကို အသုံးမပြုပါနဲ့ ၊ အမှောင်ထဲမှာ အိပ်ဖို့ ကြိုးစားပါ။ သင့်အိပ်စက်ခြင်းကို ဘာအရာမှ နှောက်ယှက်ဖို့ ခွင့်မပြုပါနဲ့။
၂။ အာဟာရမဖြစ်တဲ့ အစားအသောက်တွေ စားသုံးခြင်း
သင်ဟာ တစ်နေရာရာသွားပြီး နောက်ကျလို့ fast food တွေပဲ စားနေမယ်ဆိုရင် ၊ သင့်ခေါင်းထဲမှာ အလုပ်အကိုင်နှင့် ပတ်သတ်ပြီး အတွေးတွေနဲ့ အလုပ်များနေမယ်ဆိုရင် ညံ့ဖျင်းစွာ အဆုံးသတ်နိုင်ပါတယ်။ ဒါ့အပြင် အလုပ်စွဲလမ်းသူတစ်ယောက်အနေနဲ့ အစားအသောက်ကို အချိန်မှန်၊ ပုံမှန်မစားသုံးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ၎င်းက အသည်း၊ အစာအိမ်၊ အသားအရေ၊ စဉ်းစားနိုင်စွမ်းနှင့် ကိုယ်အလေးချိန်အခြေအနေများအပေါ် ရောင်ပြန်ဟပ်ပါလိမ့်မယ်။ ထိုအိမ်မက်ဆိုးတွေကနေ ကာကွယ်ဖို့ အလုပ်ကို သဲကြီးမဲကြီးလုပ်တတ်သူတစ်ယောက်ဟာ အစာစားချိန်ကို သတ်မှတ်ရပါမယ်။
၃။ အလွန်အကျွံလုပ်ခြင်း
အလုပ်စွဲလမ်းသူဟာ ကာယပိုင်းဆိုင်ရာဖြစ်စေ၊ ဦးနှောက်နှင့် အဓိက အလုပ်လုပ်ရသည်ဖြစ်စေ သူတို့ရဲ့ စိတ်အားထက်သန်မှုက သူတို့ကို မောပန်းစေပါတယ်။လူတစ်ယောက်ဟာ နုပျို၊ သန်မာစဉ်မှာ ပင်ပန်းနွမ်းနယ်မှုကို သတိမပြုမိပါဘူး။ ၎င်းကို ထည့်မစဉ်းစားကြတာဖြစ်ပါတယ်။ ဘယ်လိုပင်ဖြစ်စေ အချိန်ကြာလာတာနှင့်အမျှ သူတို့ရဲ့ ကိုယ်ခန္ဓာတွေဟာ အရိုးတွေနဲ့ ကြွက်သားတွေ နာကျင်မှုနင့် စွမ်းဆောင်ရည်နိမ့်ခြင်းကဲ့သို့သော စောင့်ရှောက်မှုကင်းမဲ့ခြင်းကို ပြန်လည်ပေးရပါလိမ့်မယ်။ အလုပ်ချိန်ကို တင်းကျပ်စွာ ကန့်သတ်ခြင်းဖြင့် ဒါကိုရှောင်ရှားနိုင်ပါတယ်။
၄။ ပုံပန်းသဏ္ဍာန်ကို လျစ်လျူရှုာထားခြင်း
သူတို့ရဲ့ work routine များဖြင့် အလုပ်ကျေးကျွန်ဖြစ်နေသူ တစ်ယောက်ဟာ သူတို့လုပ်သင့်လုပ်ထိုက်တဲ့ အတိုင်းအတာကို မစဉ်းစားတတ်ကြပါဘူး။ သူတို့ဟာ အဝတ်ဟောင်းတွေကို ဝတ်ဆင်ကြပါတယ်။ ဆံပင်ပုံစံကိုလည်း လျစ်လျူရှုထားတတ်ကြပါတယ်။ အလုပ်စွဲလမ်းသူဟာ သူတို့ရဲ့လုပ်ငန်းတာဝန်များ ပြီးမြောက်ခြင်းအတွက် အတားအဆီးဖြစ်လာတဲ့အခါမှသာ ပြောင်းလဲလိုကြပါတယ်။ ဒီအလေ့အထက လူတစ်ယောက်ရဲ့ လူမှုရေးကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ့်ရဲ့ ပုံပန်းသဏ္ဍန်ကို ကြည့်ကောင်းအောင် လုပ်သင့်ပါတယ်။
၅။ လူမှုရေးမရှိခြင်း
လူမှုရေးအပြန်အလှန်ဆက်သွယ်မှု အလုံအလောက် မရှိပါက စိတ်ဓါတ်ကျနိုင်ပါတယ်။ သင့်ဘဝဟာ အဓိပ္ပာယ်ကင်းမဲ့ပုံရပါတယ်။ သင့်မှာဒီအခြေအနေမျိုးမှာ ရှိနေပါက သူငယ်ချင်းတွေနှင့် အသိမိတ်ဆွေတွေကို ပြန်လည်ဆက်သွယ်ဖို့ ကြိုးစားပါ။ လူတွေနှင့်အတူ ပျော်စရာကောင်းတဲ့ ဆက်ဆံရေးရှိဖို့ အကျိုးဖြစ်ထွန်းဖို့ စိတ်တူ ကိုယ်တူသူတွေကို ရှာဖို့ လိုပါတယ်။
၆။ ကျန်းမာရေးကို လျစ်လျူရှုခြင်း
အလုပ်သရဲတွေဟာ သူတို့ကိုယ်သူတို့ အရေးမပါသူများအဖြစ် ရှုမြင်ကြပါတယ်။ သူတို့က အချိန်မတန်ခင် သေလို့လည်း ကြီးမားတဲ့ ကိစ္စမဟုတ်ကြောင်း မကြာခဏ ထင်မြင်တတ်ကြပါတယ်။
၇။ သူတို့ရဲ့ ခံစားချက်တွေပေါ်မှာ ရောင်ပြန်မဟပ်ပါဘူး
ကျွန်တော်တို့ရဲ့ အရေးကြီးသော လိုအပ်ချက်တစ်ခုက ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို ပြန်လည်တွေးတော ဆင်ခြင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့စိတ်က ကျွန်တော်တို့နှင့် စကားပြောပြီး ကျွန်တော်တို့ဘဝမှာ အမှားတစ်ခုခုရှိသလားဆိုတာကို ပြောပြနိုင်ပါတယ်။ သင်ဟာ တစ်ခုခုကို ပြောင်းလဲဖို့လိုတယ် (ဒါမှမဟုတ်) တစ်ယောက်ယောက်ကို ခွင့်လွှတ်ဖို့လိုတယ်၊ အပြန်အလှန်အားဖြင့် တစ်ယောက်ယောက်နဲ့ သင့်ကောင်းကျိုးအတွက် ရပ်တန့်ဖို လိုကောင်းလိုပါလိမ့်မယ်။
သင့်ခံစားချက်တွိကု ဖြေရှင်းဖို့ အချိန်မဖြုန်းချင်ပါက အရေးကြီးသော ဆုံးဖြတ်ချက်တွေမှာ ပြင်လို့မရနိုင်တဲ့ အမှားတွေကို ပြုလုပ်မိပါလိမ့်မယ်။ သင့်အတွင်းစိတ်ကို စဉ်းစားဖို့ အနည်းဆုံးမိနစ် ၂၀ လောက်အချိန်ပေးပါ။
၈။ လေ့ကျင့်ခန်း (သို့) ကာယကြံ့ခိုင်မှုကို လျစ်လျူရှုခြင်း
အလုပ်စွဲလမ်းသူများဟာ ကျန်းမာအောင်နေထိုင်ဖို့ လုံလောက်မှုမရှိကြပါဘူး။ အထူးသဖြင့် ရုံးမှာ အလုပ်လုပ်တဲ့သူတွေ ဖြစ်ပါတယ်။ သို့သော ကုန်စုံဆိုင်တစ်ခုမှာ ဝန်တင်စက်တစ်လုံးအဖြစ် အလုပ်ကြိုးစားနေရင်တောင် သင့်ကြွက်သားအုပ်စုအားလုံးအတွက် ကောင်းပြီလို့ မဆိုလိုပါဘူး။ ထို့အပြင် cardio လေ့ကျင့်ခန်းနှင့် ကြွက်သားဖွံ့ဖြိုးလိမ့်မယ့် တခြားလေ့ကျင့်ခန်းတွေကို မေ့မထားသင့်ပါဘူး။
၉။ အရက်၊ မူးယစ်ဆေးဝါးနှင့် နီကိုတင်းစွဲလမ်းခြင်း
လူအများစုက သူတို့ကိုယ်သူတို့ မနိုင်ဝန်ထမ်းတဲ့အခါ သဘာဝအားဖြင့် စက်ရုပ်တွေ မဟုတ်ကြောင်း နားမလည်ကြပါဘူး။ လူတွေဟာ အပန်းဖြေအနားယူခြင်းမရှိဘဲ မနေထိုင်နိုင်ပါဘူး။ ဒါ့ကြောင့် သူတို့ဟာ အပန်းဖြေအနားယူဖို့ သဘာဝမဟုတ်တဲ့နည်းဖြင့် ပျော်မွေ့ခြင်းကို စတင်ခံစားကြပါတယ်။
၁၀။ အသိဉာဏ်ဖွံ့ဖြိုးမှုကို လျစ်လျူရှုခြင်း
လူတစ်ယောက်ဟာ သူတို့ရဲ့ အချိန်အားလုံးကို လုပ်ဆောင်မှုတစ်ခုသို့ မြှုပ်နှံတဲ့အခါ ကမ္ဘာကြီးကို စူးစမ်းလေ့လာဖို့၊ အတွေးအခေါ်သစ်တွေရှာဖွဖို့ အချိန်မရှိကြပါဘူး။ မကြာခင်မှာ ဒါကို ပိုပြီးသတိထားမိလာပါလိမ့်မယ်။ သူတို့က ဘာမှစိတ်ဝင်စားစရာမရှိဘူးလို့ ထင်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အလုပ်ကလွဲရင် သူတို့ကို ဘာမှဆွဲဆောင်လို့မရလို့ပါ။ သူတို့ရဲ့ အလုပ်အကိုင်က သူတို့ကို အလုံအလောက်အသစ်အဆန်းတွေ မပေးတဲ့အခါ နက်နက်ရှိုင်းရှိုင်း စိတ်ပျက်လာပါလိမ့်မယ်။ ဒီအရာကို ကာကွယ်ဖို့ တစ်ရက်လျှင် အနည်းဆုံးမိနစ် ၃၀ခန့် စာအုပ်ဖတ်ပေးပါ။
Lifestyle_Myanmar
LM_Nandar
Source-powerofpositivity