ရာသီခွင်တွေ လက်ဖဝါးပေါ်က လက္ခဏာတွေလို သင့်အကြောင်းကို တစ်စိတ်တစ်ပိုင်းပြောပြနိုင်တဲ့အရာက သင့်နာမည်အစပါပဲတဲ့။ သင့်နာမည်က ဘာအက္ခရာနဲ့စလဲ? သင့်နာမည်အစက သင့်အကြောင်းအချို့ကို ပြောပြပါလိမ့်မယ် ကဲဖတ်ကြည့်ရအောင်..
A
သင့်နာမည်အစက Aနဲ့စတယ်ဆိုရင် သင်ဟာ အရမ်းကြီးစိတ်ကူးယဉ်ဆန်သူမဟုတ်ပဲ လုပ်ရပ်တွေမှာ ပိုပီး စိတ်ဝင်စားသူတစ်ယောက်ဖြစ်ပါတယ်။ သင်မြင်တဲ့အရာကို လိုချင်ရင် တစ်ကယ်ရအောင် သင်ကိုယ်တိုင် လုပ်တတ်တယ်။ ပရောပရည်မလုပ်တတ်ဘူး၊ ချစ်ဖို့ကောင်းတယ် အနေအေးတယ် ပွင့်ပွင့်လင်းလင်း ဒဲ့ပြောတတ်တယ်။ သင်ဟာ ဦးနှောက်ကို အမြဲဖွင့်ထားတတ်သူဖြစ်ပြီး အချစ်ရေးမှာ ချစ်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေတတ်တယ်။ သင်ဟာ အချစ်ကြီးသ လေ ာက် အတ္တလည်းကြီးတတ်ပြီး အလွန်လက်တွေ့ကျ အသေးစိတ်လေ့ရှိတတ်တယ်။ အစွဲအလမ်းကြီးတာမှန်ပေမယ့် ပြတ်သားရင် နောက်ပြန်လှည့်ကြည့်လေ့မရှိတတ်ဘူး
B
သင့်နာမည်အစဟာ B အက္ခရာနဲ့စခဲ့မယ်ဆိုရင် သင်ကပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့အကျင့်တွေကို သင်စွန့်လွတ်လိုက်ပါပြီ။ သင့်ချစ်သူဆီက ချစ်ခင်တွယ်တာမှုကိုဖော်ပြတဲ့ ဖော်ပြချက်တွေကို လက်ဆောင်တစ်ခုအဖြစ်ရတာကို သင် အရမ်းဝမ်းသာတယ်။ သင်ဟာ အမြဲပျော်ရွှင်လိုပြီး သင့်ဘေးကလူတွေကိုလည်း ပျော်ရွှင်အောင်ဘယ်လိုလုပ်ရမယ်ဆိုတာကို သင်ကောင်းကောင်းသိတယ်။ သင်ဟာသင့်ခံစားချက်တွေကို ကောင်းကောင်းထိန်းချုပ်နိုင်တယ်။ သင်ဟာ အသစ်သစ်သော အာရုံနဲ့အတွေ့အကြုံများလိုအပ်တဲ့အတွက် ဒါတွေကို ရရှိဖို့ အမြဲစမ်းသပ်လိုစိတ်ရှိကြတယ်။
C
သင့်နာမည်အစဟာ C နဲ့စခဲ့မယ်ဆိုရင် သင်ဟာလူမှုဆက်ဆံရေးကျွမ်းတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်၊ သင်ဟာရင်းနှီးခင်မင်မှုကို ဦးစားပေးတတ်တယ်။ သင့်ချစ်ရသူကို ချစ်သူအပြင် သူငယ်ချင်းနဲ့ မိတ်ဆွေတစ်ဦးအဖြစ်လည်း မြင်တတ်တယ်။ သင်ဟာ အခြားလူတွေရဲ့ အသိအမှတ်ပြုမှုနဲ့လေးစားချစ်ခင်မှုရယူဖို့ နှစ်သက်တယ်။ ဒါကိုမရရှိသေးရင်လည်း ရရှိလောက်တဲ့အထိချစ်ခင်တွယ်တာအောင်လုပ်နိုင်တဲ့စွမ်းရည်မျိုးရှိတတ်တယ်။ သင်သည် သင့်ရဲ့ဆန္ဒများကိုထိန်းချုပ်ရန်နဲ့လက်တွေ့ကျတာတွေလုပ်တဲ့နေရာမှာ ဆရာတစ်ဆူပါပဲ။
D
သင်ဟာတစ်စုံတစ်ခုကိုလိုချင်တယ်လို့ ခေါင်းထဲရောက်လာတာနဲ့ လိုချင်တာကိုဘယ်လိုရအောင်လုပ်နိုင်မလဲဆိုတာ စဉ်းစားပါတော့တယ်။ သင်လိုချင်တာတွေကို ရဖို့ အလွယ်တကူ အရှုံးမပေးတတ် မစွန့်လွှတ်တတ်ပါဘူး။ သင်ဟာတစ်စုံတစ်ယောက်က ပြဿနာတက်လာပြီဆိုရင် အရမ်းဂရုစိုက်တတ်သလို စောင့်ရှောက်တတ်ပါတယ်။ သင်ဟာ သစ္စာရှိတယ်၊ စိတ်အားထက်သန်မှုပြင်းတယ် တခါတလေ မနာလိုမှုတွေတောင်ဖြစ်တတ်တယ်။ သင်ဟာ အလွန်ထက်မြက်တယ် ပါရမီရှိတယ် ပွင့်လင်းတဲ့သဘောထားရှိတယ်ဆိုပေမယ့် တခြားသူတွေပါမနာလိုတတ်ပဲ ဒေါသလည်းထွက်တတ်တယ်
E
သင့်ရဲ့ အကြီးမားဆုံးလိုအပ်ချက်မှာ စကားပြောဖိုပဲဖြစ်တယ်။ သင်လိုအပ်တာက ညဏ်ရည်မြင့်မားသူတွေဖြစ်ပါတယ်။ သင်လိင်ပိုင်းဆိုင်ရာကို သူများတွေလောက် စွဲစွဲလမ်းလမ်းကြီး စိတ်မဝင်စားတတ်ပါဘူး။ သင်ဟာစည်းလုံးမှု မရှိခြင်းနဲ့အနှောင့်ယှက်ပေးခြင်းကို မုန်းတတ်ပါတယ်။ ဒါပေမယ့် သင်ကိုယ်တိုင်က ပျော်ရွှင်စရာအငြင်းအခုန်လေးတွေကိုလည်း သဘောကျနေတတ်ပါတယ်။ ပရောရည် အသဲယားအောင်လုပ်ရတာကို သင်ကျွမ်းကျင်တယ်။ စိန်ခေါ်မှုတွေကိုကြိုက်တယ်။ သစ္စာရှိတယ်ဆိုပေမယ့် သင့်နှလုံးသားကို အကြောင်းအမျိုးမျိုးကြောင့် ဖြုတ်ထုတ်သတ်လုပ်လိုက်တာနဲ့ သစ္စာချက်ချင်မဲ့သွားတတ်တယ်။ အစွဲအလမ်းကြီးတယ်၊ ဒါပေမယ့် ပြတ်သားတယ်။ စာအုပ်ကောင်းတစ်အုပ်နဲ့ သင်အိပ်ပျော်သွားပါလိမ့်မယ်။ သင်ဟာခံစားမှုတွေကို ထိန်းသိမ်းနိုင်စွမ်းကြီးတယ်။ အချစ်မှာလည်း နှလုံးသားထဲမှာ သိမ်းထားတာတွေ များနေတတ်တယ်။
F
သင့်နာမည်အစက Fနဲ့စတယ်ဆိုရင် စိတ်ကူးကောင်းပီး စိတ်ကူးယဉ်တတ်သူဖြစ်နိုင်ပါတယ်။ ချစ်သူကို စိတ်တိုင်းကျ အကောင်းဆုံးပုံစံတွေထဲကမှ ရှာဖွေတတ်ပြီး သင်က အရမ်းသစ္စာစောင့်သိသူဖြစ်တယ်။ သင်ဟာစိတ်ကူးယဉ်မှုအချစ်ဇာတ်လမ်းတွေနဲ့တွေ့ရနိုင်တယ်။ သင်ဟာ အရမ်းစိတ်ထိခိုက်ခံစားလွယ်ပီး သင့်အတိတ်ဟာ အံသြဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ပြည့်နေတယ်။
G
သင့်နာမည်အစဟာ G နဲ့စခဲ့တယ်ဆိုရင်သင်ဟာ ပြည့်စုံမှုကိုသင်ကိုယ်တိုင်နဲ့ သင့်ချစ်သူအပေါ်မှာလည်း ရှာဖွေတတ်သူဖြစ်ပါတယ်။ သင်ဟာစေ့စပ်စွာ အလုပ်လုပ်သောကြောင့် သင့်ရဲ့အဆင့်အတန်းကို သင်မြှင့်တင်နိုင်သူဖြစ်ပါတယ်။ သင်ဟာတက်ကြွစွာ အလုပ်လုပ်တဲ့အတွက် ပင်ပန်းရကောင်းမှန်းလည်းသိချင်မှ သိပါလိမ့်မယ်။ လူတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးဖို့ သင်ဟာ ခက်ခဲတယ်၊ သင့်တာဝန်နဲ့ဝတ္တရားတွေက အရာအားလုံးထက်သာလွန်နေတဲ့အတွက် အချစ်ရေးမှာလည်း အလုပ်က ပို အရေးကြီးနေတတ်ပါတယ်။
H
သင့်နာမည်အစဟာ H နဲ့စခဲ့တယ်ဆိုရင် သင့်ဘဝ၊ ပျော်စရာတွေနဲ့ သင်ရှာဖွေသမျှအရာအားလုံးကို ပိုမိုကောင်းမွန်စေမယ့် ချစ်သူတစ်ယောက်ကို သင်ရှာဖွေပါလိမ့်မယ်။ သင့်ချစ်သူကို ကတိကဝတ်တစ်ခုပြုပီးတာနဲ့တစ်ပြိုင်နက် သင့်ချစ်သူအပေါ် သင်အလွန်ရက်ရောပါလိမ့်မယ်.သင်ဟာ လိင်ပိုင်းဆိုင်ရာကိစ္စမှာ အရမ် းအားကောင်းတတ်ပါတယ်။
တစ်ယောက်ယောက်ကို ချစ်သူအဖြစ်မရွေးချယ်ခင်မှာ အရမ်းသတိထားစဉ်းစားတတ်ကြပါတယ်။ သင်ဟာချစ်သူအပေါ်အလွန်စိတ်ရှည်တတ်ပြီး သည်းခံခွင့်လွှတ်နိုင်စွမ်းမြင့်မားသူတစ်ယောက်ဖြစ်ပါတယ်။ သင်ဟာပြီးပြည့်စုံမှုကိုနှစ်သက်တတ်သူတစ်ဦးဖြစ်ပြီး သင့်ယုံကြည်မှုတွေမှာ ကျေနပ်ရောင့်ရဲဖို့ခက်ခဲပါတ ယ်။ အခက်အခဲ ဒုက္ခတွေရောက်တိုင်းလူတွေက သင့်ဆီ အားကိုးတစ်ကြီးပြန်လာတတ်ကြပါတယ်။ သင်ဟာ စိတ်အားထက်သန်လွန်းတဲ့ အိမ်မက်မက်နေသူတစ်ယောက်ပါ။ သင့်ရည်မှန်းချက်အကြီးကြီးတွေကို သင်မှန်းထားပေမယ့် လက်တွေ့မှာ ဘာမှမလုပ်နိုင်သေးသူတစ်ယောက်ပေါ့၊
I
သင့်နာမည်အစက I နဲ့စခဲ့မယ်ဆိုရင် ချစ်မြတ်နိးဖို့၊ တန်ဖိုးထားဖို့၊ ဇိမ်ခံဖို့ ကာမဂုဏ်ခံစားဖို့ ဆိုတဲ့ အရာတွေမှာ ပျော်ရွှင်နေတတ်ပါတယ်။ စူးစမ်းရှာဖွေမှုနဲ့ နာရီပေါင်းများစွာလည်ပတ်နေရတာကို သင်အရမ်းကြိုက်တတ်ပါတယ်။ အပျော်တမ်းချစ်သူထားဖို့ကိုတော့ သင်စိတ်မဝင်စားတတ်ပါဘူး။ အသစ်သစ်တွေကို ရှာဖွေခံစားရတာကို သင်ကြိုက်နှစ်သက်တတ်ပါတယ်။ စွန့်စားမှုနဲ့ ပြောင်းလဲမှုတွေကို ကြိုက်သူတစ်ယောက်ဖြစ်တဲ့အတွက် သင့်သစ္စာတရားဆိုတာ ကြာရှည်မခံတတ်ပါဘူး။ သင်ဟာ အလွန်တပ်မက်သောစိတ်ရှိကြပြီး ကာမဂုဏ်ကိုု ကောင်းကောင်း ခံစားလိုတဲ့သဘောရှိတတ်ပါတယ်။
J
သင်ဟာများပြားလှသော ကာယစွမ်းအင်နဲ့ ကံကောင်းမှုတွေကို လက်ဆောင်ရထားသူတစ်ယောက်ဖြစ်နိုင်ပါတယ်။ သင်တစ်ညလုံးကခုန်နိုင်တယ်။ စိတ်လှုပ်ရှားစရာတွေနဲ့ အချစ်သားကောင် ဖမ်းရတဲ့ ဂိမ်းမျိုးတွေကို ကစားတတ်တယ်။ သင့်မှာ ရင်ခုန်စရာ အချစ်ဇာတ်လမ်းတွေအများကြီးရှိနေတတ်တယ်။ သင်ဟာစိတ်ကူးညဏ်အရမ်းကောင်းပြီး ချစ်ခြင်းမေတ္တာကိုတော့ယုံဖို့လိုတယ်။ သင်နက်နက်ရှိုင်းရှိုင်းချစ်တတ်တော့မှ သင့်ဘဝပိုကောင်းလာပါလိမ့်မယ်။
K
သင်ဟာ လျို့ဝှက်တယ်၊ ရှက်တတ်တယ်။ SEXY ကျတယ် လိင်ပိုင်းဆိုင်ရာမှာအားသန်တယ်၊ ဒါပေမယ့် အတတ်နိုင်ဆုံးရှောင်တယ်။ သင်ဟာ တခြားသူတွေရဲ့ လှည့်ကွက်တွေကို အေးဆေး သိလွယ်တယ် ဘယ်လိုဂိမ်းမျိုးကို မဆိုစိန်ခေါ်ရင် သွေးအေးအေးနဲ့ကစားနိုင်တယ်။ ချစ်ခြင်းကို ပြင်းပြင်းထန်ထန်ခံစားတယ်။ သင်ဟာ မလှည့်စားတတ်ဘူး။ သင်ဟာ ရက်ရောပြီး ပေးကမ်းတတ်သူ ကိုယ်ကျိုးမငဲ့ပဲ ကြင်နာတတ်တဲ့ သဘောကောင်းသူတစ်ယောက်ဖြစ်ပြီး လူအများစုကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။ သင်ဟာ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်တယ်။ သင်ဟာ မှန်ကန်သင့်တော်တဲ့လူတစ်ယောက်ကို စောင့်နေဖို့အတွက် စိတ်ရှည်တဲ့လူဖြစ်တယ်
L
သင်ဟာ အလွန် Romanticဆန်သောသူတစ်ယောက်ဖြစ်နိုင်ပါတယ်။ ဘဝလက်တွဲဖော်တစ်ယောက်ယောက်ရှိနေခြင်းကသင့်အတွက် တော်တော်အရေးကြီးတယ်။ သင်ကလွတ်လပ်နေတယ် အချစ် လိင်ပိုင်းဆိုင်ရာ အခွင့်အရေးစတာတွေမှာ လွတ်လပ်ပွင့်လင်းစွာထုတ်ဖော်ပြတယ်။ လိင်ပိုင်းဆိုင်ရာ နဲ့ပက်သက်ရင် အတွေ့အကြုံသစ်တွေ စမ်းသပ်ချင်တယ်။ အချစ်အသစ်တွေကို စမ်းသုံးချင်တဲ့သဘောရှိတယ်။ သင့် RS တစ်ခုကို ရေရှည်တည်တံခြင်ရင် ချစ်တတ်ဖို့ တန်ဖိုးထားတတ်ဖို့လိုတယ်။
M
သင်ဟာ အပြစ်ကင်းစင်ပုံရတယ်။ ရှက်တတ်ပုံရပေမယ့် သင့်ပြင်ပပုံစံနဲ့ သင့်ကိုလူတွေက မခွဲခြားနိုင်ပါဘူး။ လိင်ကိစ္စနဲ့ပက်သက်ရင် အတွေ့အကြုံမရှိသေးရင်တောင် သင်ဟာ ပင်ကိုယ်အရကို ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ပါပဲ။
အချစ် အိမ်ထောင်ရေးနဲ့ပက်သက်ရင် စုံလင်ပြည့်စုံမှုကို ကြိုက်တယ်။ အဆုံးစွန်ဆုံးထိကို သွားနိုင်ပါတယ်။ သင့်ရဲ့စံနှုန်းများနဲ့ကိုက်ညီတဲ့သူကို ရှာဖွေဖို့ခက်ခဲပါတယ်။ သင့်စိတ်ခံစားမှုတွေထုတ်ဖော်ပြတာရှားတယ်။တခါတလေ သင်ဟာတစ်ကိုယ်ကောင်းဆန်စွာ သင်မှန်တယ်လို့ထင်နေတတ်တယ်။ ဘယ်တော့မှ အရှုံးမပေးတတ်ပဲ အနိုင်ရခြင်းသည်သာ သင့်ဆန္ဒဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့မိသားစုကို မကြာခန မေ့ထားတတ်ပြီး သင့်အတွေးထဲမှာ သင်နေထိုင်တတ်တယ်။
N
သင်ဟာစိတ်ခံစားမှုပြင်းထန်တယ်။ အချစ်မှာ သင့်ဖြစ်တည်မှုတစ်ခုလုံးကိုထိုအရာထဲ ပစ်ချလိုက်တတ်တယ်။ ဘယ်အရာကမှ သင့်ကို မတားဆီးနိုင်ဘူး။ အချစ်မှာ သင့်လိုပဲ ခံစားမှုပြင်းထန်တာမျိုးကို နှစ်သက်တတ်တယ်။ လုံးဝလွတ်လပ်ခြင်းကို သင်ကြိုက်နှစ်တယ်။ သင်ဟာ အရာအားလုံးကို ကြိုးစားချင်စိတ်ရှိတယ်။ သင့်စွမ်းအင်တွေက ဘယ်တော့မှ မကုန်ခမ်းနိုင်ပါဘူး။ သင့်ကိုယ်တိုင် ဘယ်လိုပျော်အောင်နေရမလဲသိသလို သင့်ချစ်သူ အိမ်ထောင်ဘက်ကိုလည်းဘယ်လို ပျော်မွေ့အောင်လုပ်ပေးရမလဲ ကောင်းကောင်းသိတယ်။သင်ဟာ အရမ်းစိတ်ကူးယဉ်ဆန်သလို အကြီးမြတ်ဆုံးသောချစ်ခြင်းမေတ္တာကိစ္စတွေကိုတပ်မက်တယ်။
O
သင်ဟာ ပျော်ရွှင်စရာ စိတ်လှုပ်ရှားမှုများကို အလွန်စိတ်ဝင်စားတဲ့သဘောရှိတယ်။ ဒါပေမယ့်လျို့ဝှက်တတ်တယ် သင့်ဆန္ဒတွေကို ထုတ်ပြဖို့ ရှက်တတ်တယ်။ သင့်စွမ်းအင်အမြောက်အမြားကို ပိုက်ဆံတွေရှာဖို့နဲ့ လူစစ်လူမှန်တွေကို ရှာဖို့ချန်ထားတတ်တယ်။ သင်ဟာသိလွယ်မြင်လွယ်သူတစ်ယောက်ဖြစ်ပါတယ်။ သင့်လို အချစ်နဲ့လိင်ပိုင်းမှာ စိတ်ထက်သန်တဲ့ ချစ်သူတယောက်ကိုလိုချင်တယ်။ လက်ခံလိမ့်မယ်။တခါတလေကျတော့လည်း သင့်ရဲ့တပ်မက်မှုတွေကို ဘယ်သူမှမသိအောင် သင်ဟာအထိန်းအသိမ်းကောင်းသူတယောက်ဖြစ်နေတတ်ပြန်ပါတယ်။
P
သင်ဟာ လူမှုရေးပိုင်းဆိုင်ရာကိစ္စတွေကို အလွန်သတိထားတယ်၊ သင့်အမည်နဲ့ ဂုဏ်သတင်းကို ထိခိုက်စေမယ့်မည်သည့်အရာကိုမဆိုလုပ်ဖို့ သင်စဉ်းစားလိမ့်မယ်မဟုတ်ပါ။ ရုပ်ရည်သွင်ပြင်ကိုဦးစားပေးတယ်၊ ဒါကြောင့်သင်ဟာ လှပတဲ့ ချစ်သူရည်းစားရှိလိမ့်မယ်၊ လိုအပ်လိမ့်မယ်။ ရုပ်ရည်တင်မကပဲ အသိညဏ်ရှိတဲ့သူမှသာ သင်နဲ့အဆင်ပြေလိမ့်မှာဖြစ်ပါတယ်။အဲ့ဒီလိုတွေသင်ထင်ထားသလိုမဖြစ်လာရင် ချစ်သူကိုလည်း ရန်သူတယောက်လိုမြင်နိုင်ပါတယ်။ သင့်အချစ်ကို စွန့်လွှတ်လိုက်ဖို့ ကြောက်မနေတတ်ဘူး။ သင်ဟာ ပေါင်းသင်းဆက်ဆံရေး ကောင်းသလို လိင်ပိုင်းဆိုင်ရာကိစ္စတွေမှာအားကောင်းတယ်။ ပရောပရည်လုပ်ခြင်းကိုနှစ်သက်တတ်ပြီး ရုပ်ပိုင်းဆိုင်ရာကျေနပ်ရောင့်ရဲမှုကိုများစွာလိုအပ်တယ်။ ဒါပေမယ့် သင့်နာမည်ထိခိုက်စေတာတွေကို ဘာတစ်ခုမှလုပ်လိမ့်မယ်မဟုတ်ဘူး။
Q
သင်ဟာ အဆက်မပြတ်လှုပ်ရှားမှုနဲ့ လှုံဆော်မှုကိုလိုအပ်တယ်။ သင့်မှာ ကြီးမားတဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းအင်တွေရှိတတ်တယ်။ ရည်မှန်းချက်ကြီးတယ်။ ပျော်ပျော်နေတတ်တယ်။ တစ်ယောက်တည်းနေရတာများပြီး တစ်ယောက်တည်းနေတတ်သွားတတ်တယ်။ သင့်မှာချစ်သူရှိခဲ့ရင်လည်း သူက သင့်ကို ထိန်းချုပ်နိုင်လိမ့်မှာမဟုတ်ပါဘူး။ သင်ဟာ အချစ်ရောလိင်ပိုင်းဆိုင်ရာမှာရော စိတ်အားထက်သန်သူဖြစ်ပြီး လူတွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်။ သင်လိုအပ်နေတာ စိတ်ကူးယဉ်ဖွယ်အရာတွေ နှလုံးသားနဲ့ပန်းပွင့်တွေနဲ့ စကားပြောဆိုမှုလိုအပ်တယ်။ ဆိုလိုတာက သင့်မှာနူးညံသိမ်မွေ့မှုလိုအပ်တယ်။
R
သင်မှာ သင်နဲ့စိတ်တူကိုယ်တူ သင့်ရည်မှန်းချက်တွေကို အမြင့်ဆုံး မြင့်တင်ပေးနိုင်သူတစ်ယောက်ယောက်လိုအပ်နေတယ်။ ကာယစွမ်းအားထက် သင့်စိတ်စွမ်းအားက သင့်မှာ ပိုကြီးမြတ်တယ်။ သင့်စိတ်က အရမ်းလျင်မြန်နေတယ်။ ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုက သင့်အတွက် သိပ်အရေးမကြီးပါ။ သင်က ပွင့်လင်းတယ် လူတွေကိုလုံဆော်နိုင်စွမ်းကြီးတယ် စိတ်ကူးယဉ်ဆန်တယ်။ သင်ဟာထိုက်တန်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာ အရာအားလုံးအတွက် သက်သေပြချင်တယ်၊ ကြိုးစားပီး သက်သေပြလိမ့်မယ်။
S
သင်ဟာ ကိုယ့်ကိုကိုယ် ကမ္ဘာဂြိုလ်မှာတစ်ယောက်တည်းရှိသလို စိတ်ဝင်နိုင်တယ်။ သင်ဟာ အများရဲ့ အာရုံစူးစိုက်မှု ဗဟိုမှာနေတယ်။ အမှားတစ်ခုလုပ်ပီးတိုင်း နမူနာတစ်ခုယူတယ်။ အချစ်နဲ့လိင်ပိုင်းဆိုင်ရာမှာ အားကောင်းတယ်၊ ဒါပေမယ့် သင့်စိတ်ခံစားမှုကို ဘယ်တော့မှ မလွတ်ထွက်သွားအောင်နေနိုင်တယ်။ မနာလိုစိတ်ဖြစ်တတ်ပြီးတော့ တစ်ခုခုကိုလိုချင်ရင် ပိုင်ဆိုင်လိုက်ရမှကျေနပ်တယ်။ သင်ဟာရက်ရောပီးပေးကမ်းတတ်တယ်။ မာချင်ယောင်ဆောင်ထားတဲ့ ပျော့ပြောင်းတဲ့စိတ်ရှိတယ်။ အချစ်ကို အလေးအနက်ထားတယ်။ မလှည့်ဖြားတတ်ကြဘူး။ သင့်ရဲ့ချိုသာမှုနဲ့ကြင်နာမှုကြောင့်လူတွေက သင့်ကို,ခင်ကြလိမ့်မယ်။ သင်က သူငယ်ချင်းကောင်းတစ်ယောက်ပါပဲ။
T
သင်ဟာ အထိအခိုက်ကိုမခံဘူး၊ သင်ဟာ သင့်ကိုဦးဆောင်နိုင်သူကို ကြိုက်တယ်။ တေးဂီတ နူးညံတဲ့အချစ်ဇာတ်လမ်းတွေ ဖျော့တော့တဲ့အရောင်တွေကို ကြို က်တယ်။ အရောင်ဆိုစူးစူးရှရှတွေ မကြိုက်တတ်ဘူး။ သင့်ဆက်ဆံရေးကို သင်စိတ်ကူးထားတဲ့အိမ်မက်အတိုင်း အံဝင်ခွင်ကျဖြစ်မှကျေနပ်တတ်တယ်၊ သင့်အိမ်မက်တွေဆီကို မရောက်ရောက်အောင်သွားတတ်တယ်။ သင့်ကိုယ်ပိုင်လမ်းကို ကြိုက်တယ်။ ပြောင်းလဲမှုတွေကို သိပ်မကြိုက်ဘူး။ ထိပ်ဆုံးကို ရောက်ဖို့ ရည်ရွယ်ပီး အလုပ်လုပ်တတ်တယ်။ အခြားသူတွေရဲ့ ဝေဖန်မှုတွေက သင့်စိတ်ကိုဖျက်ဆီးနိုင်တယ်။ ဂရုမစိုက်ခြင်းအနုပညာကို ကျွမ်းကျင်ဖို့လိုအပ်နေတယ်၊ အပြုသဘောဆောင်တဲ့ အကြံပေးချက်တွေကိုလည်း လက်ခံတတ်ဖို့သင်ကြားရလိမ့်မယ်။
U
အချစ်မှာစိတ်အားထက်သန်ပီး ပျော်ရွှင်မှု အရှိဆုံးပဲ။ သင်မြတိနိုးချစ်ခင်ဖို့ တစ်စုံတစ်ဦးကို ရှာဖွေနေတတ်တယ်။ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းကို, စိန်ခေါမှုလို့ သင်မြင်တယ်။ လက်ဆောင်ပေးရတာကိုကြိုက်သလို လက်ဆောင်ရလာတာကိုလည်း ကျေနပ်ပျော်ရွှင်နေတတ်တယ်။ တခြားသူတွေရဲ့ ခံစားချက်တွေက သင့်အပေါ် အရမ်းလွှမ်းမိုးတယ်။ တခုခုဆို ကိုယ့်ခံစားမှုကို ပိုအလေးပေးတတ်ဖို့ တစ်ကိုယ်ကောင်းဆန်တတ်ဖို့လိုပါတယ်။
V
တစ်ယောက်တည်းလွတ်လပ်နေတယ် စိတ်လှုပ်ရှားစရာတွေလိုအပ်နေတယ်။ အသက်အရွယ်ကြီးတာငယ်တာကအရေးမကြီးပဲ ခံစားမှုနဲ့ အသိတရားက အရေကြီးတယ်လို့သင်ထင်တယ်။ တခြားလူတစ်ယောက်ဘာတွေတွေးနေတယ် ခံစားနေတယ်ဆိုတာကို သူတို့ ခေါင်းထဲ သင်ဝင်ကြည့်ဖို့လုပ်နေတတ်တယ်။ အန္တရယ်တွေနဲ့ အကြောက်တရားတွေကို တုံ့ပြန်မှုမှာ ကောင်းမွန်စွာသတိရှိရှိတုံ့ပြန်နိုင်တယ်။
W
သင်ဟာ သင့်ကိုယ်သင် Proudဖြစ်တယ်။ ဆုံးဖြတ်ထားပီဆို နောက်မဆုတ်တတ်ဘူး၊ အချစ်မှာ သင်ချစ်ချင်တာကို ချစ်မယ်၊ ဘယ်သူ့ကိုမှ ဂရုစိုက်နေမှာမဟုတ်ဘူး။ အရှက်အကြောက်ကြီးတဲ့ပုံပေါက်နေပေမယ့် တကယ်ကသင်လုပ်ချင်တာလုပ်ဖို့အတွက်ဆို သင်မရှက်တော့ဘူး။ အချစ်ဂိမ်းကစားနေရတာကိုသင်နှစ်သက်တယ်၊ အချစ်ကို နက်နက်ရှိုင်းရှိုင်းခံစားတယ်။
X
သင်ဟာ ငြီးငွေ့လွယ်တယ်။ သင်ဟာ လုံဆော်မှုအမြဲလိုအပ်နေတတ်တယ်။ သင်ဟာ RSတစ်ခုပီးတစ်ခုဖြစ်နေတတ်တယ်။ တစ်ကြိမ်တည်းမှာ ၂ခု ၂ခုသောအရာတွေကိုလုပ်နိုင်တယ်၊ သင်ဟာ ပင်ကိုယ်စွမ်းရည်အရမ်းကြီးတယ်။
Y
သင်ဟာ ကာမဂုဏ်ကိုကြိုက်တယ် အလွန်လွတ်လပ်စွာခံစားတတ်တယ်။သင့် RSဟာ ကောင်းကောင်းအလုပ်မဖြစ်ရင် သင်ကိုယ်တိုင် ကောင်းကောင်းထိန်းချုပ်ချင်တယ်။ သင်ဟာရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုအားကောင်းတတ်သလို သင့်ကိုချစ်သူတွေ ပတ်ပတ်လည်ဝိုင်းရံနေတတ်တယ်။ သင်ကပွင့်လင်းတယ် စိတ်ကောင်းရှိတယ် အလုပ်ခနခနလက်မဲ့ဖြစ်တတ်တယ်။ သင့်ကိုသင်အကောင်းဆုံးသက်သေပြဖို့လိုအပ်တယ်၊ သင့်မှာ ပင်ကိုယ်အရည်အချင်းတွေရှိထားပီဂ သင်ကိုယ်တိုင် ကောင်းကောင်းအသုံးမချနိုင်ဘူးဖြစ်နေတတ်တယ်။
Z
သင်ဟာ Romanticအရမ်းဆန်ပေမယ့် အချစ်မှာ စိတ်ဆင်းရဲရတတ်တယ်။ သင့်အချစ်ရေးမှာ သူများတွေနဲ့မတူတဲ့ အခက်အခဲတွေရှိနေတတ်တယ်။ သင်ဟာ ကိုယ့်ကိုကိုယ်ချစ်သူရဲ့ ကယ်တင်ရှင်အဖြစ်ထင်နေတတ်တယ်။ ကဲ..ဒီလောက်ဆို နာမည်အစတွေက ပြောနေတဲ့ သင့်အကြောင်းတစ်စိတ်တစ်ပိုင်းတွေ သိလောက်ပီထင်ပါတယ်။
#Lifestyle_Myanmar
#Mg_Htet
REF_Spirital.com