(၁) ဆယ်ကျော်သက်အရွယ် ကုန်လွန်တဲ့အချိန်
ဆယ်ကျော်သက်အရွယ်ကုန်လွန်ကာစဟာ လူတစ်ယောက်အတွက် အပြောင်းအလဲတွေ အကြီးအကျယ်ကြုံရမယ့် အချိန်ပါ။ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေတင်မကဘဲ၊ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်၊ အယူအဆတွေပါ ပြောင်းလဲနိုင်တဲ့အချိန်ပါ။
(၂) လမ်းခွဲရတဲ့အချိန်
ချစ်ရတဲ့သူနဲ့ လမ်းခွဲတဲ့အချိန်ဟာ ခက်ခဲတဲ့အချိန်တွေထဲက တစ်ခုပါ။ ဒီဘက်ခေတ်မှာ အလွယ်တကူလမ်းခွဲကြတယ်ဆိုပေမယ့် ကိုယ်တကယ် ခံစားချက်ရှိတဲ့သူ၊ ဘဝအတွက် ရည်ရွယ်ထားတဲ့သူ၊ သံယောဇဉ်တွေအရမ်းကြီးရတဲ့သူနဲ့ လမ်းခွဲရတယ်ဆိုရင်တော့ ဒါဟာ အမြဲတမ်းအမှတ်ရနေရလောက်အောင် ခက်ခဲတဲ့အချိန်ပါ။
(၃) ခင်မင်မှုတွေ အဆုံးသတ်ရတဲ့အချိန်
ကိုယ့်အကြောင်း သူသိ၊ သူ့အကြောင်း ကိုယ်သိပြီး အရမ်းခင်ရတဲ့ သူငယ်ချင်းနဲ့ ဘဝမှာ ကျောခိုင်းရတယ်ဆိုတာ ခံစားရခက်ပါတယ်။ အကောင်းဆုံး သူငယ်ချင်းဆိုတာ ရင်ခုန်ခြင်းတွေမပါပေမယ့် နှစ်ယောက်ကြားမှာ ချစ်ခြင်းတွေ ပါရှိပါတယ်။
(၄) ရှုံးနိမ့်တဲ့အချိန်
ဘဝမှာ ရှုံးနိမ့်တယ်ဆိုတဲ့ အခိုက်အတန့်တွေကတော့ မကြာခဏဆိုသလို ကြုံရမှာပါပဲ။ တစ်ချို့ အရှုံးတွေကိုကျော်ဖြတ်နိုင်ပေမယ့် တစ်ချို့သော ရှုံးနိမ့်မှုတွေကတော့ ပြန်လည်ရုန်းထရ ခက်ခဲရလောက်အောင် ဆိုးသွားတာမျိုးတွေ ရှိပါတယ်။
(၅) ကွာရှင်းတဲ့အချိန်
ဘဝကို အတူတူဖြတ်သန်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ လက်တွဲခဲ့ရတဲ့ လက်တွဲဖော်နဲ့ လမ်းခွဲရတဲ့အချိန်ဟာ အရာအားလုံး ပြီးဆုံးသွားသလိုပါပဲ။ အကြောင်းအမျိုးမျိုးရှိနိုင်ပေမယ့် ဒီအခိုက်အတန့်ဟာလည်း ခက်ခဲတဲ့ အခိုက်အတန့်ပါပဲ။
(၆) အလုပ်ပြုတ်တဲ့အချိန်
ဘယ်သူကမှတော့ အလုပ်ပြုတ်ချင်မှာ မဟုတ်ပါဘူး။ အလုပ်ပြုတ်တယ်ဆိုတာ စားဝတ်နေရေးအတွက်သာမကဘဲ ယုံကြည်မှုကိုပါ ထိခိုက်စေပါတယ်။ ကိုယ့်ကိုယ်ကိုလည်း သိမ်ငယ်မှုကို ခံစားရစေပြီး စိတ်ဓါတ်ကျဆင်းမှုတွေ ခံရနိုင်ပါတယ်။
(၇) နာမကျန်းဖြစ်တဲ့အချိန်
ကျန်မာရေးရဲ့တန်ဖိုးကို နေကောင်းနေတဲ့အချိန်မှာ နားမလည်နိုင်ပါဘူး။ ဒါပေမယ့် တကယ်ကို ဆေးရုံမှာနေပြီးဝေဒနာတွေကို ခံစားနေရပြီဆိုရင်တော့ အဲဒီအခိုက်အတန့်ဟာ ငရဲတစ်ခုလိုပါပဲ။
(၈) ချစ်တဲ့သူတွေ ဆုံးသွားတဲ့အချိန်
ကိုယ့်ရဲ့မိဘတွေ၊ ချစ်သူတွေ ဘဝကြီးထဲက ထွက်သွားတဲ့အချိန် (ဆုံးပါးသွားတဲ့အချိန်) ဟာ ဘဝမှာ နာကျင်ခံစားရဆုံးအချိန်ပါပဲ။
[ Unicode ]
(၁) ဆယ်ကျော်သက်အရွယ် ကုန်လွန်တဲ့အချိန်
ဆယ်ကျော်သက်အရွယ်ကုန်လွန်ကာစဟာ လူတစ်ယောက်အတွက် အပြောင်းအလဲတွေ အကြီးအကျယ်ကြုံရမယ့် အချိန်ပါ။ ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေတင်မကဘဲ၊ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်၊ အယူအဆတွေပါ ပြောင်းလဲနိုင်တဲ့အချိန်ပါ။
(၂) လမ်းခွဲရတဲ့အချိန်
ချစ်ရတဲ့သူနဲ့ လမ်းခွဲတဲ့အချိန်ဟာ ခက်ခဲတဲ့အချိန်တွေထဲက တစ်ခုပါ။ ဒီဘက်ခေတ်မှာ အလွယ်တကူလမ်းခွဲကြတယ်ဆိုပေမယ့် ကိုယ်တကယ် ခံစားချက်ရှိတဲ့သူ၊ ဘဝအတွက် ရည်ရွယ်ထားတဲ့သူ၊ သံယောဇဉ်တွေအရမ်းကြီးရတဲ့သူနဲ့ လမ်းခွဲရတယ်ဆိုရင်တော့ ဒါဟာ အမြဲတမ်းအမှတ်ရနေရလောက်အောင် ခက်ခဲတဲ့အချိန်ပါ။
(၃) ခင်မင်မှုတွေ အဆုံးသတ်ရတဲ့အချိန်
ကိုယ့်အကြောင်း သူသိ၊ သူ့အကြောင်း ကိုယ်သိပြီး အရမ်းခင်ရတဲ့ သူငယ်ချင်းနဲ့ ဘဝမှာ ကျောခိုင်းရတယ်ဆိုတာ ခံစားရခက်ပါတယ်။ အကောင်းဆုံး သူငယ်ချင်းဆိုတာ ရင်ခုန်ခြင်းတွေမပါပေမယ့် နှစ်ယောက်ကြားမှာ ချစ်ခြင်းတွေ ပါရှိပါတယ်။
(၄) ရှုံးနိမ့်တဲ့အချိန်
ဘဝမှာ ရှုံးနိမ့်တယ်ဆိုတဲ့ အခိုက်အတန့်တွေကတော့ မကြာခဏဆိုသလို ကြုံရမှာပါပဲ။ တစ်ချို့ အရှုံးတွေကိုကျော်ဖြတ်နိုင်ပေမယ့် တစ်ချို့သော ရှုံးနိမ့်မှုတွေကတော့ ပြန်လည်ရုန်းထရ ခက်ခဲရလောက်အောင် ဆိုးသွားတာမျိုးတွေ ရှိပါတယ်။
(၅) ကွာရှင်းတဲ့အချိန်
ဘဝကို အတူတူဖြတ်သန်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ လက်တွဲခဲ့ရတဲ့ လက်တွဲဖော်နဲ့ လမ်းခွဲရတဲ့အချိန်ဟာ အရာအားလုံး ပြီးဆုံးသွားသလိုပါပဲ။ အကြောင်းအမျိုးမျိုးရှိနိုင်ပေမယ့် ဒီအခိုက်အတန့်ဟာလည်း ခက်ခဲတဲ့ အခိုက်အတန့်ပါပဲ။
(၆) အလုပ်ပြုတ်တဲ့အချိန်
ဘယ်သူကမှတော့ အလုပ်ပြုတ်ချင်မှာ မဟုတ်ပါဘူး။ အလုပ်ပြုတ်တယ်ဆိုတာ စားဝတ်နေရေးအတွက်သာမကဘဲ ယုံကြည်မှုကိုပါ ထိခိုက်စေပါတယ်။ ကိုယ့်ကိုယ်ကိုလည်း သိမ်ငယ်မှုကို ခံစားရစေပြီး စိတ်ဓါတ်ကျဆင်းမှုတွေ ခံရနိုင်ပါတယ်။
(၇) နာမကျန်းဖြစ်တဲ့အချိန်
ကျန်မာရေးရဲ့တန်ဖိုးကို နေကောင်းနေတဲ့အချိန်မှာ နားမလည်နိုင်ပါဘူး။ ဒါပေမယ့် တကယ်ကို ဆေးရုံမှာနေပြီးဝေဒနာတွေကို ခံစားနေရပြီဆိုရင်တော့ အဲဒီ့အခိုက်အတန့်ဟာ ငရဲတစ်ခုလိုပါပဲ။

Ref; lifehacks