အောင်မြင်သူဆယ်လီတို့ နေ့တိုင်းကျင့်သုံးကြတဲ့ မနက်ခင်းအမူအကျင့်ကောင်းများ
shwemom.com
|
2018-12-06

အောင်မြင်သူတွေမှာ တူညီချက်တော်တော်များများရှိပါတယ်။ သူတို့အားလုံးရဲ့ တူညီလက်ခံတဲ့အချက်က စိတ်ကြည်ကြည်လင်လင်နဲ့အိပ်ရာနိုးချိန်မှာ ကိုယ့်အတွက်အဆိုးဆုံးဆိုတဲ့ ပြဿနာကိုအရင်စဉ်းစားဖြေရှင်းပါတယ်လို့လည်း ဆိုပါတယ်။ နောက်တစ်ခုကတော့အောင်မြင်သူတွေဟာ နေ့စဉ်အချိန်ဇယားကိုအကျိုးရှိစွာအသုံးချလေ့ရှိပါတယ်။အောက်ဘက်မှာတော့ နယ်ပယ်အသီးသီးမှာ ကျော်ကြားထင်ရှားကြတဲ့အောင်မြင်သူတွေဟာ မနက်ခင်းအချိန်ကို ဘယ်လိုအသုံးချကြလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ဘားရတ်အိုဘားမား



Instagram

အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ ဘားရတ်အိုဘားမားကို ခေတ်သစ်ကမ္ဘာကြီးထဲက ထူးဆန်းတဲ့လူလို့ ပြောရင်ရနိုင်ပါတယ်။ သူက ကော်ဖီလုံး၀ မသောက်ပါဘူး။ ရေဓာတ်ပြည့်ဝစေဖို့နဲ့ ခန္ဓာကိုယ်တွင်း ဇီဝစွမ်းအင်စနစ်တွေ တိုးမြှင့်စေဖို့ ကော်ဖီသောက်မယ့်အစား လက်ဖက်စိမ်း၊ လိမ္မော်ရည်နဲ့ ရေကိုသာ သောက်လေ့ရှိပါတယ်။အိုဘားမားရဲ့ မနက်ခင်းအချိန်ဇယားကတော့ လေ့ကျင့်ခန်းလုပ်တာရယ်၊ မနက်စာမှန်မှန်စားတာရယ် ဖြစ်ပါတယ်။ ပျမ်းမျှအနေနဲ့အိုဘားမားဟာ တစ်ညကိုအိပ်ချိန်(၅) နာရီရှိပြီး မနက်ခင်းနိုးချိန်မှာတော့ နှလုံးကြွက်သားဆိုင်ရာ လေ့ကျင့်ခန်းတွေကို လုပ်လေ့ရှိပါတယ်။




ဂျနီဖာအနစ္စတန်



Instagram

သူမကတော့ စောစောထတတ်သူပါ။ မနက်ခင်း (၄း၃၀) မှာပုံမှန်ထပြီးအဲဒီကတည်းကနေ တောက်လျှောက် လုပ်စရာရှိတာတွေကို လုပ်ပါတယ်။ သူမဟာ မနက်တိုင်းမှာ ရေနွေးနဲ့ လီမွန်သီးစိမ်ရည်ကို သောက်လေ့ရှိပြီး မိနစ်(၂၀) လောက် တရားထိုင်လေ့ရှိပါတယ်။ စောစောထတာက သူမကို တစ်နေ့တာအတွင်းအလုပ်တွေကို ပိုမိုပြင်ဆင်ချိန်ရတယ်လို့ သိရပါတယ်။

အော်ပရာဝင်းဖရေး



Instagram

တရားထိုင်ခြင်းရဲ့အကျိုးကျေးဇူးတွေကအများကြီးပါ။ စိတ်ဖိစီးမှုလျော့ကျစေဖို့အထောက်အကူဖြစ်စေတဲ့အပြင် ဖန်တီးနိုင်စွမ်းရည်နဲ့ မှတ်ဉာဏ်စွမ်းအားကိုပါ တိုးတက်စေပါတယ်။ ဒါကြောင့်အော်ပရာကတော့ မနက်ခင်းတိုင်း မိနစ်(၂၀) လောက် တရားထိုင်တတ်ပါတယ်။အားလပ်ရက်တွေ၊ စနေ၊ တနင်္ဂနွေတွေပါ မကျန်အောင် သူမက နေ့တိုင်းတရားထိုင်ပါတယ်။ ငြိမ်ငြိမ်လေးထိုင်နေရတာက မိမိကိုယ်ကို ရောင့်ရဲတင်းတိမ်စေပြီး ပျော်ရွှင်စေတယ်လို့ သူမက ဆိုပါတယ်။အော်ပရာက တစ်နေ့မှာ(၂) ကြိမ်လောက်တော့ တရားထိုင်ပါတယ်။

ဂျူလီယန်ဟက်ဖ်



Instagram

ဂျူလီယန်ကတော့ မနက်ခင်းနိုးလာတိုင်း ကျေးဇူးတရားဆင်ခြင်ခြင်းနဲ့ နိုးထပါတယ်။ မနက်ကို (၆း၃၀) ထပြီးနောက်မှာ သူမဟာအိပ်ရာပေါ်မှာ ထိုင်ပြီး သူမကျေးဇူးတင်ရမယ့်အရာငါးခု သို့မဟုတ် သူမဖြစ်ဖို့ မျှော်မှန်းထားတဲ့အရာတွေကို ဆင်ခြင်တွေးတောလေ့ရှိပါတယ်။ ဒါ့အပြင် (၂၄) နာရီအတွင်း ဝိဉာဏ်ပိုင်းဆိုင်ရာ ရည်မှန်းချက်အချို့ကိုလည်း ချမှတ်ပါသေးတယ်။ ဥပမာ ဒီနေ့တော့ လူ(၁၀) ယောက်ကို ရယ်ပြုံးအောင်လုပ်ပေးမယ် စသဖြင့်ပါ။

စတိဗ်ဂျော့ဗ်



Instagram

စတိဗ်ရဲ့ စတန်းဖို့ဒ် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ပြောတဲ့ မိန့်ခွန်းထဲမှာတော့ သူက ဒီလိုဆိုပါတယ်။ မနက်ခင်း သူမှန်ကြည့်တဲ့အချိန်တိုင်းမှာ နေ့တိုင်းမေးခွန်းတစ်ခုကိုပဲ မေးပါတယ်တဲ့။ “တကယ်လို့ ဒီနေ့သာ ဘဝရဲ့ နောက်ဆုံးနေ့ဖြစ်ခဲ့ရင် ငါဘာလုပ်မလဲ။” ဆိုပြီးတော့ပါ။ ဒီမေးခွန်းကို ထပ်တလဲလဲဆင်ခြင်ရင်း ဘဝရဲ့အရေးမပါတဲ့အရာတွေကို ဇကာစစ်ချနိုင်တယ်လို့ သူကတော့ ဆိုပါတယ်။ သူ့အလုပ်၊ သူ့ဆန္ဒတွေနဲ့ပတ်သက်လို့ စတိဗ်ဟာ သူ့ကိုယ်သူ မနက်တိုင်း သတိပေးနေတာကြောင့် သူ့ရဲ့အိပ်မက်တွေကိုအများချီးမွမ်းအားကျရလောက်အောင်အကောင်အထည်ဖော်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: Brightside




Some text some message..