ရာသီခွင်တွေအရ ချစ်သူတော်ရင် အချစ်တတ်ဆုံး ယောကျာ်းတွေ နဲ့ မိန်းမတွေရှိကြပါတယ်။ အဲ့ဒီထဲမှာ အချစ်တတ်ဆုံး ရာသီခွင်တစ်ခုအကြောင်းပြောပြချင်တာပါ။ သူတို့ကို ချစ်သူတော်ထားရင် ကမ္ဘာ့ကံအကောင်းဆုံးလူသားတွေဖြစ်မှာပါ။ ဘာကြောင့် ကံကောင်းမှာလဲဆိုတာကို ဖတ်ကြည့်လိုက်ရအောင်နော်..
သစ္စာ အရမ်းရှိတယ်
Taurusတွေက သစ္စာတရားကိုတန်ဖိုးထားပါတယ်။ သစ္စာတရားဆိုတာ ပန်းတစ်ပွင့်ဆို သူတို့က တစ်ပင်လုံးညွတ်နေအောင် ပွင့်တတ်တဲ့ သစ္စာ ပန်းပင်ပါ။ သူတို့ ချစ်သူကို သစ္စာဖောက်ဖို့မတွေးကြပါဘူး။ အချစ်ကြီးတယ် မာနကြီးတယ် ခေါင်းမာတယ်။ သူတို့ကို သစ္စာဖောက်တယ်လို့တွေးမိသွားရင် လှည့်မကြည့်တော့ဘူး။ သူတို့ကိုသာ မလှည့်စားပါနဲ့။ ထာဝရထက်တစ်ရက်ပိုအောင် သူတို့က သစ္စာရှိမယ့်သူတွေပါ။
အစွဲအလမ်းကြီးတယ်
Taurus တွေကအချစ်ကြီးသလို အစွဲအလမ်းကြီးကြတယ်၊ တစ်ယောက်ဆိုတစ်ယောက်ကိုပဲ အလေးအနက်ခံစားတတ်တယ်။ ခေါင်းအရမ်းမာတယ်။ သူတို့ဘက်က သစ္စာတရားနဲအချစ်ကို အလေးအမြတ်ပြုသလောက် သစ္စာဖောက်မှုနဲ့ကြုံ့ခဲ့ရင် ဘယ်လိုမှ ခွင့်မလွှတ်တတ်ကြတော့ဘူး၊ ဒီပြဿနာက သူ့ရင်တစ်ခုလုံးနဲ့ရင်းပီးချစ်ထားတဲ့ အချစ်ကို အဆုံးရှုံးခံပီး ဆက်ချစ်နေတတ်ပါတယ်။ ပြောရရင် တောင်းပန်တာကိုလက်မခံတော့ပေမယ့် တစ်ယောက်တည်းတိတ်တိတ်လေးဆက်ချစ်နေတတ်တယ်၊ တစ်ခုဆိုးတာက သူတို့ဘေးမှာ ချစ်သူခင်သူတွေဝိုင်းနေတာတောင် အတိတ်ထဲက ရုန်းမထွက်နိုင်ကြလို့ အကောင်းဆုံးလူတွေက ဆုံးရှုံးသွားတတ်ပါတယ်။
Taurusတွေက Romanticအရမ်းဆန်တယ်.
Taurusတွေက ရိုးရှင်းတယ်ထင်ရပေမယ့် သူတို့က အရမ်းစိတ်ကူးယဉ်ဆန်ပါတယ်။ Taurusတွေက ဘဝမှာ ကောင်းမွန်တဲ့ ချိုသာတဲ့ အရာတွေကို ပဲလိုချင်ကြပါတယ်။ သူတို့ရဲ့ရက်ရောမှုနဲ့ ချိုမြတဲ့နှလုံးသားတွေဟာ သင့်အတွက် အကောင်းဆုံး အကြွင်းမဲ့ ပေးဆပ်ချင်တာမျိုးပါ။ သူတို့က ရာသီခွင်တွေထဲမှာ ချစ်သူကို ဘုရင်တစ်ပါးလို ဆက်ဆံချင်တာမျိုးပါ။
Taurusတွေက ဆန်းကြယ်တယ်
Taurusတွေနဲ့စတွေ့ရင် သူတို့ရင်ထဲက အစစ်အမှန်တွေကိုနားလည်ဖို့ခက်ပါလိမ့်မယ်။ သူတို့က ဖုံးကွယ်ထားတဲ့အရာတွေများတယ်။ သူတို့က အလွန်လျို့ဝှက်နှက်နဲပြီးဆန်းကြယ်သော ပုံစံရှိကြပါတယ်။ ဒါကရိုင်းစိုင်းတာမျိုးမဟုတ်ပါဘူး။ သူကသင့်ကိုချစ်တယ် ခင်တယ် ယုံကြည်တယ်ဆို သူ့မှာ ပြောစရာတွေအများကြီး ရှိလာပါလိမ့်မယ်။ သူတို့ရဲ့ကြင်နာတတ်မှု ရိုးသားမှုကို အခွင့်ကောင်းယူလို့ သူတို့နာကျင်ရတဲ့သင်ခန်းစာတွေဆီကနေ သူတို့ အာ့လို နေတတ်သွားတာမျိုးပါ။ သူတို့နဲ့ချစ်သူတော်ရင် ရင်ခုန်ဖို့ကောင်းတယ်။
သူတို့မှာကြီးမားတဲ့အလုပ်စည်းမျည်းရှိတယ်
သူတို့ကို အလုပ်ရှင်တွေဘက်က တော်တော်ခွင့်လွှတ်ပေးရလိမ့်မယ်။ သူတို့အလုပ်စည်းမျည်းက သူတို့ဆွဲထားတာမျိုးပါ။ အခြားစည်းမျည်းတွေက သူတို့ချိုးဖောက်ချင်ဖောက်ပါလိမ့်မယ်။ သူတို့က အလုပ်မှာ အကောင်းဆုံး လုပ်ကြတယ်။ ပြီးပြည့်စုံတာကို ကြိုက်နှစ်သက်တယ်။ သူတို့က အလုပ်တွေ ဆက်ဆံရေးတွေ မိတ်ဆွေတွေ မိသားစုတွေ အရာအားလုံးကို သူတို့လုပ်နိုင်သမျှ အကောင်းဆုံးပေးဆပ်တယ်။ သူတို့က ၁၀၀ရာခိုင်နှုန်းမလုပ်ဘူး။ ၁၁၀ရာခိုင်နှုန်းလုပ်တာမျိုးဖြစ်တယ်။ သူတို့က မမောနိုင်မပန်းနိုင်လုပ်ဆောင်နိုင်စွမ်းတွေရှိတယ်။ သင်အလုပ်မှာ ဘယ်တော့မှစိတ်မညစ်ရအောင် မမောနိုင် မပန်းနိုင် သူတို့က အားပေးပါလိမ့်မယ်။
ခေါင်းမာပီး ယုံကြည်မှုကြီးတယ်
သင်Taurusတွေကို ချစ်သူတော်မယ်ဆို သူတို့ခေါင်းမာတာကို သည်းခံဖို့တော့လိုပါလိမ့်မယ်။ ခေါင်းမာတယ်ဆိုတာ တစ်ခုခုကို မရရအောင်လုပ်တတ်တာမျိုးလည်းဖြစ်ပါတယ်။ သူတို့က သူတို့ရပ်တည်ချက်ကို နက်နက်နဲနဲသိပီး သင့်ရပ်တည်မှုကိုလည်း စော်ကားမယ့်လူစားတွေမဟုတ်ပါဘူး။ သူတို့ရှုထောင့် သူတို့မြင်တဲ့အရာတွေ ယုံကြည်မှုတွေကို ကာကွယ်ဖို့လိုအပ်လာရင် တစ်ယောက်တည်းနဲ့ ခံချလိမ့်မယ်။ သူတို့က သူတို့ကိုသူတို့ ယုံကြည်မှုရှိတာကြောင့် တခြားသူတွေကိုလည်း ယုံကြည်တတ်တယ်။ သင့်ကိုလည်း သူတို့က ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိဖို့ သင်ပေးပါလိမ့်မယ်။ သင့်ကိုသူတို့လို ခေါင်းမာတတ်တဲ့ အကျင့်လေးတွေပါ ကူးစက်စေလိမ့်မယ်။ ကဲ Taurusလေးတွေကို ဘယ်လောက် ချစ်သူတော်ဖို့ ကောင်းလဲ?
ရပ်တန့်နေရမှာကြောက်တယ်
taursusတွေက သူတို့ တနေရာရာမှာ ရပ်တန့်နေရမှာကြောက်တယ်။ သူတို့ တိုးတက်ဖို့ အမြဲရှာဖွေနေတတ်တယ်။ သူတို့မှာ ပန်းတိုင်တွေ လမ်းညွှန်မှုတွေ ရည်ရွယ်ချက်တစ်ခုခုလိုအပ်တယ်။ သူတို့တခုခုမရည်ရွယ်ထားပဲ ဘာမှမလုပ်တတ်ဘူး။ သူတို့က အပ်နှံထားတဲ့ အလုပ်နဲ့လုပ်ဆောင်မှုရဲ့တန်ဖိုးကိုသိပီး ပန်းတိုင်တွေဆီရောက်အောင်သွားတယ်။ သင့်အိမ်မက်တွေကို မပြည့်ပြည့်အောင် သူတို့ လုပ်ပေးလိမ့်မယ်။ သူတို့က သင့်ကို အရှုံးပေးခိုင်းမှာကို မဟုတ်ဘူး။ ကဲ..ဒီလောက်ဆို Taurusလေးတွေကို သင်ချစ်သူတော်ဖို့ရွေးသင့်ပီထင်တယ်နော်… မင်မင်လည်း Taurusပါနော်..ကဲဘယ်လိုလဲ..
#Lifestyle_Myanmar
#Mg_Htet
REF_Pop