ကိုယ်ချစ်တဲ့ကောင်မလေးကို ရည်းစားစကား စမပြောခင်မှာ ဘာလုပ်သင့်တယ်ဆိုတာလေး တွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ အချစ်ရေးမှာ အဆင်ပြေကြပါစေ။
၁။ သူမရဲ့သူငယ်ချင်းတွေနဲ့ ခင်အောင်ကြိုးစားပါ
မင်းသူမကို စိတ်ဝင်စားနေပြီဆိုတာနဲ့ သူနဲ့ ပတ်သက်တဲ့ အခင်ဆုံး သူငယ်ချင်းတွေနဲ့
ခင်မင်အောင်ကြိုးစားပါ။ ဘာလို့လဲဆိုတော့ ကောင်မလေးတော်တော် များများ(၇၀%)
လောက်ဟာ ရည်းစားရွေးပြီဆိုရင် အခင်ဆုံးသူငယ်ချင်းတွေကို တိုင်ပင်တတ်ကြလို့ပါ။
၂။ သူမင်းကို ယုံကြည်လာအောင်ကြိုးစားပါ
ယုံကြည်လာအောင်ကြိုးစားပါလို့ ပြောတဲ့နေရာမှာလည်း လိမ်လည်လှည့်ဖြားတာမျိုး မဟုတ်ဖို့ တော့ လိုအပ်ပါမယ်။ ဘာလို့လဲဆိုတော့ မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေရဲ့ရုပ်ရည်ထက်၊ သူရဲ့အပြုအမူ၊ အလုပ်အကိုင်၊ အဆင့်အတန်းတွေ သူမရဲ့ယုံကြည်မှုမှာထည့်တွေးတက်ကြလို့ပါ။ ဒီအပြုအမူ အဆင့်အတန်းတွေကို လိမ်ညာထားရင်တော့အဖြစ်မှန်ပေါ်တဲ့ တစ်နေ့မင်းကိုဂွမ်းသွားမှာသေချာပါတယ်။ဒါကြောင့်မင်းကိုယ်တိုင်မှန်ကန်တဲ့ယုံကြည်မှုပေးနိုင်အောင်ကြိုးစားပါ။
၃။ သူမနဲ့တွေ့ရင်ကြင်နာပြပါ
သူမနဲ့တွေ့ရင်ကြင်နာပြပါဆိုတာကလည်း အရမ်းအိုဗာ ဖြစ်ဖို့တော့မလိုပါဘူး။ တော်သင့်ရုံပေါ့။
ဥပမာ- သူမရဲ့ထီးကိုကိုင်ပေးတာမျိုး၊ သူမစားမဲ့မုန့်ကိုယူ ပေးတာမျိုး၊
သူမသောက်မဲ့ ရေဘူးကို ဖောက်ပေးတာမျိုးပေါ့။ ဒီလိုလုပ်ပေးတဲ့နေရာ မှာလဲ
မင်းရဲ့မျက်လုံးမှာကြင်နာရိပ်လေးတော့ သန်းနေသင့်တာပေါ့နော။
၄။ သူ့ဘက်ကဘယ်လို သဘောထားလဲလေ့လာပါ
တကယ်တော့ ကောင်လေးတော်တော်များများဟာ ရည်းစားစကားမပြောခင်မှာ ကောင်မလေးကကိုယ့်ကိုဘယ်လို သဘောထားလဲဆိုတာ နားလည်တယ်လို့တော့
ထင်ပါတယ်။ အောက်ကအချက်လေးတွေ သူမမှာတွေ့နေရင်တော့ သေချာပါတယ်။ သူမမင်းကိုပြန်ချစ်မယ်လို့ (55%) ယူဆနိုင်ပါတယ်။
– တစ်နေရာရာသွားမယ်ဆိုတိုင်း မင်းကိုခေါ်နေပီဆိုရင်
– မင်းအကြောင်းတွေကို သူ့မသူငယ်ချင်းတွေဆီမှာ မေးနေရင်
– မင်းစိတ်မကောင်းဖြစ်နေတိုင်း သူမမျက်နှာမကောင်းဘူးဆိုရင်
– မင်းပျော်နေတဲ့ အခါသူမမျက်နှာ ပြုံးနေရင်
– “နင်ဒီအကျီင်္နဲ့ မလိုက်ဖူး” စသည်ဖြင့် မင်းရဲ့ဝတ်စားဆင်ယင်မှုတွေမှာ စွက်ဖက်လာပီဆိုရင်
– မင်းငွေတွေ အပိုသုံးနေတာတွေကို သူမ မကြိုက်ကြောင်းပြောလာပြီဆိုရင်
– မင်းတိုးတက်ဖို့ သူမဂရုတစိုက်နဲ့ လမ်းညွှန်မှုတွေ လုပ်လာပီဆိုရင်
စသည်ဖြင့် ပေါ့။
မင်းကိုဂရုစိုက်လာခဲ့ရင်တော့ သူမက မင်းကိုပြန်ချစ်ဖို့ သေချာသလောက်ရှိ နေပြီလို့
ထင်ပါတယ်။
ဒါဆိုရင်တော့ မင်းသူမကို ရည်းစားစကားစပြောနိုင်ပါပြီ။
[ Unicode ]

Ref; rsgoals