Crush နဲ့ ပထမဆုံး ချိန်းတွေ့တဲ့အခါ ဘယ်လိုဝတ်မလဲ
mystylemyanmar.com
|
2020-05-25

ချစ်သူ (သို့) ကိုယ်တိတ်တိတ်လေး ကြွေနေရတဲ့ Crush က ကိုယ့်ကို တွေ့ဖို့ ချိန်းတဲ့အခါ စိတ်လှုပ်ရှားလွန်းလို့ ဘယ်လိုဝတ်ရမလဲမသိဘူးဖြစ်နေလား။ ကိုယ့်ကိုကိုယ် သူ့ရှေ့မှာ မလှမပဖြစ်နေမှာကို စိတ်ပူနေလား။ ဒီအတွက် MyStyle Myanmar ကနေ ဒီလိုလေးဝတ်ဖို့ အကြံပြုချင်ပါတယ်နော်။


ကော်ဖီဆိုင်မှာ ချိန်းတဲ့အခါ




Source: Hello Fashion




Source: Girl With Curves

ကော်ဖီသောက်ဖို့ ချစ်သူက ပထမဆုံးချိန်းတဲ့အခါမှာ ဂျင်းဘောင်းဘီနဲ့ ပေါ့ပေါ့ပါးပါး စတိုင်လ်မျိုးကို ဝတ်ဆင်ဖို့ အကြံပြုချင်ပါတယ်။ ဒါက ကိုယ့်ကိုကို သက်သောင့်သက်သာဖြစ်စေပါတယ်။ ဂျင်းဘောင်းဘီကို အပေါ်က အင်္ကျီအပျော့သား ၊ တီရှပ် တို့နဲ့ တွဲဝတ်တာလည်း သိပ်ကိုလိုက်ဖက်တဲ့ ဖက်ရှင်ပါ။ ပြီးရင် ရှုးဖိနပ် ပါးပါးလေး စီးလိုက်ပေါ့နော်။


ညစာစာဖို့ ချိန်းတဲ့အခါ




Source: Gary Pepper Girl




Source: Prosecco & Plaid

ချစ်သူက ကိုယ့်ကို ညစာစားဖို့ ဆိုင်ကြီးတစ်ဆိုင်မှာ ချိန်းလိုက်တယ်ဆိုပါစို့။ ကိုယ်ပုံမှန်ဝတ်ဆင်နေကျမျိုးမဟုတ်ဘဲ လက်ဝတ် ရတနာလေးတွေ အနည်းငယ်ဝတ်ဆင်သွားသင့်ပါတယ်။ ကိုယ့်လမ်းလျှောက်ရာမှာ စားသောက်ရမှာ အသက်ရှုရာမှာ မသက်မသာဖြစ်စေတဲ့ ကိုယ်ကျပ်ကျပ် ကပ်ကပ် ဝတ်စုံမျိုးကိုရှောင်ကျဉ်ပေးပါ။ အပေါ်နဲ့အောက် တစ်ဆက်တည်းချုပ်ထားတဲ့ ဂါဝန် (သို့) ဂျင်းဘောင်းဘီ၊ ချည်သားအင်္ကျီ နဲ့ အပေါ်က Blazer လေးထပ်ပြီး ဒေါက်ဖိနပ်စီးလိုက်ရင်လည်း တကယ်ကို ပြီးပြည့်စုံတဲ့ ဖက်ရှင်ပါပဲ။

ပေါ့ပေါ့ပါးပါး ချစ်သူနှစ်ဦးတည်း ညစာစားတဲ့အခါမှာတော့ ဂျင်းဘောင်းဘီရယ် ချစ်စရာကောင်းတဲ့ ဘလောက်အင်္ကျီလေးရယ် ဝတ်ဆင်လိုက်ရင်ပဲ ပြီးပြည့်စုံနေပါပြီ။


ဘယ်နေရာမှာအဆို အဆင်ပြေတဲ့ ဖက်ရှင်




Source: Samantha Maria




Source: Ohh Couture

အရေးကြီးဆုံးကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့ပါပဲ။ ပထမဆုံး တွေ့ဆုံတဲ့အချိန်မှာ မိမိချစ်သူ မိမိအပေါ် မြင်သွားမဲ့အမြင်က အရေးကြီးဆုံးပါ။

ကိုယ်က တီရှပ်နဲ့ ဂျင်းကို မဝတ်ချင်ဘူးဆိုရင်လည်း မိန်းကလေးဆန်တဲ့ ဝတ်စုံတွေ့ို ဝတ်ဆင်နိုင်ပါတယ်။ အခုလို ပုံမှာပြထားတဲ့ ချစ်စရာ ဂါဝန်လေးတွေကို ဝတ်ဆင်နိုင်ပါတယ်။


အလုပ်ပြီးချိန်မှာ တွေ့ကြတဲ့အခါ




Source: With Love From Kat

အလုပ်ပြီးခါစမှာ ချစ်သူက လာကြိုလို့ တွေ့ကြပြီဆိုရင် အဝတ်အစားက အဓိကအဟုတ်ပါဘူး။ အလုပ်မှာရှိခဲ့တဲ့ စိတ်ဖိစီးမှုတွေ ခံစားချက်တွေကိုထုတ်ပစ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ချစ်သူကို သွားတွေ့ဖို့တော့လိုပါတယ်။ ရုံးတက်ဖို့ ကိုယ်ဝတ်ထားတဲ့ အပေါ်ဝတ်ကုတ်ကို ချွတ်ပစ်လိုက်ပြီး ပေါ့ပေါ့ပါးပါး သွားတွေ့လိုက်ပါ။

Source: theeverygirl.com


The post

Crush နဲ့ ပထမဆုံး ချိန်းတွေ့တဲ့အခါ ဘယ်လိုဝတ်မလဲ appeared first on

MyStyle Myanmar .




Some text some message..