ထိတ်လန့်ခြင်း၊ စိုးရိမ်ခြင်းနှင့် အထီးကျန်ခြင်းဆိုတာ ပျင်းခြင်းနဲ့ ယှဉ်လိုက်တဲ့အခါ အတော်အတန်အပြစ်ကင်းနေပုံရပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျနေတဲ့မှာလည်း ပျင်းရိခြင်းတွေဖြစ်ပေါ်လာနိုင်ပါတယ်။
စိတ်ကျန်းမာရေးဆိုးရွားလာတဲ့အခါ ပျင်းတဲ့သူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ်ဖော်ပြပါလိမ့်မယ်။ အလုပ်ထဲမှာလည်း ပျင်းတယ်၊ ဝါသနာပါတာလုပ်နေရင်းလည်း ပျင်းတယ်၊ အိပ်လည်း ပျင်းတယ်၊ စားလည်း ပျင်းတယ်။ ထိုင်လည်း ပျင်းတယ်၊ ထလည်း ပျင်းတယ်၊ တစ်နေကုန်ပျင်းတယ်။ ဒါဆိုရင်တော့ တစ်ခုခုခံစားနေရခြင်း (သို့) စိတ်ဓာတ်ကျနေခြင်းဖြစ်နိုင်ပါတယ်။
တစ်ခုရှိတာက စိတ်ကျရောဂါအတွက် မဟုတ်ဘူးဆိုရင်တောင် ပျင်းတာက သင့်စိတ်ကျန်းမာရေးအတွက် မကောင်းပါဘူး။ တက်ကြွမှုမရှိခြင်း၊ လှုံ့ဆော်မှုမရှိခြင်းက သင့်ကို စိတ်ပျက်အားလျော့စေနိုင်တဲ့အပြင် စိတ်ဆင်းရဲစရာတွေ၊ အသုံးမကျခြင်းတွေ ခံစားရနိုင်ပါတယ်။ ငြီးငွေ့ခြင်း (သို့) ဒေါသထွက်ခြင်း စတဲ့ မျက်နှာဖုံးတွေဖြစ်လာနိုင်ပါတယ်။
ဒီကနေ့မှာ ပျင်းရိခြင်းကို ကုသနိုင်မယ့် နည်းလမ်းတစ်ချို့ကို မျှဝေပေးပါ့မယ်။
၁။ မနက်ခင်းတိုင်း နံနက်စာကို မတူကွဲပြားတဲ့နေရာတွေမှာ စားပါ
နေ့စဉ်ခံစားမှုတွေကို မတူညီတဲ့ ခံစားမှုတွေဖြစ်စေဖို့ နံနက်ခင်းတွေမှာ ပြောင်းလဲဖို့ သင်ကြိုးစားသင့်ပါတယ်။ သင့်ပတ်ဝန်းကျင်ကို ပြောင်းလဲစေနိုင်တဲ့ လုပ်ရိုးလုပ်စဉ်တွေက သင့်စိတ်ကို လုံးဝပြောင်းလဲသွားစေနိုင်ပါတယ်။
အစားအစာတိုင်းအတွက် သင့်ရဲ့ စားပွဲခုံမှာ ထိုင်ချလိုက်ဖို့ လွယ်ကူပါတယ်။ သို့ပေမယ့် အခြားအခန်းတစ်ခန်းမှာ ထိုင်ခြင်းက ရိုးရှင်းစွာနဲ့ လုပ်ရိုးလုပ်စဉ်ကို ချိုးဖျက်ခြင်းဖြစ်ပါတယ်။ သင့်မှာ လသာဆောင် (သို့) ဥယျာဉ်ရှိတယ်ဆိုတဲ့ သင့်မှာ လုံလောက်တဲ့ ကံကောင်းခြင်းတွေပိုင်ဆိုင်ထားပါတယ်။ အဲ့ဒီ့မှာ ထွက်စားပါ။ နောက်နေ့မှာ နံနက်စာကို အိပ်ရာပေါ် ပြောင်းစားပါ။ နောက်တစ်နေ့မှာ စားပွဲပေါ်မှာ ထိုင်စားပါ။
၂။ လေ့ကျင့်ခန်းလုပ်ဖို့ ကြိုးစားပါ
သင့်ရဲ့ နေ့သစ်ကို လက်နှစ်ဖက်ဆန့်တန်းပြီးတော့ ”အား…ဝါးဝါး” လို့ သန်းပြီးတော့ ကိုးရိုးကားယားလေ့ကျင့်ခန်းနဲ့ စတင်ပါ။ ဒီအရာက သင့်ရဲ့ ခန္ဓာကိုယ်တင်းမာနေမှုကို ဖယ်ရှားနိုင်ပါတယ်။ အပြည့်အဝလေ့ကျင့်ခန်း လုပ်ပေးမယ်ဆိုရင် ပိုကောင်းပါတယ်။ သို့ပေမယ့် ဒါမှ သင်ပျင်းနေသေးတယ်ဆိုရင် ကကွက်တစ်ခု (သို့) ခုန်ဆွ ခုန်ဆွ လုပ်ရုံနဲ့ လုံလောက်ပါတယ်။
တက်ကြွဖို့အတွက် လှုံ့ဆော်မှုကို ရုန်းကန်နေရပါသလား။ ကိုယ့်ကိုယ်ကိုယ်အနာတရမကျန်ခဲ့ဘူးဆိုရင် ဒါမှမဟုတ် ခက်ခဲသောတွန်းအားပေးမှုမရှိဘူးဆိုရင် လေ့ကျင့်ခန်းပြီးသွားတဲ့အခါ ဆိုးရွားတဲ့ခံစားချက်တစ်ခုမှ ကျန်နေခဲ့မှာ မဟုတ်ပါဘူး။
၃။ ညနေခင်း အိမ်မှုကိစ္စတွေလုပ်ချိန်မှာ ပေါက်ကွဲသံစဉ်ကို ဖွင့်ပါ
မကျေနပ်တဲ့ သီချင်းတွေ၊ ပေါက်ကွဲသံစဉ်တွေက သင့်ကို စိတ်ဓာတ်မကျစေဘဲ စိတ်အားထက်သန်မှုကို အနည်းငယ်စိတ်လှုပ်ရှားစရာအဖြစ်ကို ပြောင်းလဲနိုင်ပါတယ်။ တစ်ခါတလေမှာ အေးစက်ငြိမ့်ညောင်းနေတဲ့ ကာရာအိုကေတီးလုံးတွေက ပန်းကန်ဆေးကြောနေရခြင်းကို မုန်းတီးစေနိုင်ပါတယ်။
၄။ ဖန်တီးမှုတစ်ခုခုပြုလုပ်ပါ
Facebook ကကောင်းပါတယ်။ ဒါပေမယ့် သင်က ညနေတိုင်း ဒီစာမျက်နှာကြီးကို ကြည့်ရတာ ငြီးငွေ့နေမယ်ဆိုရင် မတူတဲ့လုပ်ဆောင်ချက်တစ်ခုခုကို လုပ်ကြည့်ပါ။ သိုးမွေးထိုးခြင်းလိုမျိုးအရာကို ထပ်ခါတလဲလဲပြုလုပ်ခြင်း၊ ပန်းချီ (သို့) ပုံကြမ်းတွေကို ကိုယ်တိုင်ပုံဖော်ခြင်းတွေက အကောင်းဆုံးနည်းလမ်းတွေဖြစ်နိုင်ပါတယ်။
သင်ဖန်တီးသမျှက လှပပြီးတော့ ပြီးပြည့်စုံနေဖို့ မလိုအပ်ကြောင်း သတိရပါ။ ၎င်းက ပျော်စရာသက်သက်ပဲဖြစ်ပါတယ်။
၅။ စိတ်လှုပ်ရှားစရာ တစ်ခုခုစားပါ
သင့်အတွက် သင်ကိုယ်တိုင်ချက်ပြုတ်နည်းအသစ်တွေကို စမ်းသပ်ဖို့ အချိန်ကောင်းပါပဲ။ အစားအစာက ကျွန်တော်တို့ဘဝကို အဖက်ဖက်က ဖြည့်စွက်ပြီးတော့ တစ်နေ့တာကုန်ဆုံးချိန်မှာ မျှော်လင့်ချက်တွေထားနိုင်ဖို့ ကျွန်တော်တို့ကို တစ်ခုခုပေးနိုင်ပါတယ်။
၆။ ဂျာနယ်ရေးခြင်း
ကျေးဇူးတင်ကြောင်းကို လေ့လာခြင်းက သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ ဂျာနယ်ရေးတယ်ဆိုတာ အဲဒီ့လိုလုပ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ပြည့်စုံတဲ့ ဒိုင်ယာရီဖြစ်ဖို့ မလိုပါဘူး။ နေ့တိုင်းဖြစ်ပျက်ခဲ့တဲ့ ကောင်းမွန်တဲ့အရာ သုံးခုကို သာရေးပါ။ ဒီအချက်က သင့်ကို ရွှင်လန်းဖို့ကောင်းတဲ့ အချိန်လေးတွေကို တန်ဖိုးထားတတ်ရုံမကဘဲ အမှားအမှန်ဖြစ်ရပ်တွေကို ခွဲခြားတတ်ဖို့လည်း အထောက်အကူပြုပါတယ်။
Lifestyle+Myanmar
Nyein_Thu
Ref-greatist