လွယ်တယ်ထင်ရပေမယ့် ဖြေကြည့်မှ သင့်ကိုဦးနှောက်စားသွားစေမယ့် ဉာဏ်စမ်းပဟေဠိ (၇) ခု
lotaya.mpt.com.mm
|
2020-05-26

Shutterstock/ Eva Speshneva & ivelly & mything & BALICH

ကဲ ဒီနေ့မှာတော့ လွယ်တယ်ထင်ရပေမယ့် ဖြေကြည့်မှ သင့်ကိုဦးနှောက်စားသွားစေမယ့် ဉာဏ်စမ်းပဟေဠိ (၇) ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီလိုပြောလိုက်လို့လည်း အရမ်းခက်ခဲတဲ့မေးခွန်းတွေလို့ ထင်မသွားပါနဲ့ဦး။ မေးခွန်းလေးတွေက ရိုးရိုးရှင်းရှင်းလေးတွေပါပဲ။ အဓိကက သင့်ရဲ့ဖြတ်ထိုးဉာဏ်ကို အသုံးချပြီးဖြေရင် အဖြေမှန်တွေရရှိမှာပါ။ ကဲ စလိုက်ရအောင်နော်….

(၁) အဲဒီအရာရဲ့အလေးချိန်က ငှက်မွှေးလေးလို ပေါ့ပါးပေမယ့် လူတိုင်းသူ့ကို ၅ မိနစ်ထက်ပိုပြီး မထိန်းချုပ်ထားနိုင်ပါဘူး။ ဘယ်အရာဖြစ်မလဲ?

(က) ဝင်သက်ထွက်သက် (ခ) ဝါဂွမ်း (ဂ) အပ် (ဃ) တစ်ရှူး

(၂) လူတွေက အဲဒီအရာကို ရှာဖွေတယ်။ ရလာရင် တစ်ခြားအရာတစ်ခုနဲ့လဲလှယ်တယ်။ ဒါမှမဟုတ် သိမ်းထားတက်တယ်။ ဘယ်အရာဖြစ်မလဲ?




Shutterstock/ Iconic Bestiary & 123design & PCH.Vector & MicroOne

(က) ပိုက်ဆံ (ခ) ပိုက်ဆံအိတ် (ဂ) တိုက် (ဃ) ကား

(၃) မယ်ရီမှာ သမီး ၄ ယောက်ရှိပြီး သမီး ၁ ယောက်စီတိုင်းမှာ အစ်ကို ၁ ယောက်စီရှိတယ်ဆိုရင် မယ်ရီမှာ စုစုပေါင်း သားသမီး ဘယ်နှစ်ယောက်ရှိမလဲ?

(က) ၁၆ (ခ) ၅ (ဂ) ၈ (ဃ) ၄

(၄) မျက်လုံးတွေ အများကြီးရှိပေမယ့် မမြင်နိုင်တဲ့အရာက ဘယ်အရာဖြစ်မလဲ?




Shutterstock/ Eva Speshneva & ivelly & mything & BALICH

(က) လိမ္မော်သီး (ခ) ပန်းသီး (ဂ) နာနတ်သီး (ဃ) သဘောၤသီး

(၅) ဂျွန်ဟာ ဆရာဝန် ၃ ယောက်ရဲ့အစ်ကိုဖြစ်ပေမယ့် အဲဒီဆရာဝန် ၃ ယောက်ကတော့ သူ့ရဲ့ညီတွေမဟုတ်ကြပါဘူး။ ဒါဆို ဒီဆရာဝန် ၃ ယောက်နဲ့ဂျွန်က ဘာတော်မလဲ?

(က) ဦးလေးနဲ့တူ (ခ) အစ်ကိုနဲ့ညီမ (ဂ) သားအဖ (ဃ) မြေးအဖိုး

(၆) သန့်ရှင်းနေတဲ့အချိန်မှာ ခန္ဓာကိုယ်ကအမဲရောင်ဖြစ်နေပြီး ညစ်ပတ်သွားရင် ခန္ဓာကိုယ်ကအဖြူရောင်ကို ပြောင်းလဲသွားတဲ့အရာက ဘယ်အရာဖြစ်မလဲ?




Shutterstock/Panda Vector & NotionPic & ivelly & grebeshkovmaxim

(က) အင်္ကျီ (ခ) ဆံပင် (ဂ) လူ (ဃ) ကျောက်သင်ပုန်း

(၇) နေအဖွဲ့အစည်းမှာ ဂြိုလ်ဘယ်နှစ်လုံးရှိပါသလဲ?

(က) ၆ (ခ) ၁၀ (ဂ) ၉ (ဃ) ၈

ကဲ အခုဆို အားလုံးလည်း အဖြေလေးတွေ ရလောက်ရောပေါ့။ အဖြေမှန်လေးတွေဖော်ပြပေးထားတဲ့အတွက် ကိုယ့်အဖြေနဲ့မှန်၊မမှန်တိုက်ကြည့်လိုက်ပါဦးနော်….

အဖြေမှန်များ

မေးခွန်း (၁) – (က) ဝင်သက်ထွက်သက်

မေးခွန်း (၂) – (ဂ) နာနတ်သီး

မေးခွန်း (၃) – (ခ) ၅

မေးခွန်း (၄) – (က) ပိုက်ဆံ

မေးခွန်း (၅) – (ခ) အစ်ကိုနဲ့ညီမ

မေးခွန်း (၆) – (ဃ) ကျောက်သင်ပုန်း

မေးခွန်း (၇) – (ဃ) ၈

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..