Sugar Daddy နဲ့ Date လုပ်ရခြင်းရဲ့ ထိပ်တန်း အကျိုးကျေးဇူး (၉) ချက်
lifestylemyanmar.com
|
2020-05-28



၁။ ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုရခြင်း

အမျိုးသမီးတွေအများစုက ကြွယ်ဝတဲ့အမျိုးသားတွေနဲ့ date တဲ့နေရာမှာ ငွေရေးကြေးရေးက အဓိကအကြောင်းပြချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ သူတို့က အဲဒီ့အရာတွေကို လိုအပ်ပါတယ်။ Sugar Daddy ကို ပိုင်ဆိုင်ရမှသာ Sugar Baby ကို မွေးထုတ်နိုင်မယ်လို့ တွေးထင်ကြတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။ များသောအားဖြင့် Sugar Baby ကို ငွေရေးကြေးရေးအတွက် ကူညီဖို့ လိုအပ်တဲ့ ပမာဏကို သတ်မှတ်နိုင်ပါတယ်။ ၎င်းက အစောပိုင်းကာလမှာပဲဖြစ်ဖြစ် ဆက်ဆံရေးအချိန်ကာလတဲ့အခါမှာပဲဖြစ်ဖြစ် စီစဉ်နိုင်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့အရာတွေအားလုံးအတွက်လည်း ထောက်ပံ့ပေးနိုင်ပါသေးတယ်။




၂။ အားကိုးရတဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ်ခြင်း

အသိဉာဏ်ပညာ၊ နှိမ်ချခြင်း နှင့် ဟာသဉာဏ် စတဲ့ အရည်အချင်းတွေရှိတဲ့ အမျိုးသားတွေက အချိန်ကြာလာတာနဲ့အမျှ ယောင်္ကျားတစ်ဦးမှာသာရှိနိုင်တဲ့ အလွန်ကောင်းမွန်တဲ့အရည်အချင်းတွေဖြစ်ပါတယ်။ သင့်အနားမှာ Sugar Daddy တစ်ယောက်သာရှိနေမယ်ဆိုရင် ဘဝရဲ့ ကမ်းလှမ်းမှုတွေကို ပျော်ရွှင်စွာခံစားစေလိုတဲ့ အလွန်ကောင်းမွန်တဲ့ မိတ်ဖက်အဖြစ် အမြဲအာမခံပေးနေမှာပါ။

၃။ ထူးခြားဆန်းပြားသော ခရီးတွေသွားရခြင်း

ဝေးလံခေါင်ဖျားထူးခြားတဲ့နေရာတွေကို ခရီးထွက်ရမယ်လို့ သင်စိတ်ကူးဖူးပါသလား။ လူအများစုမှာ ဒီလိုစိတ်ကူးလေးတွေရှိတတ်ကြပါတယ်။ ဒါပေမယ့် လူအနည်းငယ်သာ ဒီစိတ်ကူးကို အကောင်အထည်ဖော်နိုင်ကြတာပါ။ ဒါ့ကြောင့် အမျိုးသမီးတွေဟာ ဒီလိုခရီးတွေထွက်နိုင်ဖို့ မျှော်လင့်လို့ရတဲ့ အကောင်းဆုံး ခရီးဖော်ကို ရှာဖွေတတ်ကြပါတယ်။ အထူးသဖြင့် Sugar Daddy တွေက ခရီးတွေအမြဲသွားလေ့ရှိပါတယ်။ အားလပ်ရက်တွေရောက်တဲ့အခါ ကုမ္ပဏီမှာ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထားမသွားဘဲ ဂျက်လေယာဉ်တွေနဲ့ ခရီးသွားတတ်သူပါ။ ဒီလိုအမျိုးသားတွေက သူတို့ချစ်မြတ်နိုးနိုင်မယ့် လှပတဲ့ ခရီးဖော်ကို ရှာဖွေနေတတ်ကြပါတယ်။




၄။ တိုးတက်မှုအတွက် အဆက်အသွယ်ရနိုင်ခြင်း

များသောအားဖြင့် Sugar Daddy တွေမှာ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေ မြောက်များစွာရှိနေတတ်ပါတယ်။ အချိန်နှင့်အမျှ သင်လိုချင်တဲ့ လုပ်ငန်းနယ်ပယ်အတွက် ဩဇာအရှိန်အဝါကြီးသူတွေနှင့် အဆက်အသွယ်တွေရနိုင်ပါတယ်။ Sugar Daddy တွေက သူတို့ရဲ့ Dattingတွေ ပြသရခြင်းကို နှစ်သက်ပြီးတော့ အသိမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေနှင့် သင့်ကို ပျော်ရွှင်စွာမိတ်ဆက်ပေးပါလိမ့်မယ်။ သင့်ရဲ့ ကဒ်တွေကို မှန်ကန်စွာ ကစားပါ။ သင့်ရဲ့ ပရော်ဖက်ရှင်နယ်ရည်မှန်းချက်တွေကို ကိတ်မုန့်တစ်လုံးလေးသာဖြစ်စေနိုင်အထိ စွမ်းဆောင်နိုင်ပါလိမ့်မယ်။

၅။ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံ

အစဉ်အလာအရ မိန်းမတွေက အသက်ကြီးတဲ့ အမျိုးသားတွေနဲ့သာ date လုပ်ချင်ကြပါတယ်။ အသက်ဘယ်လောက်ရှိပြီလဲဆိုတာက သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေမှာ မူတည်ပါတယ်။ ဒါပေမယ့် သေချာတာတစ်ခုက အမျိုးသမီးတွေက အသက်ကြီးသောယောင်္ကျားတွေကို လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုတွေကို ရှာတတ်ကြပါတယ်။ အသက်ကြီးတဲ့ အမျိုးသားတွေဟာ လိင်ပိုင်းဆိုင်ရာမှာ ယုံကြည်မှု၊ လုံခြုံမှု၊ ရင့်ကျက်မှုတွေကို မျှော်လင့်တတ်ကြပါတယ်။




၆။ အလျှံပယ် လက်ဆောင်တွေနှင့် မကြာခဏဈေးဝယ်ထွက်ရခြင်း

အမျိုးသားအချို့ဟာ အမျိုးသမီးတွေလိုပဲ ဈေးဝယ်ရတာကို နှစ်သက်ကြပါတယ်။ ဒီယောင်္ကျားတွေပိုသဘောကျတာက သူတို့ကလေးတွေနဲ့ အတူ ဈေးဝယ်ထွက်ရခြင်းပါ။ သင့်ရဲ့ Sugar Daddy ကို ကုန်တိုက်ကြီးကို ခေါ်လာပြီးတော့ အဝတ်အစားတွေ၊ cosmeticတွေ ဝယ်ပေးဖို့ တောင်းဆိုပါ။ သူ ဘယ်လိုငြင်းဆန်နိုင်မလဲ။

၇။ အလိုလိုက်ခြင်းနှင့် ဂရုစိုက်ခြင်း

သင်အပန်းဖြေစခန်းနှင့် Spa တွေကို နှစ်သက်တယ်ဆိုရင် Surgar Daddy နှင့် အတူအချိန်ဖြုန်းရခြင်းကို နှစ်သက်ပါတယ်။ မျက်နှာ၊ ခန္ဓာကိုယ်အနှံ့အပြည့်အဝ၊ အခန်းဝန်ဆောင်မှုနှင့် ကောင်းမွန်တဲ့ ထမင်းစားတွေကို ကြယ်ငါးပွင့်ဟိုတယ်လိုမျိုး သင့်ခံစားနိုင်မယ့် ဇိမ်ခံပစ္စည်းတွေသာဖြစ်လာစေပါလိမ့်မယ်။ Sugar Daddy တွေက အလုပ်ကြိုးစားကြပါတယ်။ ဒါ့ကြောင့် လှပတဲ့ မိန်းမနှင့် သူတို့ဘဝကို ပျော်မွေ့စွာရှင်သန်သွားနိုင်ဖို့ ဘာမှမလိုအပ်တော့ပါဘူး။




၈။ အတွေ့အကြုံသစ်များရရှိခြင်း

Sugar Daddy နဲ့ date တဲ့အခါ ကမ္ဘာကြီးက သင့်လက်ချောင်းလေးတွေရဲ့ ထိပ်ကို ရောက်နိုင်ပါတယ်။ ဘဝဟာ အတွေ့အကြုံတွေအကြောင်း ဆေးခြယ်ထားတဲ့ ပန်းချီကားပါ။ အတွေ့အကြုံတွေက သင့်ရဲ့ comfort zone ထဲကနေထွက်ပြီးတော့ သင့်စိတ်နှလုံးက အမှန်တကယ်လိုချင်တာတွေကို အရယူနိုင်ခြင်းနေ လာတာဖြစ်ပါတယ်။ သင်အမြဲမက်ခဲ့တဲ့ အိပ်မက်တွေရဲ့ ဘဝတွေကို တွေ့ကြုံခံစားရနိုင်စေဖို့ သင့်ရဲ့ Sugar Daddy ကို ရှေ့တန်းတင်ပါ။

၉။ သင့်ဘဝကို ပိုကောင်းလာစေနိုင်ပါတယ်

ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးငယ်တွေက သူတို့ရဲ့ ဘဝတွေကို စွမ်းရည်မြှင့်တင်ဖို့နှင့် စစ်မှန်တဲ့ကျေနပ်ရောင့်ရဲမှုနှစ်မျိုးလုံးကို တွေ့ရှိခဲ့ရပါတယ်။ သဘာဝအရ သင့်ရဲ့ ဘဏ္ဍာရေးနှင့် ပုဂ္ဂိုလ်ရေးအထောက်အပံ့တွေကို ရရှိခြင်းက သင့်ကို ပိုပျော်ရွှင်စေပြီးတော့ ပိုမိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်လာစေနိုင်ပါတယ်။

Lifestyle_Myanmar
Nyein_Thu


Ref-herinterest




Some text some message..