
အသည်းကွဲနေချိန်မှာ ဦးနှောက်က နာကျင်မှုကို အမှတ်ရချင်နေတတ်ကြပါတယ်။ အသည်းကွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနာကျင်မှုဆိုတဲ့ ဝေဒနာကိုပါ ခံစားရစေပါတယ်။

Broken heart woman is crying and upset alone with small light
အသဲကွဲခြင်းရဲ့ အကျိုးဆက်ကတော့ ဘယ်အရာ၊ ဘယ်သူကမှ အရေးမကြီးတော့ပါဘူး။ စဉ်းစားနိုင်တာလဲ မရှိတော့သလို လူကလည်းမတုန်မလှုပ်နဲ့ ဖြစ်နေတတ်တာကို အသည်းကွဲဖူးသူတိုင်း သိပြီး ဖြစ်မှာပါ။ ခဏတာ လူတွေအားလုံးဆီကနေ ခွဲထွက်ပြီး စိတ်ကူးယဉ်ထားတဲ့ ကမ္ဘာကြီး အစိတ်စိတ်ပြိုကွဲသွားသလိုမျိုး၊ ဒီအချိန်မှာ မျက်လုံးထဲ မြင်နေရတာတွေက ကိုယ့်ကိုယ်အသည်းခွဲခဲ့တဲ့သူ၊ခံစားမိနေတာက ဆိုးရွားလွန်းတဲ့ နာကျင်မှုတွေပါပဲ။
အသည်းကွဲသွားတဲ့အခါမှာ စိတ်က ကိုယ်လုပ်နေကျအရာတွေနဲ့ အရမ်းကို ကွဲပြားသွားပါတယ်။ ရလဒ်အနေနဲ့ ကိုယ့်ကိုကိုယ် လိမ်ညာပြီးတော့ အခြေအနေတွေ ပိုဆိုးလာအောင် လုပ်တတ်ကြပါတယ်။ဒီတော့ နာကျင်တာတွေ အဆုံးသတ်ပြီး ရှေ့ဆက်သွားချင်ရင်တော့ ကိုယ့်ရဲ့ ဦးနှောက်(စိတ်) က ပြောနေတာတွေကို မယုံကြည်သင့်တဲ့အချိန်လို့ နားလည်ထားဖို့ လိုအပ်ပါတယ်။ဘာကြောင့် မယုံကြည်သင့်လဲဆိုတော့ ခံစားခဲ့ရတဲ့ နာကျင်မှုတွေကို ခံစားနေရတာတွေကြောင့်ပါ။
ခံစားရတဲ့ နာကျင်မှုတွေက ပိုများလာလေလေ၊ဒီနာကျင်မှုတွေကို ဦးနှောက်က သေသေချာချာလေးကို မှတ်မိနေအောင် လုပ်ဆောင်လေပါပဲ။ အဲ့ဒါကြောင့် နာကျင်မှုတွေဟာ ကိုယ့်ရဲ့ အတွေးတွေထဲမှာ ဟောင်းနွမ်းမသွားပဲ မနေ့တနေ့ကလို ထင်မှတ်နေစေဖို့ လှည့်စားနေတတ်ပါလိမ့်မယ်။
၁) အဆက်ဟောင်းကြိးက အကောင်းဆုံးပဲ
သူတစ်ယောက်တည်းက အကောင်းဆုံးပါ။ ချစ်သူဟောင်းရဲ့ အကောင်းဆုံး အရည်အသွေးတွေကို အမြဲအမှတ်ရအောင် ဦးနှောက် လုပ်ဆောင်ပေးနေပါလိမ့်မယ်။ သူ့ရဲ့ ရုပ်ပုံလေးတွေဟာ မှတ်ဉာဏ်ထဲမှာ အလိုလို ပေါ်လာတတ်ပါမယ်။ ဒါပေမယ့် ကိုယ့်အသည်းကို ခွဲခဲတဲ့သူကို အမှတ်ရနေတာဟာ နာကျင်မှုကို ပိုမိုဆိုးရွားသွားစေခြင်းသာ ဖြစ်စေမှာပါ။
၂) ချစ်သူဘဝ အမြဲပျော်ရွှင်ခဲ့ရတယ်
ဒီအချက်ကတော့ သိပ်ပြီးလက်မခံချင်စရာပါ။ အမြဲတမ်း ပျော်ရွှင်ရတယ်ဆိုတာ မရှိပါဘူး။ စိတ်ပျက်စရာတွေ၊ စိတ်အနှောက်အယှက် ဖြစ်စရာတွေ၊ နာကျင်ရတာတွေက အများကြီး ရှိခဲ့မှာပါ။ ဒီလို အမှတ်တရတွေကိုလည်း ပြန်ပြီး အမှတ်ရနေသင့်ပါတယ်။
၃) မက်ဆေ့ခ်ျလေးပို့ပြီး ဖုန်းလေးဆက်ကြည့်မယ်ဆိုရင် နာကျင်မှုလေးသက်သာစေမယ်
မက်ဆေ့ခ်ျပို့ခြင်း၊ ဖုန်းဆက်ခြင်း စတာတွေက အရမ်းထိရောက်တဲ့ ဆက်သွယ်မှုတွေပါ။ ဒါပေမယ့် ဒီလိုလုပ်ခြင်းက ကိုယ့်ကိုကိုယ် ပိုပြီးစိတ်ပျက်အားငယ်မှု ခံစားရစေမှာပါ။ ဒါ့အပြင် ကိုယ့်ကိုကိုယ် လေးစားမှုကိုလည်း ထိခိုက်စေပါတယ်။
၄) လမ်းခွဲခဲတဲ့အကြောင်း သူငယ်ချင်းတွေကို ပြောပြီး ဝေဒနာသက်သာအောင်ခြင်း
ဒီနည်းလမ်းလေးက တစ်ကယ်တော့ ကိုယ့်ခံစားမှုကို သက်သာစေမှမဟုတ်တဲ့အပြင် ဘေးက သွေးထိုးစကားတွေကြောင့် ပိုပြီး ဆိုးရွားစေမှာပါ။ စိတ်ခံစားချက် နာကျင်စရာတွေကို တစ်ယောက်ယောက်ကို ပြန်ပြောတတ်ကြတာဟာ သဘာဝပါပဲ။ဒါပေမယ့် အကြောင်းအရာတစ်ခုခုကို အကြိမ်ကြိမ်အခါခါ ဖွင့်ဟပြောဆိုနေမယ်ဆိုရင် နာကျင်မှု ပိုမိုဆိုးရွားလာရုံကလွဲလို့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။
၅) ဘာကြောင့် လမ်းခွဲခဲ့ရလဲဆိုတာကို သေချာသိဖို့ လိုအပ်ပါတယ်
လမ်းခွဲရတဲ့ အကြောင်းအရင်းမှန်ကို ရှင်းရှင်းလင်းလင်းသိခြင်းဟာ အထောက်အကူများစွာဖြစ်စေမှာပါ။ ဒါပေမယ့် ဒီလိုမျိုး ပြဿနာတွေအတွက် ရှင်းလင်းရိုးသားတဲ့ ဖြေရှင်းချက်တွေ ရှိလာမှာပါ။ ဘာကြောင့် ဒီလိုအဆင်မပြေမှုတွေ ဖြစ်ခဲ့သလဲဆိုတာ သူနားလည်သဘောပေါက်သွားစေအောင် ကြိုးစားတတ်ကြပါတယ်။ ဒီတော့ အချစ်စစ်မဟုတ်ခဲ့ကြလို့ပါပဲလေ၊ ငါတို့ ဖူးစာမပါခဲ့ကြလို့ပေါ့ လို့ မှတ်ယူလိုက်တာက ကိုယ့်အတွက် ပိုပြီး အကျိုးရှိစေပါတယ်။

Ref;KNOWLEDGE