
မိန်းကလေးတွေက ယောက်ျားလေးတွေထက်ပိုပြီး စိတ်ခံစားချက်လွယ်ကြတဲ့အတွက် အသည်းကွဲတဲ့အခါမှာ ပိုခံစားရကြတယ်လို့ ထင်နေရင်တော့ သင့်အဖြေက မှားသွားပါပြီ။ဘာကြောင့်လဲဆိုရင် ယောကျာ်းလေးအများစုက အသည်းကွဲပြီးနောက်ပိုင်းပိုလို့တောင် ခံစားနေရပါတယ်။
ဒါ့အပြင် ယောက်ျားလေးတွေဆိုတာ ယောက်ျားပီသပြီး အကြမ်းခံနိုင်ရမယ်လို့ အများစုကသတ်မှတ်ထားကြတဲ့အတွက် ယောက်ျားလေးတွေအသည်းကွဲပြီဆိုရင် ခံစားချက်တွေကိုရင်ထဲမှာ မြိုသိပ်ထားကြပြီး တဖြည်းဖြည်းနဲ့ ခံစားနေတတ်တဲ့သူတွေပါ။ ယောကျာ်းလေးတွေက သူတို့ရဲ့ ခံစားချက်တွေကို ထုတ်မပြတတ်တာကြောင့် ယောက်ျားလေးတစ်ယောက် အသည်းကွဲနေတယ်ဆိုတာကို သိနိုင်မယ့်အချက်လေးတွေကို ပြောပြလိုက်ပါတယ်။
– စကားပြောနည်းပြီး စိတ်မတည်မငြိမ်ဖြစ်နေတတ်တယ်
အသည်းကွဲသွားတဲ့အခါ စိတ်ခံစားချက်တွေကြောင့် ယောက်ျားလေးတွေက စိတ်မတည်မငြိမ်ဖြစ်တတ်ကြပြီး တော်ရုံ စကားဝိုင်းတွေမှာဆို ဘာမှမပြောဘဲ နှုတ်ဆိတ်နေတတ်ပါတယ်။ အသည်းကွဲသွားတဲ့အချိန်မှာ သူတို့ရဲ့ခံစားချက်တွေကို ကိုင်တွယ်ဖို့ ကြိုးစားနေရတဲ့အတွက် ယောက်ျားလေးတွေဟာ သာမန်အမူအရာတွေတောင် ဟန်ဆောင်လုပ်လေ့မရှိတော့ဘဲ ခံစားချက်တွေနဲ့ပဲ နပမ်းလုံးနေတာမျိုးပါ။
– အလုပ်တွေရှုပ်နေတတ်တယ်။
ဘယ်သူမဆို အသည်းကွဲတဲ့အခါ အ့ဒီဘက်ကို အာရုံရောက်မသွားအောင် တစ်ခုခုကို အာရုံစိုက်လုပ်လေ့ရှိပါတယ်။
သူငယ်ချင်းတွေနဲ့ အပြင်ခဏခဏထွက်သွားတာမျိုး၊ဝါသနာပါရာ အလုပ်တစ်ခုလုပ်နေတာမျိုး၊ စာအုပ်တွေဖတ်နေတာမျိုး၊ အလုပ်ကြိုးစားလုပ်နေတာမျိုး မြင်ရပြီဆိုရင် ယောက်ျားလေးတစ်ယောက် အသည်းကွဲနေပြီး အာရုံလွှဲဖို့ သူ့ကိုယ်သူကြိုးစားနေတာလို့ ခန့်မှန်းလို့ရပါတယ်။
– ဆိုရှယ်မီဒီယာတွေမှာ ရည်စားဟောင်းအကြောင်းစုံစမ်းနေတတ်တယ်။
မိန်းကလေးတွေလိုပဲ ယောက်ျားလေးတွေက ဆိုရှယ်မီဒီယာတွေမှာ သူတို့ ရည်းစားဟောင်းအကြောင်းတွေကို စောင့်ကြည့်နေတတ်ကြပါတယ်။ ရည်းစားဟောင်း ဘယ်လို Post တွေတင်မယ်၊ ဘယ်သူတွေကို Tag တွဲမယ်၊ ဘယ်နေရာမှာ Check in ဝင်မလဲဆိုတာကို လိုက်ပြီး စောင့်ကြည့်တတ်ကြပါတယ်။ အကယ်၍များ ရည်းစားဟောင်းက သူ့ကိုလည်း ရည်ရွယ်တဲ့ Post တွေမတင်ဘဲ သွားလိုက်ပျော်ပါးလိုက် ဓာတ်ပုံတွေတင်နေတာကို တွေ့လိုက်ရရင် ယောက်ျားလေးတွေ ပိုစိတ်ဓာတ်ကျပြီး ခံစားလေ့ရှိပါတယ်။
– ဘယ်လိုအကြောင်းပြချက်တွေကြောင့် အခုလိုမျိုးဖြစ်သွားရတာလဲ
ကောင်မလေးတစ်ယောက်က ငြင်းလိုက်တဲ့အခါ၊ ဒါမှမဟုတ် လမ်းခွဲလိုက်တဲ့အခါ ယောက်ျားလေးတွေက ငါဘာများမှားသွားလို့လဲဆိုတာ တွေးမိနေတတ်ပါတယ်။
ဒီလို ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ရင်း ငါက ရုပ်ဆိုးလို့လား၊ ပိုက်ဆံမရှိလို့လား၊ သူ့ကို ချစ်တယ်ဆိုတာကို မယုံလို့လား၊ သူအခုတွဲနေတဲ့တစ်ယောက်က ငါ့ထက်ရုပ်ဆိုးပါတယ်ဆိုပြီး စဉ်းစားရင်း စဉ်းစားရင်းနဲ့ အလုပ်ရှုပ်နေတတ်ပါတယ်။ ဒါ့အပြင် သူ့တို့အားနည်းချက်ကို အဖြေရှာမရတဲ့ အဆုံး သူတို့ကောင်မလေးတွေဆီသွားမေးတော့လည်း စိတ်ကျေနပ်လောက်ဖွယ် အဖြေကို ဘယ်တော့မှ မရတတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် မိန်းကလေးတွေက သူတစ်ပါးရဲ့ အားနည်းချက်ကို ပြောရမှာ အရမ်းကို အားနာတတ်လို့ပဲဖြစ်ပါတယ်။
– နောက်ထပ်ကောင်မလေးတစ်ယောက်ကို တွဲဖို့ ပြန်ကြိုးစားကြည့်တယ်
ယောက်ျားလေးတစ်ယောက်က အသည်းကွဲသွားပြီဆိုတာနဲ့ One go Two Come ဆိုတဲ့အတိုင်း သူ့အတွက် လိုက်ရတာ အဆင်ပြေမယ့် ကောင်မလေးတစ်ယောက်နဲ့ လက်တွဲနိုင်ဖို့ အသည်းအသန်ကြိုးစားလေ့ရှိကြပါတယ်။ ဒီလိုကြိုးစားရင်း ပထမလူပေးသွားတဲ့ နာကျင်မှုတွေကို နောက်တစ်ယောက်ပေးမယ့် ပျော်ရွှင်မှုတွေနဲ့ အစားထိုးဖို့လုပ်ပါတော့တယ်။
– စိတ်ဓာတ်ကျလာတယ်
လမ်းခွဲပြီးသွားတဲ့နောက်မှာ တွဲခဲ့တဲ့ ချစ်သူဟောင်းအကြောင်းကို ပြန်တွေးရင်း ပျော်ရွှင်စရာအမှတ်တရတွေကို ပြန်တွေးတတ်ကြပါတယ်။ ဒါဟာ အိပ်နေတုန်းမှာ မက်တဲ့အိမ်မက်တစ်ခုလို့ သိသွားတဲ့နောက်မှာတော့ စိတ်ဓာတ်ကျလာတတ်ပါတယ်။
– ဒေါသပိုထွက်လာတယ်
ယောကျာ်းလေးတွေမှ မဟုတ်ပါဘူး။မိန်းကလေးတွေလဲအတူတူပါပဲ ။အသည်းကွဲသွားရင် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာတွေအတွက် သူတို့ရဲ့ ဒေါသတွေကို တစ်ခုခုပေါ်မှာ အပြစ်ပုံချပြီး ခေါင်းရှောင်လေ့ရှိပါတယ်။
အသည်းကွဲသွားလို့ ကိုယ်ဟာ ပုံမှမဖြစ်သေးတဲ့ အချိန်မှာ စိတ်က အမြဲလိုလို ဒေါသထွက်နေတတ်ပြီး ပစ္စည်းတွေ ဖျက်ဆီးတာမျိုး၊ နံရံကို လက်သီးနဲ့ ထိုးတာမျိုး၊ EX နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ ဖျက်ပစ်တာမျိုး၊ Ex ပေးထားတဲ့ လက်ဆောင်ပစ္စည်းတွေ မီးရှို့ပစ်တာမျိုးတွေ လုပ်တတ်ကြပါတယ်။
– အမြဲအိပ်နေတတ်တယ်
စိတ်ခံစားချက်တွေ အပြင်ဝမ်းနည်းမှုတွေ၊ ဒေါသတွေ ၊ စိတ်ရှုပ်ထွေးမှုတွေနဲ့ ကြုံတွေ့နေရတာ ကြောင့် အသည်းကွဲသွားတဲ့ ယောက်ျားလေးတစ်ယောက်ဟာ စိတ်ပင်ပန်းနေပြီး အမြဲတမ်း အိပ်နေတတ်ပါတယ်။
– ရည်းစားဟောင်းပြန်လာဖို့ တတ်နိုင်သမျှ ကြိုးစားတတ်ကြတယ်
အသည်းကွဲတယ်ဆိုတာ ကိုယ်က ထားခဲ့ခံရလို့ အသည်းကွဲတာပါ။ ကိုယ်က ထားခဲ့ရင် နှောင်ကြိုးတစ်ခုလွတ်ပြီဆိုပြီး ပျော်စရာတောင်ကောင်းနေပါသေးတယ်။ ဒါပေမဲ့ ကိုယ်က ငြင်းခံခဲ့ရတဲ့အခါ ကိုယ်ဘာတွေ မှားခဲ့လဲဆိုတာ ပြန်တွေးရင်း ထားသွားခဲ့တဲ့ Ex ကို ပြန်လိုချင်စိတ်က ပိုပြင်းပြလာပါတယ်။ ဒီတော့ မိန်းကလေးတစ်ယောက်ကို ပြန်ရဖို့ကြိုးစားတာပဲ ဖြစ်ဖြစ်၊ ပထမဆုံးချဉ်းကပ်တာပဲ ဖြစ်ဖြစ် ယောက်ျားလေးတွေက မဖြစ်နိုင်ဘူးဆိုတာ သေချာမှ လက်လျှော့သွားတတ်ကြပါတယ်။ မျှော်လင့်ချက်လေး တစ်မျှင်လောက်ရှိရင်တောင် သူတို့က ကပ်ပါးလိုပဲ တွယ်ကပ်နေကြမှာပါ။

Ref; Relationships goals