Running Man ကနေ အနားယူမယ့် အချိန်နဲ့ အချစ်ရေးကိစ္စကို ပြောပြခဲ့တဲ့ Song Ji Hyo
moda.com.mm
|
2020-06-02

Running Man အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Song Ji Hyo က လတ်တလောဖြေထားတဲ့ Interview တစ်ခုမှာ အသက်လေးဆယ်နားနီးလာတဲ့ ခံစားချက်နဲ့ ပတ်သတ်ပြီး Running Man အစီအစဉ်နဲ့ လက်ထပ်မယ့် အကြောင်းတွေကို ပြောပြသွားခဲ့ပါတယ်။

သက်လတ်ပိုင်းရောက်လာပြီဖြစ်တဲ့ သူမက အသက်အရွယ်က သူမအတွက် စိတ်ရှုပ်စရာကောင်းတဲ့အရာတစ်ခုလို့ မမြင်ပါဘူးလို့ ဖြေခဲ့ပါတယ်။ သူမအနေနဲ့ ခုရှိနေတဲ့အချိန်က သူမအတွက် ပျော်ရွှင်စရာအပြည့်ပဲလို့ ဆိုပါတယ်။




“လေးဆယ်နားနီးလာတာရဲ့ အခက်ခဲဆုံးအချက်က Recover ဖြစ်ဖို့ နှေးကွေးတာတစ်ခုပါပဲ။ အရာရာတိုင်းကို လုပ်နိုင်လာတယ်လို့ ခံစားရလို့ ကျွန်မကတော့ပျော်တယ်။ အရင်က မသိ၊ နားမလည်တဲ့အရာတွေကို နားလည်သဘောပေါက်လာတယ်လို့ ခံစားရတယ်။”

ကိုးရီးယားနိုင်ငံရဲ့ ဓလေ့ထုံးထမ်းအရ လက်ထပ်ရမယ့်အရွယ်တစ်နေရာမှလည်း ရောက်နေပြီမို့ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ သူမက လက်ထပ်ဖို့အတွက် အစီအစဉ်မရှိသေးပါဘူးလို့ဆိုပါတယ်။ တစ်ယောက်တည်းနေနေတဲ့ လက်ရှိဘဝကိုလည်း နှစ်သက်ပြီး တစ်စုံတစ်ယောက်ရှိခဲ့ရင်လည်း ပျော်ပျော်ကြီးလက်ခံမှာပါလို့ ဆိုပါတယ်။



“ကျွန်မအတွက် ကိုယ့်ကိုယ်တောင် ဂရုစိုက်ရတာ ခက်နေတာ၊ အခြားလူတစ်ယောက်ကို ဂရုစိုက်ပြုစုဖို့ဆိုတာ ကျွန်မအတွက် မဖြစ်နိုင်ဘူး။ အခုလက်ရှိဘဝက အဆင်ပြေနေပါတယ်။ ကျွန်မတော့ ကြိုက်တယ်။
ကျွန်မရဲ့ အတွေးတွေကို ပြောင်းလဲပေးနိုင်မယ့် လူတစ်ယောက်ရှိခဲ့ရင်တော့လည်း တစ်မျိူးပေါ့။ အခုတော့ ကျွန်မခွေးလေးနဲ့ အချိန်ကုန်ရတာကိုပဲ ပျော်ပါတယ်။”




ထိခိုက်ဒဏ်ရာများတဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုနဲ့ ရိုက်ကူးရတဲ့ Running Man မှာ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ၁၀နှစ်ကြာရှိနေတဲ့ အချိန်နဲ့ ပတ်သတ်ပြီးတော့လည်း ပြောပြခဲ့ပါတယ်။



“အသက်နဲ့ ပတ်သတ်ပြီး စဉ်းစားတွေးပူတဲ့အထဲမှာ ကျွန်မမပါပါဘူး။ ဒါပေမယ့် အခု ကျွန်မရဲ့ အသက်၃၀ဆိုတဲ့ အပိုင်းအခြားကို စွန့်လွတ်ရတော့မယ်၊ အသက်၄၀နောက်ပိုင်းမှာ ဘာလုပ်နေမလဲဆိုတာ စဉ်းစားမိနေတယ်။
Running Man ကို မရိုက်ဖြစ်ခဲ့ရင်တောင် အခြားအလုပ်တွေကို အကောင်းဆုံးကြိုးစားပြီး လုပ်သွားမှာပါလို့ ဆိုပါတယ်။”




Some text some message..