June လရာသီဖွားတွေအနေနဲ့ ကိုယ့်ဖူးစာရှင်နဲ့ တွေ့ဆုံနိုင်ချေရှိတဲ့ နေရာများ
mystylemyanmar.com
|
2020-06-09

ဇာတ်လမ်းတွေ၊ ဝတ္ထုစာအုပ်တွေထဲမှာ ကိုယ့်ဖူးစာရှင်နဲ့ မမျှော်လင့်ထားတဲ့နေရာမှာ တွေ့တာ၊ တွေ့ဆုံမှုက ရယ်ရမလို ငိုရမလို အလွဲလေးတွေနဲ့ စတာကို သင်မြင်ဖူးမှာပါ။ သင့်ဖူးစာဖက်ကိုကော ဘယ်လိုပုံစံနဲ့ ဘယ်လိုနေရာမှာ တွေ့မှာလဲ စိတ်မဝင်စားဘူးလား။ သင့်ရဲ့ ရာသီခွင်အလိုက် သင့်ဖူးစာရှင်နဲ့ တွေ့နိုင်ချေရှိတဲ့နေရာကို ခန့်မှန်းနိုင်ပါတယ်။ သင်က June လမှာမွေးဖွားသူဆိုရင် သင့်အကျင့်စရိုက်တွေနဲ့ ဖူးစာရှင်ကို တွေ့နိုင်ချေရှိတဲ့နေရာတွေကတော့-

၁။ ဇွန်လမွေးဖွားသူတွေက ဉာဏ်ပညာမြင့်မားကြပြီး ဗဟုသုတကြွယ်ဝကြပါတယ်။

၂။ အသိပညာကြွယ်ဝတဲ့အတွက် သူတို့ရဲ့ ဗဟုသုတတွေကို အခြားသူတွေဆီ မျှဝေလိုစိတ်ရှိကြပါတယ်။


၃။ ဇွန်လမွေးဖွားသူတွေဟာ အသစ်အသစ်တွေကို သိလိုစိတ်နဲ့ မျှဝေလိုစိတ်ရှိတာကြောင့် ဖူးစာရှင်ကို စာသင်ခန်းတွေ၊ Workshop တွေမှာ တွေ့ဆုံနိုင်ချေရှိပါတယ်။

၄။ သင်တွေ့တဲ့ဖူးစာဖက်ကလည်း သင့်ကို တန်ဖိုးထားပြီး လေးစားသူဖြစ်ပါတယ်။


၅။ ဇွန်လမွေးဖွားသူတွေက ကြင်နာစိတ်အပြည့်ရှိပြီး ဂရုစိုက်တတ်သူတွေဖြစ်ပါတယ်။

၆။ သင်က အခြားသူတွေကို ယုံကြည်မှုအပြည့်ပေးပြီး ကြင်နာတတ်တာကြောင့် တစ်ခါတလေ လူတွေရဲ့ အသုံးချခံဖြစ်သွားတတ်ပါတယ်။


၇။ အခုချိန်က မကောင်းတဲ့သူတွေကို အတိတ်မှာ ချန်ထားခဲ့ပြီး သင့်အပေါ် သင်ချစ်သလောက် ညီတူညီမျှချစ်နိုင်မယ့်လူကို ရှာရမယ့်အချိန်ဖြစ်ပါတယ်။

၈။ သင့်လိုကြင်နာတတ်တဲ့ချစ်သူကို ခွေးလေးတွေနဲ့အတူ လမ်းလျှောက်တဲ့ ပန်းခြံ၊ သူငယ်ချင်းတွေကို ကူညီပေးရတဲ့အချိန်၊ အခြားသူတွေကို ကူညီပေးနိုင်တဲ့ နေရာတွေမှာ တွေ့နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar


The post

June လရာသီဖွားတွေအနေနဲ့ ကိုယ့်ဖူးစာရှင်နဲ့ တွေ့ဆုံနိုင်ချေရှိတဲ့ နေရာများ appeared first on

MyStyle Myanmar .




Some text some message..