
ရာဇာဖွားတို့သည် စိတ်ကူးဉာဏ် ထက်မြက်သူများဖြစ်ပြီး စိတ်ဓာတ် မာကျောသူများဖြစ်ပါတယ်။
အများအားဖြင့် သူတစ်ပါးအပေါ် ရိုးသားသောစိတ်ရှိသူများဖြစ်ပြီး မိမိအပေါ် လိမ်ညာခြင်း မရိုးသားခြင်းကိုလည်းမနှစ်သက် ဖြောင့်မတ်မှန်ကန်စွာနေထိုင်လိုသူတွေပါ။
ကောင်းပြီဆိုလျှင်လည်း သူများထက်ပိုကောင်းတတ်ပြီး ဆိုးပြီဆိုလျှင်လည်း သူများထက် ပိုဆိုးတတ်သူများလည်းဖြစ်သည်။
စကားကိုလည်း လိုရင်းကိုသာ အဓိကပြောဆိုတတ်ပြီး ပွင့်ပွင့်လင်းလင်းပြောဆိုရတာကို နှစ်သက်ကြပါတယ်။
စိတ်ဓာတ်ပျော့ညံ့သူများမဟုတ်ပေမယ့်လည်း စိတ်အပြောင်းအလဲမြန်ပြီး စိတ်ဓာတ် တက်လွယ်ကျလွယ်တတ်သူတွေဖြစ်ပါတယ်။
များသောအားဖြင့် စိတ်မြန်စွာ ဆုံးဖြတ်ချက်ချတတ်သူများလည်းဖြစ်ပြန်သည်။ အဲ့ဒါကြောင့် တစ်ခါတစ်လေမှာ လုပ်ကိုင်တဲ့ အလုပ်တွေမျာ တစ်ပိုင်းတစ်စကျန်ရှိတာတွေက များတတ်ပါတယ်။
ရာဇာဖွားတို့သည် သူတစ်ပါးတို့၏ ချစ်ခင်ခြင်း ပေးကမ်းချီးမြှောက်ခြင်း ဆရာသမား အကြီးအကဲများ၏ ကြည့်ရှုစောင့်ရှောက်ခြင်း နှင့် အထောက်အပံ့ကောင်းများကိုလည်းရရှိသူများဖြစ်ပါတယ်။
ပညာရပ်တော်တော်များများကိုလည်း တတ်ကျွမ်းကြသူများဖြစ်ပြီး အများစုမှာ ဆွေမျိုး မိဘ အသိုင်းအဝန်း (သို့)သူငယ်ချင်း အပေါင်းအဖော် အခြွေအရံများနှင့် သိုက်သိုက်ဝန်းဝန်းနေတတ်သူတွေပဲ ဖြစ်ကြပါတယ်။

Ref;Baydin