ပရိသတ်အချစ်တော် မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ အနုပညာပိုင်းမှာ အောင်မြင်နေသလို လက်တွေ့အပြင်ဘဝမှာလည်း ချစ်ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးနဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်..။
သရုပ်ဆောင်ပိုင်နိုင်ပီပြင်သလို ပွင့်လင်းပြီး ကလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကလည်း သူမရဲ့ဆွဲဆောင်မှုလေးတွေဖြစ်ပြီး ပရိသတ်တွေကို အချစ်ပိုစေတာပါနော်..။
သုသုလေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းငမီးချောလေး ပိုင်ဖြိုးသုကတော့ သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲဝေမျှပြီး အိမ်မှာနေရင်း အချစ်တော်ခွေးလေးနဲ့ ဓာတ်ဖမ်းထားတဲ့ ချစ်စရာပုံရိပ်လေးတွေကို ဝေမျှလာပါတယ်နော်..။
အခုလို Stay Home ကာလလေး အိမ်မှာနေတဲ့အချိန်မှာ အချစ်တော်ခွေးလေးနဲ့အတူ အချိန်ဖြုန်းရင်း ပျော်နေတဲ့ ပုံရိပ်လေးတွေကို ဝေမျှထားတာဖြစ်ပြီး ချွဲတတ်လွန်းတဲ့ သူမရဲ့အချစ်တော်လေးက အချေတလိုင်းဖြစ်သွားတဲ့ အကြောင်းလေးကို ပြောပြထားပါသေးတယ်နော်..။
ဂါမဏီလို့ နာမည်လေးပေးထားတဲ့ အချစ်တော်လေးက ငယ်ငယ်က အရမ်းချွဲပြီး အရမ်းဆော့ပေမယ့် အခုတော့ အချေတလိုင်းဖြစ်သွားတဲ့အကြောင်းလေးကို ချစ်စဖွယ်လေး ပြောပြထားတာပါ..။
"ဂါမဏိလေးငယ်ငယ်တုန်းကပုံလေးတွေ
အဲ့တုန်းက ကလေးလေးဆိုတော့အရမ်းချွဲ အရမ်းဆော့
ခု(၅)နှစ်ကျော်သွားတော့အချေကြီးပဲတစ်လိုင်း
သူ့ကိုယ်သူ အင်္ဂလန်ပြည်ကဘုရင်မကြီးလောက်ထင်နေတာ
တခြားအာဝုလေးတွေရော...
အဲ့လိုပဲလားဟင်?.. " ဆိုပြီး သုသုလေးက ပြောထားတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာပါ..။