သင့်ဘဝမှာ Leo(July 23.August 22) တွေနဲ့တွေ့ဖူးလား? သူတို့က ခန့်မှန်းရခက်သလောက် အလွန်တရာမှ ဆွဲဆောင်မှုရှိတဲ့လူမျိုးတွေပေါ့။ တကယ်လို့ Leoတွေနဲ့ပက်သက်ရမယ် ကိုယ်ချစ်ရသူကိုယ်တိုင်က Leoရာသီခွင်ဖွား ဖြစ်နေတယ်ဆို သူတို့ဘေးနားမှာ ဘယ်တော့မှ မပြောသင့်တဲ့ ဒါမှမဟုတ် ဘယ်, တော့မှမလုပ်သင့်တဲ့ အရာတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ ကဲဖတ်ကြည့်လိုက်ရအောင်.
“အဲ့ဒီအကြောင်းပြောနေတာခုရပ်လိုက်”
Leoရာသီခွင်ဖွားတွေနဲ့စကားတော်တော်များတတ်ပါတယ်။ သူတို့ပြောချင်တဲ့အကြောင်းအရာတွေ့ရင်ပေါ့။ အဲ့ဒီလိုအချိန်မှာ သူတို့ကို “အဲ့ဒီအကြောင်းပြေ ာနေတာခုရပ်လိုက်”ဆိုတဲ့ စကားမျိုး အမိန့်ပေးသလို သွားမလုပ်ပါနဲ့။ ပြဿနာအကြီးကြီးတက်သွားပါလိမ့်မယ်။ သူတို့က စိတ်ဝင်စားမှုအလယ်ဗဟိုမှာနေထိုင်ချင်သူတွေပါ။ သူတို့ကိုစိတ်မဝင်စားသလို ပုံစံသွားလုပ်မိလို့ကတော့ ကိုယ့်ဘဝသာကိုယ်တွေးပေတော့။
“အဲ့ဒီကိစ္စပူမနေနဲ့၊ ကိုယ်လုပ်လိုက်မယ်”
ဒီစကားမျိုးကိုလည်း သူတို့တယ်ပီး မနှစ်သက်တတ်ဘူး။ ဒီလိုစကားပြောတာဟာ သူတို့ကို မယုံကြည်တာ ထိန်းချုပ်လိုတာ ဦးဆောင်လမ်းပြသူအဖြစ်က မပေးချင်တာမျိုးလို့သူတို့ထင်တတ်ပါတယ်။ သူတို့က အရာရာတိုင်းမှာ တာဝန်ယူမှု တာဝန်ခံမှုနဲ့ သူတို့ကို အလေးပေးဂရုတစိုက်ရှိစေချင်တယ်။ ဒီစကားမျိုးက သူတို့ကိုစော်ကားတယ်လို့ ထင်စေတတ်ပါတယ်။
“ငါတို့ Planတွေမေ့သွားတယ်”
တစ်ခုခုကို သင်ကတိပေးထားတယ်။ သင်တို့ဆွေးနွေးထားတယ်။ အဲ့ဒီလိုတွေပြောပြီးဆိုပြီးနောက်မှ “ငါမေ့သွားတယ်”ဆိုရင် သူတို့ပထမ စိတ်မကောင်းဖြစ်လိမ့်မယ်။ နောက်ခနနေ ကောက်လိမ့်မယ်၊ တိတ်တိတ်လေးဒေါသထွက်မယ်။ သင့်ကိုတရစပ်ပြောတော့မယ်။ ဒါပါပဲ Leoတွေက အမှတ်တရနေ့ရက်တွေ အမှတ်တရသေးသေးလေးတွေ စကားတွေ ကတိတွေကို အင်မတန် တန်ဖိုးထား အလေးစိုက်တတ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေကိုမုန်းတတ်ပါတယ်။ ဒါကြောင့်တခုခုကို မေ့သွားရင် သူတို့ကို အမြန်တောင်းပန်ပါ။ အမှန်အတိုင်းပြောပြပါ။ ဒါမှ သူတို့စဉ်းစားပီးခွင့်လွှတ်လိုက်မယ်။ Leoတွေကို ချစ်ရတာ တစ်ကယ့် ဒုက္ခဗျ။
အငြင်းအခုန်သွားမလုပ်နဲ့
Leoတွေဆိုတာဘယ်လိုတွေလဲသိလား။ မသိရင်မှတ်ထား သူတို့က ကလေးလူကြီးတွေပဲ။ ဆိုလိုတာက လူကြီးပုံနဲ့ကလေးဆန်တတ်ကြတာ။ သူတို့ကိုနားလည်ဖို့ခက်တယ်။ ဒါပေမယ့် သူတို့က လိမ်တာကိုမုန်းတယ်။ သူတို့လည်းမလိမ်ဘူး။ အချစ်ကြီးသလောက် အတ္တလည်းကြီးတယ်။ သူတို့တွေနဲ့ အငြင်းအခုန်သွားမလုပ်မိစေနဲ့။ သူတို့ကလူတွေရဲ အလယ်မှာ ထင်းနေရတာမျိုး သူတို့အနိုင်ရတာမျိုးပဲကြိုက်တယ်။ ခေါင်းမာတယ်။ ချစ်ခင်သူတွေဝိုင်းနေတတ်တယ်။ သူတို့ဘဝမှာ အောင်မြင်မှု အနိုင်ရမှုတွေကိုပဲလိုချင်ကြတယ်။ ငြင်းမိရင်လည်း အလျော့ပေးလိုက်ပါ။ စိတ်ကောက်လွယ်သလို စိတ်ပြေလွယ်ပါတယ်။
မင်းပြောင်းလဲသင့်တယ်
Leoတွေဟာ ဝေဖန်တာကို ကြိုက်တယ်ဆိုပေမယ့် တကယ်ဝေဖန်ရင် မနှစ်သက်ကြပါဘူး။ “သူတို့ကို မင်းပြောင်းလဲသင့်တယ်”ဆိုတာမျိုးသွားပြောမိရင် အဲ့ဒီလို ဝေဖန်မှုအတွက် သူတို့ ပြင်းထန်စွာ ဒဏ်ရာရလိမ့်မယ်။ ဒါပေမယ့် သူတို့က အရွဲ့တိုက်လိမ့်မယ်။ ကဲ..ဒီလောက်ဆို Leoတွေရဲ့ဘေးမှာ ဘယ်တော့မှ မပြောသင့်တဲ့ မလုပ်သင့်တဲ့ အရာတွေကို သိလောက်ပီထင်ပါတယ်နော်.
#Lifestyle_Myanmar
#Mg_Htet
REF_Power Of Possitivity