Relationship တစ်ခုရဲ့ အရေးပါသော အဆင့် (၈)ဆင့်
lifestylemyanmar.com
|
2020-06-15



အရူးအမှုး စွဲလမ်းခြင်း၊ ချစ်ခြင်း၊ ပိုးပန်းခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ ဒီအရာတွေက ချစ်ခြင်းမေတ္တာ ဘယ်လောက်ခရီးပေါက်သလဲဆိုတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ချစ်ကြကြိုက်ကြတဲ့အခါ ထိုခံစားချက်တွေကို အရမ်းစွဲလမ်းပြီး ကျွန်တော်တို့ရဲ့ အချစ်ရေးဟာ ဘယ်အဆင့်ရောက်နေလဲဆိုတာကို ဂရုမစိုက်မိကြပါဘူး။ သို့သော် အချစ်ရေးမှာ အဆင့်များစွာရှိတယ်ဆိုတာ သင်သိပါသလား?

Relationship ဆိုတာ ကိုယ်စီစဉ်ထားသလို ဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့ဘာသာပဲ ဖြစ်ပျက်လာပါတယ်။ အအောင်မြင်ဆုံး အချစ်ရေးဟာ ကြိုတင်ခန့်မှန်းနိုင်တဲ့ အဆင့် ရှစ်ခုကို ဖြတ်သန်းသွားရပါတယ်။

၁။ အရှုးအမှုးစွဲလမ်းခြင်းနှင့် ရင်ခုန်ခြင်းအဆင့်

relationship ဟာ” မင်းမရှိရင် ငါမနေနိုင်ဘူး” ဆိုတဲ့ ခံစားချက်ဖြင့် တစ်ယောက်ကို တစ်ယောက် အရူးအမှုးစွဲလမ်းခြင်းဖြင့် စတင်ပါတယ်။ တစ်ယောက်ကို တစ်ယောက် အပြုသဘောဆောင်တဲ့ ရှုထောင့်တွေကိုသာ အာရုံစိုက်ပြီး တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က လျစ်လျူရှု့လေ့ ရှိတတ်ကြပါတယ်။ သင်ဟာ သင်ချစ်မြတ်နိုးရသူရဲ့ အတွေးတွေနဲ့ အလုပ်များနေပြီး သင်လိုချင်တဲ့ တစ်ခုတည်းသောအရာက သူတို့နှင့် တွေ့ဆုံပြီး သူတို့နှင့်အတူ ရှိနေဖို့ ဖြစ်ပါတယ်။ ထို့ကြောင့် ဒီအဆင့်ကို စွဲလမ်းမှုအဆင့်လို့ ခေါ်ပါတယ်။ အိမ်မက်တွေ၊ အမြင်တွေကို မျှဝေခြင်းနှင့်အတူ လှပသော ဘဝကို စိတ်ကူးယဉ်ပြီး တစ်ယောက်အပေါ် တစ်ယောက် မှီခိုအားထားခြင်းဖြင့် တစ်ယောက်နဲ့ တစ်ယောက် ဆန့်ကျင်ဘက်ဖြစ်နေရင်တောင် ခုချိန်မှာ အရေးမပါသေးပါဘူး။




ဒီအဆင့်ကို ဆက်လက်ရှင်သန်နိုင်ဖို့ သိကောင်းစရာများ
ရိုမန့်တစ်က ရုပ်ရှင်တွေ၊ စာအုပ်တွေမှာပဲ ဖြစ်နိုင်ပါတယ်၊ တကယ့်လက်တွေ့ဘဝမှ မလွယ်ကူလှပါဘူး။
romance ဟာ ထာဝရတည်တံ့မှာ မဟုတ်ပါဘူး။ သင့်ဟာ သင့်ရဲ့ အချစ်ရေးကို အလေးအနက်ထားပါက သင်ချစ်မြတ်နိုးရသူနှင့် နှစ်သက်သော စရိုက်တွေကို လျစ်လျူမရှုပါနဲ့။
သင့်ရဲ့ချို့ယွင်းချက်တွေနဲ့ သင့်လုပ်ဖော်ကိုင်ဖက်ကို ဆက်ချစ်နိုင်မလားဆိုတာကို ဆုံးဖြတ်ဖို့ သင့်လျော်တဲ့အဆင့် ဖြစ်ပါတယ်။ သူတို့ကို မသိကျိုးကျွန်ပြုခြင်းက နောက်တစ်ဆင့်မှာ ရှင်သန်ဖို့ ခက်ခဲစေပါလိမ့်မယ်။

၂။ လိုက်လျောညီထွေအဆင့်

တစ်ယောက်နဲ့တစ်ယောက် စကားပြောခြင်း၊ နားလည်ခြင်းတွေကို အတူတူလုပ်ဆောင်ကြပါတယ်။ တစ်ယောက်ရဲ့ ကြိုက်တာ၊ မကြိုက်တာနှင့် စိတ်ဝင်စားမှုတွေကို သိခွင့်ရပါတယ်။ သင့်လက်တွဲဖော်ရဲ့ ‘real side’ ကိုစမြင်လာပါတယ်။

သင်ဟာ သင့်လက်တွဲဖော်နှင့်ပတ်သတ်၍ ထင်မြင်ချက်ကို စတင်ဖန်တီးနိုင်ပြီး မျှော်လင့်ချက်တွေရှိလာပါတယ်၊ မျှော်လင့်ချက်တွေ ပြည့်စုံလာတဲ့အခါ သင်ဝမ်းမြောက်ပါတယ်။ ထပ်ခါတလဲလဲ မတွေ့ဆုံတဲ့အခါမှာ သင်စိတ်ပျက်လာပါတယ်။ တဖြည်းဖြည်းနဲ့ မတူညီမှုတွေက တစ်စတစ်စဖြစ်ပေါ်လာပြီး တစ်ချိန်က စိတ်ခံစားမှုအမြင့်ဆုံးဟာ ဆုတ်ယုတ်လာပါတယ်။ သင်ဟာ သဟဇာတမရှိတဲ့ လူတစ်ယောက်ဘေးကနေ နိုးထလာပါတယ်။




ဒီအဆင့်ကို ဆက်လက်ရှင်သန်နိုင်ဖို့ သိကောင်းစရာများ
တစ်ယောက်ရဲ့ လိုအပ်ချက်တွေကို တစ်ယောက်က နားလည်အောင် အချိန်ပေးပါ။
သင့်လက်တွဲဖော်ကို ပြောင်းလဲဖို့ ကြိုးစားခြင်းက အချည်းနှီးဖြစ်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ အဲဒီအစား သင့်စွမ်းအင်ကို သင်ကိုယ်တိုင်ပြောင်းလဲခြင်းနှင့် ပိုမိုကောင်းမွန်သော လက်တွဲဖော်ဖြစ်ဖို့ ကြိုးစားခြင်းအားဖြင့် သင့်လက်တွဲဖော်ကို သူ့တို့ဘာသာသူတို့ ပြောင်းလဲဖို့ လှုံ့ဆော်ပေးပါတယ်။
သို့သော် မတူညီမှုတွေဟာ ချိန်ညှိဖို့ မဖြစ်နိုင်ဘူးလို့ ထင်ပါက သင့်ရဲ့အချစ်ရေးပန်းတိုင်ကို ပြန်လည်စဉ်းစားပါ။
လိုက်လျောညီထွေအဆင့်မှာ ပြတ်သားမှုရှိခြင်းက နောက်အဆင့်ရှိ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အရမ်းအရေးပါ ပါတယ်။

၃။ စိန်ခေါ်မှုအဆင့်

ဒေါသ၊ မချင့်မရဲဖြစ်ခြင်းနှင့် စိတ်ပျက်ခြင်းဖြစ်လာတဲ့ အဆင့်တွေ ဖြစ်ပါတယ်။ သင့်အချစ်ရေးရဲ့ ခံနိုင်ရည်တွေကို စမ်းသပ်တဲ့အနေနဲ့ ဘဝက မင်းဆီကို စိန်ခေါ်မှုတွေနဲ့ ပစ်ထည့်လိုက်တဲ့အချိန်သာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ သင့်ဟာ သင့်လက်တွဲဖော်ရဲ့ လိုအပ်ချက်တွေကို နားလည်ဖို့ ကြိုးစားရပါတယ်။ သို့သော် သင့်လိုအပ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ ထင်လာတာကြောင့် သူတို့ကို ဖြည့်ဆည်းပေးဖို့ ခက်ခဲနိုင်ပါတယ်။

သင်ဟာ သင့်လက်တွဲဖော်ရဲ့ အလေ့အထများ၊ လိုအပ်ချက်တွေနဲ့ လိုလားမှုတွေနှင့်အတူ စိတ်ဆိုးတာ၊ အဆင်မပြေတာတွေ ဖြစ်လာပါတယ်။ ဒီတော့ နှစ်ယောက်စလုံးဟာ တစ်ယောက်ရဲ့အပြုအမှုကို တစ်ယောက်ပြောင်းလဲပစ်ဖို့ ကြိုးစားတတ်ကြပါတယ်။




တစ်ယောက်နဲ့တစ်ယောက်ဟာ အာဏာအတွက် ရုန်းကန်ကြပြီး နှစ်ယောက်စလုံးက စိုးမိုးခြယ်လှယ်ကြတဲ့အခါ အချစ်ရေးဟာ ဆိုးရွားလာတာ(သို့) အဆုံးသတ်သွားတာ ဖြစ်သွားပါတယ်။ သင်ဟာ သင့်အချစ်ရေးအပြင်ဘက်က ဆွဲဆောင်မှုတွေကို ခံနိုင်ရည်ရှိလာပြီး သင့်လက်တွဲဖော်ပေါ်မှာ လိမ်လည်ဖို့(ဖောက်ပြန်ဖို့) သွေးဆောင်ခံရနိုင်ပါတယ်။

ဒီအဆင့်မှာ စုံတွဲတွေဟာ မလိုလားအပ်တဲ့အရာနှစ်ခုထဲက တစ်ခုကို လုပ်လာနိုင်ပါတယ်။ သူတို့ဟာ ထွက်ပေါက်ရှာပြီး ခွဲထွက်ဖို့ ကြိုးစားတတ်ကြပါတယ်။ ထိုကဲ့သို့သော လူတွေဟာ ကျူးလွန်ကြတာမဟုတ်ပါဘူး။ သူတို့ဟာ ချစ်ခြင်းမေတ္တာကို ဆက်ရှာကြသော်လည်း စိတ်ပျက်အားလျော့သွားကြပါတယ်။ သူတို့ဟာ နာကျင်မှု၊ စိတ်ပျက်စရာတွေနဲ့ relationshipမှာ ဆက်လက်ရှိနေပြီး သူတို့ရဲ့ relationship က ကြီးထွားလာမယ့်အစား ရပ်တန့်သွားပါတယ်။ ထိုသို့သော အချစ်ရေးဟာ အချိန်ကာလတစ်ခုအတွင်း ပြိုလဲသွားပါတယ်။

ဒီအဆင့်ကို ဆက်လက်ရှင်သန်နိုင်ဖို့ သိကောင်းစရာများ
သင်တို့နှစ်ယောက်အကြား အချစ်ရေးကို အနှောက်အယှက်မဖြစ်စေဘဲ ပဋိပက္ခတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေကို စဉ်းစားပါ။
သင့်ရဲ့ မပျော်ရွှင်မှုနှင့် ပတ်သတ်ပြီး တိတ်ဆိတ်စွာနေခြင်းဟာ ပြဿနာကို မဖြေရှင်းနိ်ုငပါ။ ထို့ကြောင့် သင့်လက်တွဲဖော်နဲ့ စကားပြောပါ။ သင့်ခံစားချက်တွေကို ဖော်ပြပါ။
သူတို့ကို အပြစ်တင်ဖို့ မကြိုးစားပါနဲ့။ မအော်ပါနဲ့။ သင်ပြောတဲ့အချက်ကို သူတို့ သေချာနားလည်အောင်လုပ်ပါ။ ဒီအဆင့်မှတဆင့် ရွက်လွှင့်ပြီး နောက်အဆင့်ကို လမ်းခင်းပေးပါတယ်။

၄။ ပြီးပြည့်စုံသော ယုံကြည်မှုအဆင့်

ဒီအဆင့်က တစ်ယောက်နဲ့ တစ်ယောက်ပျော်ရွှင်ပြီး လုံးဝယုံကြည်ကိုးစားတဲ့အဆင့်ဖြစ်ပါတယ်။ သင့်လက်တွဲဖော်ရဲ့ အပြုအမှုနှင့် လုပ်ရပ်တွေကို ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိလာပါတယ်။ သို့သော် ဒီအချိန်ဟာ တစ်ယောက်နဲ့ တစ်ယောက် ခွင့်ပြုချက်ယူလေ့ရှိတဲ့ အချိန်ဖြစ်ပါတယ်။




ဒီအဆင့်မှာ အလုပ်ဖြစ်ဖို့ သိကောင်းစရာများ
သင့်အချစ်ရေးမှာ အချိန်နှင့် အားစိုက်ထုတ်မှုတွေကို ရင်းနှီးမြှုပ်နှံပြီး သင့်လက်တွဲဖော်ကို ဆက်ချစ်ပါ။
သင်တို့နှစ်ယောက်ကြားက အရာရာတိုင်း ချောမွေ့သွားတဲ့အခါ အတူတူနေချင်တဲ့ဆန္ဒတွေ ပိုဖြစ်လာပြီး နောက်အဆင့်သို့ ဦးတည်သွားပါလိမ့်မယ်။

၅။ လိင်ပိုင်းဆိုင်ရာ စူးစမ်းလေ့လာမှုအဆင့်

သင့်ရဲ့လိင်မှုဘဝဟာ ဒီအဆင့်မှာ အမြင့်ဆုံးဖြစ်ပါတယ်။ သင်ဟာ ကနဦးအဆင့်မှာရှိခဲ့တဲ့ စိတ်အားထက်သန်မှုအဖြစ် ဒီအချိန်မှာ စိတ်ဝင်စားဖွယ်ဖြစ်စေဖို့ နည်းလမ်းများစွာ ကြိုးစားချင်ပါလိမ့်မယ်။ သို့သော် သင့်ရဲ့ ရာဂစိတ်တတ်ကြွမှု ကျဆင်းခြင်းက အန္တရာယ်ရှိနိုင်ပါတယ်။




ဒီအဆင့်မှာ အလုပ်ဖြစ်စေဖို့ သိကောင်းစရာများ
အောင်မြင်သော အချစ်ရေးရဲ့ လိုအပ်သောအရာအဖြစ် လိင်ရဲ့အခန်းကဏ္ဍကို လျစ်လျူမရှုပါနဲ့။
သင်တို့လိင်ပိုင်းဆိုင်ရာ ပိုမိုတတ်ကြွလေလေ relationship ကပိုပြီး ရိုမန့်တစ်ဖြစ်လာလေပါ။ ထို့ကြောင့် တစ်ယောက်နဲ့တစ်ယောက်ရဲ့ လိုအပ်ချက်တွေကို နားလည်ဖို့လိုအပ်ပါတယ်။
နားလည်မှုနှင့် ပြောဆိုဆက်ဆံမှုတို့နှင့်အတူ ကောင်းမွန်သော လိင်မှုဘဝက သင့်လက်တွဲဖော်နှင့် သင့်အချစ်ရေးကိုတည်မြဲစေပါတယ်။

၆။ တည်ငြိမ်မှုအဆင့်

ဒီအဆင့်ကို ရောက်ရှိသွားပြီဆိုတဲ့အချက်ဟာ သင်တို့နှစ်ယောက်စလုံးရဲ့ တစ်ယောက်နဲ့တစ်ယောက် မျှော်လင့်ချက်တွေ ပြည့်မီလာပြီလို့ ဆိုလိုပါတယ်။ သင်ဟာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး သူတို့နှင့်အတူ ကိုင်တွယ်ဖြေရှင်းခဲ့ပြီးပါပြီ။ တစ်ယောက်နဲ့ တစ်ယောက် မတူညီမှုကို လက်ခံပြီး တစ်ယောက်နဲ့ တစ်ယောက် ပြောင်းလဲဖို့ ကြိုးစားခြင်းထက် တည်ငြိမ်မှုကိုသာ အာရုံစိုက်လာကြပါတယ်။ ရင့်ကျက်ပြီး တိုးတတ်လာသော အဆင့်တစ်ခုဖြစ်ပါတယ်။ အရာရာမှာ ကိုက်ညီအောင် စွမ်းအင်တွေကို ဖြုန်းတီးမယ့်အစား အမှားတွေကနေ သင်ခန်းစာယူပါတယ်။




တစ်ယောက်နဲ့ တစ်ယောက်ချစ်တဲ့ ချစ်ခြင်းမေတ္တာဟာ ပိုနက်ရှိုင်းလာပြီး ရင့်ကျက်လာပါတယ်။ သင့်လက်တွဲဖော်ဟာ သင်နဲ့ကွဲပြားမှုရှိတာကို လက်ခံပြီး တစ်ယောက်နဲ့ တစ်ယောက်နယ်နိမိတ်ကို လေးစားပါတယ်။ အချစ်နှင့် connection ဟာ ဒီအဆင့်မှာ ပြင်းထန်ပါတယ်။

ဒီအဆင့်မှာ အလုပ်ဖြစ်ဖို့ သိကောင်းစရာများ
သင်တို့အချစ်ရေးမှာ ကြုံတွေ့နေရတဲ့ တည်ငြိမ်မှုကို ပူးတွဲလို့မရတာကြောင့် ဒီအဆင့်က comfort zone ဖြစ်ပါတယ်။ သင်တို့အချစ်ရေးကို တိုးတတ်စေဖို့အတွက် ပြောင်းလဲမှုတစ်ခု ရှိရပါမယ်။ ဒါ့ကြောင့် သင့်ရဲ့ သက်သောင့်သက်သာရှိတဲ့ ဇုန်ကနေ ထွက်ပြီး အဆင့်မြင့်တာကိုရဖို့ သင့်အချစ်ရေးကို ထောင့်အမျိုးမျိုးကနေ စူးစမ်းပါ။
သင့်ရဲ့ စိတ်ဝင်စားမှုပေါ်မှာ အတူတူ လက်တွဲလုပ်ဆောင်ပါ။ တစ်ယောက်ရဲ့ အလုပ်အကိုင်ကို တစ်ယောက်က support လုပ်ပေးပါ။ အနာဂတ်ကို plan ချပါ။ ထိုသို့သော အသေးစားတိုးတတ်မှုတွေက သင်နှင့် သင်လက်တွဲဖော်ရဲ့ ရေရှည်အချစ်ရေးကို ကတိပေးပြီးသား ဖြစ်စေပါလိမ့်မယ်။

၇။ ကတိသစ္စာပြုခြင်းအဆင့်

ဒီအဆင့်မှာ သင့်ရဲ့ အားသာချက်တွေ၊ အားနည်းချက်အားလုံးနှင့်အတူ သင့်အချစ်ရေးရဲ့ အဖြစ်မှန်ကို လက်ခံပြီး လက်နက်ချအညံ့ခံပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကောင်းတာရော၊ ဆိုးတာပါ လက်ခံလာပြီး ယုံကြည်ချစ်မြတ်နိုးလာကြပါတယ်။ ယုံကြည်မှု၊ လုံခြုံမှု၊ ချစ်ခြင်းမေတ္တာတွေ ရှိတာကြောင့် သင့်လက်တွဲဖော်ကို ဆုံးရှုံးသွားမှာ မစိုးရိမ်တော့ပါဘူး။




ဒီအဆင့်မှာ အလုပ်ဖြစ်စေဖို့ သိကောင်းစရာများ
သင့်လုပ်ဖော်ကိုင်ဖက်က သင့်အားနည်းချက်အားလုံးကို ချစ်နိုင်ပေမယ့် သူတို့က သင့်ကိုမပြောင်းလဲစေချင်ဘူးလို့ မဆိုလိုပါဘူး။
သင့်လက်တွဲဖော် စိတ်ကျေနပ်စေဖို့ သင့်ဘဝမှာ အပြောင်းအလဲတွေ ယူဆောင်လာဖို့ ကြိုးစားပါ။
သင့်ထံမှ မမျှော်လင့်ထားတဲ့ အရာတစ်ခုခုဖြင့် သူတို့ကို အံ့အားသင့်စေပါ။ ထိုကဲ့သို့သော အရာတွေက သင့်အချစ်ရေးကို အရှိန်အဟုန်မြှင့်ပြီး ထာဝရခိုင်မြဲစေပါလိမ့်မယ်။

၈။ ပူးပေါင်း ဖန်တီးမှုအဆင့်

ဒီအဆင့်မှာ အသင်းတစ်ခုအနေဖြင့် သင့်အချစ်ရေးကို ရှေ့ဆက်ချီတတ်ဖို့ ရွေးချယ်တတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားခြင်းနှင့် ချစ်ကြပါတယ်။ လူ့အဖွဲ့အစည်းကို အထောက်အကူပြုဖို့ အတူတူ အလုပ်လုပ်ကြပါတယ်။



ဒီအဆင့်ရှိ ထောင်ချောက်က သင့်ကမ္ဘာကြီးကို ပံပိုးဖို့ အချိန်များများပေးခြင်းနှင့် သင့်အချစ်ရေးကို အချိန်ပေးဖို့ မေ့လျော့ခြင်းဖြစ်ပါတယ်

ဒီအဆင့်မှာ အလုပ်ဖြစ်စေဖို့ သိကောင်းစရာများ
Relationship က အပင်လို ဖြစ်လာပါတယ်။ သင်ပြုစုပျိုးထောင် မပေးခဲ့ရင် သူတို့သေသွားကြမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ သံယောဇဉ်နှောင်ကြိုးကို ပြုစုပျိုးထောင်ဖို့ အချိန်ယူပါ။
တစ်ယောက်နဲ့တစ်ယောက် ဒိတ်လုပ်တာမျိုး၊ လက်ဆောင်ဝယ်ပေးတာမျိုး၊ အပြန်အလှန် လေးစားမှုရှိတာမျိုး ရှိပါစေ။

တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်ကျော်သွားနိုင်ရင် သင့်လက်တွဲဖော်နှင့်အတူ သင့်အချစ်ရေးက ခိုင်မြဲနိုင်ပါတယ်။ သို့သော် အဆင့်တစ်ခုစီမှာ အချိန်အပိုင်းအခြားမရှိပါဘူး။ ဒီအဆင့်တွေဟာ တစ်ချိန်တည်းဖြစ်ပေါ်လာတာမျိုး (သို့) တစ်ပြိုင်တည်းဖြစ်လာတာမျိုး ရှိပါတယ်။ ထို့ကြောင့် သင့်မှာ ဒီအဆင့်အနည်းငယ်နဲ့ မတိုက်ဆိုင်ရင်လည်း စိတ်မပူပါနဲ့။ သင်တို့နှစ်ယောက်ဟာ အချင်းချင်း ချစ်ကြပြီး အချစ်ရေးမှာလုံခြုံမှု ရှိနေသရွေ့ ဘယ်အရာမျှ အရေးမပါပါဘူး။ အချိန်တွေရဲ့ စမ်းသပ်မှုကို ခံနိုင်ရည်ရှိဖို့လိုပြီး ခံနိုင်ရည်ရှိစေဖို့ အချိန်နှင့် ကြိုးစားအားထုတ်မှုတွေကို အမြဲတစေ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါတယ်။

Lifestyle_Myanmar
LM_Nandar


Source-momjunction.




Some text some message..