အဓိပတိဖွား အဟော
trend.com.mm
|
2020-06-16

အဓိပတိဖွားတွေက အကြောက်အလန့် နည်းသူတွေဖြစ်ကြပြီး ရဲရင့်ပြတ်သား ကာ စွန့်စားလို စိတ်ရှိ တတ်သူများဖြစ်သည်။ မခံချင်စိတ်လည်း များတတ်ပြီး တစ်ခါ တစ်ရံ တစ်ဇွတ်ထိုး လုပ်တတ်ပေ သည်။ သို့သော် စိတ်သဘောထားကောင်းသူများ လည်းဖြစ်ကြသည်။ အကြီး အကဲဖြစ်တတ်ပြီး မည်သည့် နယ် ပယ်တွင် မဆို နောက်လိုက်ထက်ခေါင်းဆောင်ဖြစ်လိုသူ အမိန့်ပေးတတ်သူ ဦးစီးဆောင်ရွက်သူ များဖြစ်ပြီး အပေါင်းအသင်း မိတ်ဆွေများတွေကြားတွင်လည်း ဦးဆောင်တတ်သူ ဆရာလုပ်တတ်သူများ လည်းဖြစ် သည်။
ထို့ကြောင့် သူတို့သည် ပညာရပ်တော်တော် များများကို သိရှိအောင်လေ့လာ တတ်ကြလေသည်။ သို့သော် စိတ်ယိုင်တတ် စိတ် အပြောင်းအလဲမြန် အရောင်ပြောင်းမြန်ကြသည်။ ထို့သို့ လုပ်နေဆဲမှ တစ်ခြား အလုပ်များကို ပြောင်းလဲ လုပ်ကိုင်တတ်ကြသဖြင့် တစ်ချို့ အလုပ်များတွင် တစ်ပိုင်း တစ်စ ကျန် ရှိနေတတ်သည်။ အဟော အပြောကောင်းသူဖြစ်သဖြင့် ကုန်သည် လုပ်ငန်း အကျိုးဆောင် လုပ်ငန်း အဓိက အားဖြင့် စီးပွားရေး လုပ်ငန်းများတွင် အောင်မြင်မှုများ ရရှိတတ်သည်။ စည်းရုံးရေး ကိစ္စများ သူတစ်ပါးအား ဆုံးမခြင်း ကိစ္စများတွင် လည်းအောင်မြင်တတ်ပေသည်။

အဓိပတိ ဆိုတဲ့အတိုင်းပဲ သူ့တို့တွေဟာ ခေါင်းဆောင် လုပ်လိုကြတယ်။ သြဇာပေးလို့ကြတယ်။ အကြံပေး ချင်ကြတယ်။ သူများနောက်လိုက် မလုပ်လို။ လူ့အောက်ကျို့ သိပ်မခံချင်ကြဘူး။ မိမိ သာ ဘယ်အရာကို မဆို စိတ်ပါ လက်ပါ လုပ်မယ်ဆို ထိပ်ဆုံးရောက်နိုင်တဲ့ သူတွေပါ။ လက်တွေ့မှာတော့ စိတ်ကူးများနေ တတ်တယ် ၊လေထဲ တိုက်အိမ်ဆောက်နေတတ်ကြတယ်။ စီမံကိန်းတွေချ ၊ plan တွေ ချပြီး လက်တွေ့ မလုပ်ဖြစ်တတ်ပါ။ မိမိ ဉာဏ်ရည် ထက်မြက်သည်။ အတွေးအခေါ်ကောင်းသည်။ သင်ပြရ လွယ်သည်။ သူများ တစ်နှစ်လောက် သင်ရတဲ့ပညာကို မိမိက တစ်လလောက် သင်တာနဲ့ တတ်မြောက်သည်။ ထီထွင် ဖန်တီးလိုစိတ် ပြင်းထန်သည်။

မိမိက ကာယ အားမကိုးချင်။ ဉာဏ် သာ စိုက်ထုတ်လုပ်ချင်သည်။ ကျောပူ မခံနိုင်ပေမဲ့ ခေါင်းပူ ခံနိုင်ကြ တယ်။ မိမိက အရာရာ စိတ်ဝင်တစ်စား လေ့လာ လိုက်စား တတ်သည်။ အလုပ်တစ်ခုကို လဲ ဇောက်ချ မလုပ်ချင်ကြပေ။ ပညာရပ်တွေကိုလဲ နည်းနည်းစီ လိုက်စားထားသည်။ ဒါကြောင့် သူ့တို့ မသိတဲ့ ကဏ္ဍမရှိ ၊ အတွင်းကျကျ သိသည်လဲ မဟုတ်ပေ။ အပေါ်ယံသာ သိသည်။

အဓိပတိ ဖွားတွေဟာ စကားပြောကောင်းကြသည်၊ ကိုယ့်ဘက်ပါအောင်စည်းရုံးတတ်သည်။ ပီယဝါစာ စကားတွေနဲ့ လူအများကို ဆွဲဆောင်နိုင်ကြတယ်။ အဓိပတိ ဖွားတွေဟာ အနုပညာဗီဇပါကြသည်။ စန်း ရှိသည်။ အနုပညာ လက်မှုပညာတွေ နဲ့ အောင်မြင်တတ်သည်။ စိတ်ရှည် ဇွဲသန်ဖို့တော့ လိုတာပေါ့။ အဓိပတိ ဖွားတွေကငွေနဲ့ဝေးတဲ့ ဇာတာပါတယ်။ လိုက်လေဝေးလေဖြစ်နေတတ်တယ်။

ငွေ အစုလိုက်ရမယ် ဆိုပြီး မရဘဲဖြစ်နေတတ်တယ်။ အမွေ ရရင်တောင် မိမိ ခွဲတမ်းကနည်းနေ တတ် တယ်။ ထီပေါက်ရင် အဖတ် မတင်ဘဲ ကုန်သွားတတ်တယ်၊ မိမိရဲ့ ပြင်ရမဲ့ အချက်တွေထဲမှာ သနားတတ် တာရော အားနာတတ်တာရော ပါတယ်။ သနားလို့ ငွေချေးရင် ဆုံးမှာပဲ။ အားနာလို့ ချေးလိုက်ရင်လဲ လှူ လိုက်တယ် လို့ပဲ သဘောထားရလိမ့်မယ်။ မိမိ က သူများငိုပြရင် လွန်စွာသနားတတ်သည်။ ရှိတာလေး ထုတ်ပေးတတ်တယ်။

ငွေ အချေး အဌားကြောင့် ဘဝမှာ ခဏခဏ စိတ်ဆင်းရဲရမည်။ အကြွေးပြန်မရလို့ အကူအညီလာတောင်း တဲ့ သူတွေဟာ အဓိပတိဖွားတွေ အများဆုံးဖြစ်နေတာ တွေ့ရတတ်တယ်။ မိမိ ကံဇာတာအောက် လက် ငယ်သားတော်လှန်မဲ့ ဇာတာပါ၊ တပည့်မွေးလို့ မရဘူး၊ ကိုယ်က စေတနာ နဲ့ တပည့် ကို လိုက် လိုက်ရောရောနေပြီး ပညာကုန် သင်ပေးရင် မိမိကို အာခံလိမ့်မယ် ၊ ကိုယ်မွေးတဲ့မျောက်က ကိုယ့် ကိုပြန်ခြောက် တတ်တယ်။ မိမိစေတနာကို နားမလည်ဘူး၊ မိမိ ကို ပမာမခန့် လုပ်တတ်တယ်။

မိမိစေတနာကို စော်ကားတတ်တယ်။ မိမိဟာ အေးအေး ချမ်းချမ်းနေတတ်ကြတယ်။ ရိုးရိုးသားသားနေ မယ်။ ဒါကြောင့်ပဲ မိမိကိုယ် ပတ်ဝန်းကျင်က ငွေ ရှိတယ်။ ချမ်းသာတယ်ဟု ထင်တတ်ကြသည်။ လက်တွေ့ မှာတော့ အမြဲတမ်း ဘိုင်ကျနေမည်။ ငွေမကြာခဏပြတ်နေတတ်သည်။ မိမိ က လူမှုရေး နိုင်ငံရေး စိတ်ဝင် စားမည်။ ဒါကြောင့်ပဲ ရပ်ကွက်ကောင်းစားရေးက စပြီး လုပ်နေမိတတ်သည်။

အများအတွက် စေတနာ့ ဝန်ထမ်း လုပ်နေရတတ်သည်။ မိမိသည် ငွေ အစုလိုက် ဝင်သည်။ လူမှုရေး ပရဟိတ ရပ်ရွာကောင်း စားရေး အတွက် နဲ့ပဲ ထိုငွေပြန်ကုန် တတ်သည်။ မိမိ ဘဝမှာအောင်မြင်လိုရင် ကြိုးစားပါ။ အတ္တနဲ့ ပရမျှတ စွာလုပ်ပါ။ ဇွဲရှိပါ။ ကံ ဉာဏ် ဝီရိယ သုံးပါးမှာ မိမိက ကံကောင်း ဉာဏ်ကောင်းပြီး ဝီရိယ နည်းနေ ပါလိမ့် မည်။
Ref;Baydin

UNICODE

Some text some message..