ချစ်မိသွားရင် နဂိုပုံစံကနေ လုံးဝကွဲပြားသွားတဲ့ ရာသီခွင် ၅ခု
lifestylemyanmar.com
|
2020-06-17



ရာသီခွင်တွေတိုင်းမှာ သူတို့အကြိုက်ဆုံးအရာတွေ ကြောက်တတ်တဲ့အရာတွေ စိတ်ဆိုးဒေါသထွက်ရင် ပြတတ်တဲ့လက္ခဏာတွေစသဖြင့်ရှိကြပါတယ်။ ခုပြောပြချင်တာက ချစ်မိသွားရင် ချစ်ခြင်းမေတ္တာတရားမှာ ကျဆင်းသွားရင် လုံးဝထူးခြားစွာ ပြောင်းလဲလွန်းတတ်တဲ့ရာသီခွင် ၄ ခုအကြောင်းပဲဖြစ်ပါတယ်။ကဲဖတ်ကြည့်လိုက်ရအောင်လားဗျာ..

Taurus




Taurusတွေက ဿမန်ဆို မာနကြီးသလိုလို အေးစက်စက်လိုဖြစ်ပေမယ့် သူတို့ချစ်မိသွားရင် လုံးဝပြောင်းလဲသွားပါတယ်။ အပင်ပန်းခံပြီး ပေးဆပ်တယ် ချစ်သူပျော်အောင် ပေါတောတောနေတယ် အစွဲအလမ်းကြီးတယ် အထိအရှမခံနိုင်ဘူး။ အဆိုးဆုံးကတော့ ဘယ်သူဖြတ်ဖြတ် ဖြတ်လို့မရအောင် နက်နက်ရှိုင်းရှိုင်းချစ်တတ်တယ်။

Sagittarius (နိုဝင်ဘာ ၂၃ မှဒီဇင်ဘာ ၂၁)




Sagittarius ဒီရာသီခွင်တွေက တစ်စုံတစ်ယောက်ကိုချစ်မိသွားရင် ချစ်ခြင်းမေတ္တာမှာ ကျဆင်းသွားရင် သူတိုစိတ်တောင်မကူးခဲ့ဖူးတဲ့အရာတွေကိုပြောတ်လုပ်တတ်ပါတယ်။ လုံးဝကိုပြောင်းလဲသွားတာမျိုးပါ။ သူတို့ကနဂိုကပ်စေးနဲပေမယ့်သင့်ကို ဈေးအကြီးဆုံး အကောင်းဆုံးဆိုတဲ့အရာတွေကိုဝယ်ပေးလိမ့်မယ် သင့်ဘဝကိုပြောင်းလဲသွားအောင်လုပ်လိမ့်မယ် အရမ်းကိုချစ်တတ်လိမ့်မယ်။ သူတို့ရုတ်တရက်ပြောင်းလဲသွားတဲ့ပုံက ချစ်မြတ်နိးဖွယ်ပုံစံမျိုးလေးပါ။ အများအားဖြင့်တစ်နေရာတည်းမှာနေရတာကို ငြီးငွေ့တတ်တဲ့သူတို့တွေဟာ ချစ်သူဘေးကကိုမခွာနိုင်တော့ဘူးဆိုတာမျိုးထိဖြစ်လာပါတယ်။ ဒီလိုလူမျိုးတွေက သင့်ကို ကမ္ဘာရဲ့နောက်ဆုံးနေ့အထိ ချစ်သွားပါလိမ့်မယ်

Capricorn (ဒီဇင်ဘာ ၂၂ မှဇန်နဝါရီ ၂၀)




အစပိုင်းမှာCapricorn (ဒီဇင်ဘာ ၂၂ မှဇန်နဝါရီ ၂၀)တွေဟာ Romantic မဆန်တတ်ဘူးထင်ရပေမယ့် အချစ်မှာကျဆင်းသွားတဲ့အခါမှာတော့ အကောင်းဆုံးအရာတွေကို သင့်ကိုပေးအပ်နိုင်အောင် ကြိုးစားပါလိမ့်မယ်။ သင်နဲ့အတူ သူတို့နှလုံးသားနဲ့ဘဝကို မြှပ်နှံလိုက်လိမ့်မယ်။ သင်အိပ်မပျော်လို့ ၄နာရီလောက်ကြီးဖုန်းထခေါ်ရင်တောင် သင့်ကိုစကားပြောပေးမှာဖြစ်ပြီး သင့်ပြဿနာအားလုံးကို နားထောင်ပေးပါလိမ့်မယ်။

Aquarius (ဇန်နဝါရီ ၂၁ – ဖေဖော်ဝါရီ ၁၈)




သူတို့တွေက အချစ်ကကြမ်းတယ်။ သူတို့က သင့်ကိုတစ်နေ့လုံးဘယ်လို သတိရတယ် ဘယ်လောက်သတိရတယ်ဆိုတာမျိုးကို Nonstopပြောပြလိမ့်မယ်။ စာတွေပို့ပါလိမ့်မယ်။ သူတို့တွေကချစ်မိသွားရင် ခင်မင်မှုကိုအစွဲပြုလို့ ရိုးသားစွာရူးသွပ်သွားတတ်တယ်။ခံစားမှုချင်း နားလည်မှုချင်းတူညီအောင်ဉ သံသယတွေမရှိအောင်၊ အင်မတန်နေတတ်ပါတယ်။ အချစ်သီချင်းတစ်ပုဒ်ကို ၂ယောက်ညဉ်းရင်းနဲ့ ယုံကြည်မှုအပြည့်နဲ့ သင့်ဘေးမှာ အချိန်တိုင်းရှိနေချင်လိမ့်မယ်


Gemini (မေလ ၂၀ မှဇွန် ၂၀)





ဒီGemini တွေကျတော့ အချစ်မှာကျဆင်းသွားပီ ဒူးထောက်သွားပီဆို ပတ်ဝန်းကျင်ကတောင် အမြင်ကပ်လောက်တဲ့ထိချစ်တတ်ကြတယ်။ စားသောက် ဆိုင်အသစ်တွေကို အမြဲရှာမယ် သင့်ကိုကျွေးမယ် ညဏ်ရည်မြင့်မားတဲ့စကားပြောဆိုမှုတွေကိုနာရီပေါင်းများစွာကြာအောင် ပြောလိမ့်မယ်။ Gemini တွေက သင့်ကိုရယ်စရာ စိတ်လှုပ်ရှားစရာတွေ ပေးနိုင်ပြီးတော့ ခင်မင်မှုကိုတန်ဖိုးထားတယ်။ အရာရာတိုင်းကို သင့်ကိုပြောပြရတာကိုနှစ်သက်လိမ့်မယ်။ သူတို့က သင့်ကို သူငယ်ချင်းလို ချစ်သူလိုချစ်ကြင်နာပါလိမ့်မယ်။

#Lifestyle_Myanmar

#Mg_Htet

REF_Thoghtcatlog.com




Some text some message..