အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်တာ၊ ဒေါသထွက်တာ၊ လက်တွဲဖော်ကို စိတ်ဆိုးတာက Ok ပါတယ်။ သို့သော် stonewalling လို့ခေါ်တဲ့ ဆွေးနွေးပွဲကို ရှောင်လွှဲလိုတဲ့အနေနဲ့ နှုတ်ဆိတ်နေခြင်း၊ ခံစားချက်ကို မျိုသိပ်ထားခြင်း၊ ပါးစပ်ပိတ်ထားခြင်းက အဆင်ပြေမှာမဟုတ်ပါဘူး။ Communication က relationship တိုင်းမှာ ထိရောက်တဲ့အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ နှုတ်ဆိတ်နေခြင်းက relationship ကို ထိခိုက်စေနိုင်တဲ့ အပျက်သဘောဆောင်သော ပြောဆိုဆက်ဆံမှု ပုံစံတစ်ခု ဖြစ်ပါတယ်။ ခံစားချက်ကို ဖွင့်မပြောဘဲနေတာမျိုး၊ အသံတိတ်နေတာမျိုးက ကျန်းမာရေးနှင့် မညီညွတ်ပါဘူး။ ကြာရှည်ဖြစ်လာပါက relationship အတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
Silent treatment ဆိုတာဘာလဲ?
Silent treatment ဆိုတာ လူတစ်ယောက်ဟာ သူတို့ရဲ့လက်တွဲဖော်နဲ့ ပြောဆိုဖို့ ငြင်းဆန်တဲ့အခါဖြစ်ပါတယ်။ ဒါက passive-aggressive ပြောဆိုဆက်ဆံမှုပုံစံဖြစ်ပြီး လူတစ်ယောက်ကို အေးတိအေးစက်ဆက်ဆံတာ(သို့) အဖက်မလုပ်တာမျိုးဖြစ်ပါတယ်။ ဒါကထိရောက်မှုလည်းမရှိသလို အန္တရာယ်ဖြစ်စေနိုင်ပြီး လက်တွဲဖော်ကို ရှောင်ဖယ်ဖို့၊ အပြစ်ပေးဖို့ (သို့) ထိန်းချုပ်ဖို့ စိတ်ပိုင်းဆိုင်ရာ ရိုင်းစိုင်းသော နည်းလမ်းဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အာရုံစိုက်ခံရဖို့ ၊ လက်တွဲဖော်ကို ဒုက္ခရောက်စေဖို့ (သို့) တခြားအကြောင်းရင်းကြောင့် တိတ်ဆိတ်စွာ နေနိုင်ပါတယ်။ ဒီအတောအတွင်းမှာ လက်တွဲဖော်ဟာ စိတ်ဓါတ်ကျတာ၊ အပြစ်ရှိတယ်လို့ခံစားရတာ၊ မကောင်းတဲ့စိတ်ခံစားချက်တွေ ဖြစ်လာတာမျိုး ကြုံရနိုင်ပါတယ်။
ဥပမာ- ရုပ်ရှင်သွားကြည်ဖို့၊ ဘားသွားဖို့ ကောင်လေးကပြောတယ်။ ကောင်မလေးက ရုံးမှာ အလုပ်များနေတဲ့အတွက် သွားဖို့ ငြင်းဆန်တယ်။ သူမရဲ့အခြေအနေကို နားလည်ပေးမယ့်အစား ကောင်လေးဟာ သူမကိုအေးတိအေးစက် ဆက်ဆံတယ်။ သူမဖုန်းခေါ်ရင် သူမကို စကားမပြောတော့တာမျိုး၊ ရက်အနည်းငယ်ကြာမှ သူမကိုသွားတွေ့တာမျိုးဖြစ်ပါတယ်။ ဒါက သူမကို အပြစ်ရှိတယ်လို့ ခံစားရစေနိုင်ပါတယ်။
ဘာ့ကြောင့် နှုတ်ဆိတ်နေတဲ့နည်းကို သုံးကြတာလဲ?
၁။ အပြစ်ပေးချင်လို့
လူတစ်ယောက်ဟာ သူတို့ရဲ့လက်တွဲဖော်ကို အပြစ်ပေးချင် (သို့) နာကျင်အောင်လုပ်ချင်ရင် သူတို့ကို စကားမပြောတော့ပါဘူး။ ဒါက သူတို့အတွက် ကြာကြာခံစားချက်မထားတာလည်း ဖြစ်နိုင်သလို သူတို့ကို မထိခိုက်စေဖို့ ဂရုစိုက်ပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ သူတို့က လက်တွဲဖော်ကို အနိုင်ရချင်လို့ အပြစ်ရှိသလို ခံစားရစေတာလည်း ဖြစ်နိုင်ပါတယ်။
၂။ အာရုံစိုက်မှုရှာတာ
သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက သူတို့ကို လျစ်လျူရှုနေတယ်၊ အလုံအလောက်လေးစားမှု မပေးဘူးလို့ ယူဆနေတာပဲဖြစ်ဖြစ် (သို့) သူတို့တကယ်ခံစားရမှုရှိ/မရှိဆိုတာကို သိချင်တာပဲဖြစ်ဖြစ် အာရုံစိုက်မှုလိုချင်ကြတာကြောင့် လက်တွဲဖော်ကို စိတ်ကောက်ပြီး အဖတ်မလုပ်ဘဲ နေလိုက်ကြပါတယ်။
၃။ ရန်ပွဲကို ကြောက်လို့
အချို့လူတွေက ရန်ပွဲတွေဟာ ဆက်ဆံရေးကို ပိုထိခိုက်စေတယ်လို့ ယုံကြည်ကြတာကြောင့် ရန်မဖြစ်လိုကြပါဘူး။ (သို့မဟုတ်) သူတို့ဒါသက သူတို့လက်တွဲဖော်ကို ထိခိုက်စေနိုင်တယ်လို့ ထင်ကြပါတယ်။ ဒါ့ကြောင့် သူတို့ဟာ စကားပြောပြီး ပြဿနာကို ဖြေရှင်းမယ့်အစား တစ်စယောက်တစ်နေရာနေပြီး ဘာမှမပြောကြတော့ပါဘူး။
၄။ သူတို့ဘယ်လိုဖြေရှင်းရမှန်း မသိလို့
လူတစ်ယောက်ဟာ သူတို့ရဲ့ စိတ်ခံစားချက်တွေကို မျှဝေခြင်း (သို့) ပဋိပက္ခတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို မသိတဲ့အခါ တိတ်ဆိတ်စွာ နေကြပါတယ်။ တိတ်ဆိတ်စွာ နေခြင်းက ရန်ဖြစ်ခြင်း (သို့) အချင်းချင်းဒေါသထွက်တာထက် ပိုဆိုးနိုင်တာကို သူတို့မသိကြပါဘူး။
၅။ သူတို့ပင်ပန်းနေလို့
ဆက်တိုက်အငြင်းပွားမှုတွေ၊ ရန်ပွဲတွေက ပင်ပန်းနိုင်ပါတယ်။ ထိုပဋိပက္ခတွေကို သူတို့စိတ်ကုန်သွားတဲ့အခါ သင့်လက်တွဲဖော်က ၎င်းတို့ပြောဆိုနေတာအားလုံးမှ အနားယူချင်ပါလိမ့်မယ်။ ဒါက ရန်ပွဲကို ရှောင်ထွက်သွားလေ့ရှိတဲ့အချိန်၊ အဖတ်မလုပ်တော့တဲ့အချိန်ဖြစ်ပါတယ်။
နှုတ်ဆိတ်နေတာက အထိရောက်ဆုံးဖြစ်တယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် လက်တွေ့မှာတော့ မဟုတ်ပါဘူး။ ဝေ့လည်ကြောင်ပတ်လုပ်တာက အခြေအနေကို ပိုဆိုးဝါးစေပြီး နှစ်ယောက်ကြားမှာ ကွာဟမှုကို ပိုဖန်တီးပေးပါတယ်။ အချစ်ရေးကိုတောင် ပျက်စီးစေနိုင်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-momjunction