တစ်ကိုယ်လုံးအနက်ရောင် ဝတ်ဆင်တတ်ကြသူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်း
lifestylemyanmar.com
|
2020-06-21



အမြဲတမ်းလိုလိုအနက်ရောင်ဝတ်ရတာကို နှစ်သက်ပါသလား? အခြားအရာင်အသွေးတွေက သင့်ကို မှေးမှိန်သွားစေတယ်လို့ ခံစားရပါသလား? ကောင်းပြီ ဒါဆိုရင် အကြောင်းပြချက် တစ်ခုခုရှိနေပါလိမ့်မယ်။ ဖက်ရှင်နဲ့ ပတ်သက်ရင် အနက်ရောင်ချည်းသီးသန့် ဝတ်ဆင်တာက စတိုင်လ်ကျမှာတော့လည်း မဟုတ်ပါဘူး။ အနက်ရောင်ကို ဝတ်ဆင်ခြင်းက ခေတ်မီခြင်း ၊ ထူးဆန်းခြင်း၊ ကြော့ရှင်းခြင်း နောက်ဆုံး အေးမြခြင်း စတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ သင့်ဆီကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။

ဒါ့အပြင် အနက်ရောင်ဝတ်ဆင်ခြင်းက သင့်ရဲ့ ပင်ကိုယ်စရိုက်နှင့် ပတ်သက်ပြီးတော့ ဘယ်အရာကို ဖော်ပြနေပါသလဲ? monochrome ကို သင်ချစ်ခြင်းက သင်နဲ့ ပတ်သက်ပြီးတော့ သင်ကိုယ်တိုင်တောင် မသိသေးတဲ့ အရာတွေကို ပြောနေခြင်းဖြစ်ပါတယ်။




၁။ ကျွန်တော်တို့အားလုံးက အနက်ရောင်ကို ချစ်ကြတယ်

အနက်ရောင်ဟာ တော်တော်လေးပေါ်ပြူလာဖြစ်တဲ့ လူပြောအများဆုံး အရောင်ဖြစ်ပါတယ်။ သို့ပေမယ့် အနက်ရောင်ဝတ်စုံတွေကို ရွေးချယ်ဖို့ ကျွန်တော်တို့ကို ဘယ်အရာက အတိအကျလှုံ့ဆော်ပေးနေပါသလဲ။ ပထမဆုံးအနေနဲ့ အနက်ရောင်ကို ဝတ်ဆင်ခြင်းက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနှင့် သင့်ရဲ့ ရှင်သန်ကြီးပြင်းမှု၊ လူမှုရေးနောက်ခံ၊ စီးပွားရေးအခြေအနေ၊ ဘဝအတွေ့အကြုံတွေနှင့် ပတ်ဝန်းကျင်တဲ့ တစ်ခြားအချက်တွေအပေါ်မှာ မူတည်ပါလိမ့်မယ်။

ဖက်ရှင်နဲ့ ပတ်သက်လာတဲ့အချိန်မှာလည်း ဘယ်တော့မှ မမှားနိုင်တဲ့ အရောင်ပါ ။ သင်စီးပွားရေးလုပ်ငန်းအစည်းအဝေးတစ်ခုအတွက် ဝတ်ဆင်တာပဲဖြစ်ဖြစ်၊ ညစာစားပွဲတစ်ခုအတွက်ပဲဖြစ်ဖြစ် အဆင်ပြေတဲ့ အရောင်လည်းဖြစ်ပါတယ်။ အနက်ရောင်ဟာ စိတ်ခံစားမှုအမျိုးမျိုးနှင့် အခြေအနေအမျိုးမျိုးနှင့် ကိုက်ညီတဲ့ စွယ်စုံအရောင်လို့လည်း သတ်မှတ်ထားကြပါသေးတယ်။




အနက်ရောင်နှင့် ဆက်စပ်နေတဲ့ ယုံကြည်မှုတွေအပြင် တစ်ခြားနက်နဲသောအရာတွေလည်း ရှိနေပါသေးတယ်။ အနက်ရောင်ဟာ ဘယ်လိုအာရုံစိုက်မှုကို မရှာဖွေနိုင်တာကြောင့် သင်အနက်ရောင်ကို ဝတ်ဆိုင်တဲ့အခါ သင်ကိုယ်တိုင်နှစ်သက်လို့ ဝတ်ဆင်တာမျိုးဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ အထင်ကြီးတတ်သူတွေလည်း မဟုတ်ပါဘူး။ ဆိုလိုတာက သင်ဟာ သီးသန့်တည်ရှိမှုကို နှစ်သက်သူဖြစ်ပါတယ်။ ဒါ့အပြင် လျှို့ဝှက်ချက်တွေနဲ့ လူ့အဖွဲ့အစည်းကနေ ခွဲထုတ်နေလိုသူပါ။




အနက်ရောင်ဟာ ဆွဲဆောင်မှုအရှိဆုံးအရောင်၊ ဒါဟာ တရားဝင်ပါပဲ

မကြာသေးခင်က Buytshirtsonline က ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ အနက်ရောင်ဟာ အမျိုးမျိုးသော အပြုသဘောကိုယ်ရည်ကိုယ်သွေးတွေနဲ့ ဆက်စပ်နေပါတယ်။ ဆွဲဆောင်မှုရှိခြင်း၊ ထိရှလွယ်ခြင်း၊ ယုံကြည်မှုရှိခြင်းနှင့် အသိဉာဏ်ပညာမြင့်မားခြင်း တွေက သက်သေကိုယ်ရည်ကိုယ်သွေးတွေပါ။

လေ့လာမှုတစ်ခုမှာလည်း လူ ၁၀၀၀ကျော်ကို လေ့လာခဲ့ပြီးတော့ မတူကွဲပြားတဲ့ ကိုယ်ရည်ကိုယ်သွေးစရိုက်တွေက မတူညီတဲ့ အရောင်တွေနှင် ဆက်စပ်နေကြောင်း တွေ့ရှိရပါတယ်။ ဖြေကြားသူအများစုက အလုပ်အင်တာဗျူးများ၊ စီးပွားရေးအစည်းအဝေးများ၊ date လုပ်ခြင်းနှင့် အသုဘများ ၊ မင်္ဂလာဆောင်များ ကဲ့သို့သော အရေးကြီးချိန်းဆိုမှုတွေအတွက် ဝတ်ဆင်ဖို့အကောင်းဆုံးအရောင်က အနက်ရောင်လို့ ဖြေကြားခဲ့ကြပါတယ်။




လူတစ်ချို့ ကအနက်ရောင်ကို မည်းမှောင်ခြင်း၊ ဝမ်းနည်းအားငယ်ခြင်းနှင့် သေဆုံးခြင်းတို့ရဲ့ အရောင်ရှုမြင်ကြပါတယ်။ စစ်တမ်းအရတော့ လူအများစုအမြင်မှာ အနက်ရောင်ဟာ အစွမ်းထက်အရောင်ဖြစ်ပါတယ်။ အနက်ရောင်ဝတ်ဆင်သူတွေက ယုံကြည်စိတ်ချရသူတွေဖြစ်ပြီး အလေးအနက်ထားသူတွေလည်း ဖြစ်ကြပါတယ်။

အမျိုးသား ၆၄ ရာခိုင်နှုန်းက အနက်ရောင်ကို ပိုနှစ်သက်ကြပြီးတော့ အမျိုးသမီးတွေကတော့ ၄၈ ရာခိုင်နှုန်းလောက်အထိ နှစ်သက်ကြပါတယ်။

အနက်ရောင်က သင့်ကို ဘာပြောသလဲ




အနက်ရောင်သူတွေဟာ အသွင်အပြင်ကို အာရုံစိုက်မနေဘဲ ကိုယ်ရည်ကိုယ်သွေးကို အာရုံစိုက်တတ်ကြပါတယ်။ သင်အနက်ရောင်ကို ဝတ်ထားတဲ့အခါ လူတွေက သင့်ကို ထိရှလွယ်သူ၊ ရည်မှန်းချက်ကြီးသူ၊ အောင်မြင်လိုသူတစ်ယောက်အဖြစ် လက်ခံကြပါတယ်။ အနက်ရောင်ဝတ်ဆင်သူတွေဟာ စိတ်ခံစားမှုပြင်းထန်ပေမယ့်လည်း သူတို့ရဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားနိုင်ကြပါတယ်။

နောက်ဆုံးနိဂုံးချုပ်လိုက်တဲ့အခါ အနက်ရောင်ဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်း၊ စိတ်ခံစားမှုပြင်းထန်လွန်းခြင်း၊ ကိုယ့်ကိုယ်ကိုယ် သတိပေးတွန်းအားပေးခြင်း၊ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ကြိုးစားခြင်း၊ စွမ်းအားကို ချစ်မြတ်နိုးခြင်း၊ ကိုယ်လိုချင်တာကို ကိုယ်တိုင်သိခြင်း၊ ခြိမ်းခြောက်နိုင်ခြင်း၊ အေးဆေးခြင်း ၊လွတ်လပ်မှုရှိခြင်း နှင့် လျှို့ဝှက်ခြင်းတို့ရဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

Lifestyle_Myanmar
Nyein_Thu


ref-themindjournel




Some text some message..