မိန်းခလေးတွေက ဘာကြောင့်မို့ ဆိုးသွမ်းတဲ့ယောက်ျားလေးတွေနဲ့ လက်တွဲချင်ကြတာလည်းဆိုတဲ့ အကြောင်းရင်းများ
lifestylemyanmar.com
|
2020-06-22



ပတ်ဝန်းကျင်က လူဆိုးလေးတွေလို့ပြောကြတဲ့၊ မိဘဆွေမျိုးအသိုင်းအဝိုင်းက မနှစ်သက်တဲ့ ယောက်ျားလေးတွေကိုမှ ကြိုက်နှစ်သက်ကြတဲ့ မိန်းခလေးများစွာရှိပါတယ်။ မိဘတွေတားမြစ်နေတဲ့ကြားက၊ သူငယ်ချင်းအပေါင်းအသင်းတွေ သတိပေးနေတဲ့ကြားက မိန်းခလေးတွေဟာ လူဆိုးလေးတွေနဲ့ ချိန်းတွေ့ဖို့၊ သမီးရည်းစားဖြစ်ဖို့ လက်မလျော့တတ်ကြပါဘူး။ ဘယ်လိုအကြောင်းရင်းတွေကြောင့် သူတို့ရဲ့ဘဝကို ဒုက္ခဖြစ်နိုင်လောက်တဲ့ လူဆိုးလေးတွေကို သမီးရည်းစားအဖြစ်ရွေးချယ်ကြတာလည်းဆိုတဲ့ အကြောင်းရင်းကိုဖော်ပြပေးပါ့မယ်။




မိန်းခလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်မားတဲ့ယောက်ျားလေးတွေကို နှစ်သက်ကြပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုနိမ့်ကျတဲ့ ယောက်ျားလေးတွေဟာ မိန်းခလေးတွေကို ဆွဲဆောင်နိုင်တဲ့ စွမ်းဆောင်ရည်မရှိတတ်ကြပါဘူး။ ယောက်ျားလေးတွေအနေနဲ့ မိမိကိုယ်ကို ယုံကြည်မှုမြင့်မားလေ မိန်းခလေးတွေရဲ့ အာရုံစူးစိုက်မှု၊ နှစ်သက်မှုကို ခံရလေပါဘဲ။ ဒါကြောင့်မို့ စိတ်ထင်ရာ ပေါက်ကရလျှောက်လုပ်တတ်တဲ့ ယောက်ျားလေးတွေကို မိန်းခလေးတွေက သဘောကျကြတာဘဲဖြစ်ပါတယ်။ မိန်းခလေးတွေရဲ့ မရင့်ကျက်သေးတဲ့ စိတ်အနေအထားကြောင့်လည်းပါပါတယ်။




ဆိုးသွမ်းတဲ့ယောက်ျားလေးတွေဟာ ဘာကိုမှဂရုမစိုက်ကြပါဘူး။ လိုက်နာရမယ့်စည်းမျဉ်းစည်းကမ်းတွေကိုလည်း ချိုးဖောက်ဖို့ ဝန်မလေးတတ်ကြပါဘူး။ သူတို့ဟာ ကိုယ်ပိုင်စည်းမျဉ်းတွေချမှတ်ကြပြီး အရိုင်းဆန်ဆန်နေထိုင်တတ်ကြပါတယ်။ ဒီလို လူဆိုးလေးတွေရဲ့ နေထိုင်ပုံမျိုးကို မိန်းခလေးတွေက နှစ်သက်ကြပြီး သူတို့အတွက်တော့ ဒါဟာ စွန့်စားခန်းတခု၊ စိတ်လှုပ်ရှားဖို့၊ ပျော်ရွှင်ဖို့ကောင်းတဲ့ အတွေ့အကြုံတခုလို့ ထင်မှတ်ကြပါတယ်။ မိန်းခလေးတွေဟာ သာမာန်ယောက်ျားလေးတွေထက် သူတို့ကိုအပြည့်အဝကာကွယ်ပေးနိုင်မယ့် ယောက်ျားလေးမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဆိုးသွမ်းတဲ့ယောက်ျားလေးတွေဟာ သူတို့ကို အပြည့်အဝကာကွယ်ပေးနိုင်လိမ့်မယ်လို့လည်းထင်မှတ်တတ်ကြပါတယ်။




ဒါ့အပြင် မိန်းခလေးတွေဟာ နှစ်လိုဖွယ်ကောင်းတဲ့ယောက်ျားလေးမျိုးထက် စွဲဆောင်မှုရှိတဲ့ ယောက်ျားလေးမျိုးကိုပိုသဘောကျတတ်ကြပါတယ်။ အမျိုးသမီးအများစုဟာ ယောက်ျားလေးတယောက်ရဲ့ ရုပ်ရည်ပိုင်းဆိုင်ရာသွင်ပြင်လက္ခဏာတွေကို ကြည့်ရှုသုံးသပ်ပြီး လက်တွဲဖော်ဖြစ်ဖို့ ပထမဆုံးစဉ်းစားဆုံးဖြတ်တတ်ကြပါတယ်။ နောက်တချက်က အရာရာကိုပုန်ကန်လိုစိတ်ရှိတဲ့ မိန်းခလေးတွေဟာ ဆိုးသွမ်းတဲ့ယောက်ျားလေးတွေနဲ့ ပူးပေါင်းခြင်းအားဖြင့် ထိန်းချုပ်ထားရမှုများမှ အလွယ်တကူလွတ်မြောက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ စိတ်သဘောသဘာဝကို လွတ်မြောက်စေလိုတဲ့သဘောနဲ့ ဆိုးသွမ်းတဲ့ယောက်ျားလေးတွေနဲ့ လက်တွဲရခြင်းဖြစ်တယ်လို့ စိတ်ပညာရှင်ရော်ဘင်မက်ကေးက သူရဲ့ ပီအိတ်ခ်ျဒီဘွဲ့ယူစာတမ်းမှာ အကျယ်တဝင့်ရှင်းပြခဲ့ပါတယ်။

#Lifestyle_Myanmar

#Dmo_aung

#Ref- Brightside




Some text some message..