Sigma အမျိုးသားတစ်ယောက်ရဲ့ စရိုက်လက္ခဏာ (၇) ချက်
lifestylemyanmar.com
|
2020-06-22



Sigma အမျိုးသားတွေက စွန့်စားခန်းနှင့် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းတွေကို စိတ်ဝင်စားသူတွေပါ။ လူအဖွဲ့အစည်းရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ်မောင်းနှင်သူတွေမဟုတ်ဘဲ ကိုယ်ပိုင်စိတ်ကူးနဲ့သာ လုပ်တတ်ကြသူပါ။ ဆိုလိုချင်တာက လူ့အသိုင်းအဝိုင်းနဲ့ အံဝင်ခွင်ကျမဖြစ်သူတွေပါ။ သူတို့ဟာ အမျိုးသမီးတွေအတွက်လည်း အလွန်ဆွဲဆောင်မှုတွေရှိသူတွေလို့ သတ်မှတ်ခံရပါတယ်။ တစ်ချိန်က Sigma အမျိုးသားတွေကို ရှားပါးမျိုးဆက်တစ်ခုအဖြစ်တောင်သတ်မှတ်ခဲ့ကြပါသေးတယ်။ သို့ပေမယ် နည်းပညာတိုးတက်လာခြင်းနှင့် ကမ္ဘာ့နေရာဒေသတွေမှာ အလုပ်လုပ်လာနိုင်ခြင်းကြောင့် Sigma အမျိုးသားအရေအတွက် လျင်လျင်မြန်မြန်ပြန်လည်မြင့်တက်လာခဲ့တာပါ။ ဒီကနေ့မျှဝေပေးချင်တာက Sigma အမျိုးသားတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး(၇) ချက် အကြောင်းဖြစ်ပါတယ်။




၁။ သူကိုယ်တိုင်ပျံသန်းရတာကို နှစ်သက်တယ်

တစ်ကိုယ်တည်း Sigma အမျိုးသားတွေဟာ အထီးကျန်ဝံပုလွေတစ်ကောင်လို ကိုယ်တိုင်လွတ်လွတ်လပ်လပ်ပျံသန်းရတာကို နှစ်သက်တယ်။ လူအဖွဲ့အစည်းရဲ့ မျှော်လင့်ချက်တွေ (သို့) တံဆိပ်တွေရဲ့ လွှမ်းမိုးမှုမရှိသူလည်းဖြစ်ပါတယ်။ သူဟာ သူ့ကိုယ်ပိုင်တန်ဖိုးတွေနှင့် ပန်းတိုင်တွေကြောင့် သူ့ကိုယ်သူ မောင်းနှင်နိုင်တယ်။ သူဟာ တစ်ခြားမည်သူတစ်ဦးတစ်ယောက်ရဲ့ စံနမူနာတွေ၊ စိတ်ကူးအိုင်ဒီယာတွေကိုမှ ဦးညွှတ်ချင်သူမဟုတ်ပါဘူး။ သူ့ကိုယ်ပိုင် စိတ်ကူးတွေ၊ ဆန်းသစ်တီထွင်မှုတွေနောက်လိုက်ရခြင်းကို ကြိုက်နှစ်သက်တဲ့ သူမျိုးပါ။




၂။ ကိုယ်ပိုင်လွတ်လပ်မှုကို ကြိုက်တယ်

Sigma အမျိုးသားတွေက မည်သူတစ်ဦးတစ်ယောက်အပေါ်မှာ မှီခိုလိုသူတွေမဟုတ်ပါဘူး။ သူကိုယ်တိုင်က အရမ်းရဲရင့်ပြီး အရာရာကို ကြံဖန်ဖြေရှင်းခြင်းတွေ ပြုလုပ်ချင်သူဖြစ်ပါတယ်။ သူ့ရဲ့ ရင်းနှီးမြှပ်နှံမှု၊ ဝါသနာကြီးလွန်းခြင်းနှင့် အလုပ်ကြိုးစားလွန်းခြင်းတို့က သဘာဝတရားအရမှာတင် အံ့ဩချီးကျူးလောက်ပါတယ်။ Sigma အမျိုးသားတွေဟာ Alpha အမျိုးသားတွေရဲ့ ခေါင်းဆောင်မှုအားလုံးကို ပိုင်ဆိုင်ထားပါတယ်။ ဒီကိစ္စက သက်သေပြစရာမလိုတာကြောင့် ဘယ်သူ့ကိုမှ တမင်ကြွားလုံးထုတ်နေတာမျိုးတော့ မလုပ်ပါဘူး။

သူက အတွေ့အကြုံအသစ်တွေနှင့် ဗဟုသုတတိုးပွားစေလိုတဲ့ လွတ်လပ်တဲ့ စူးစမ်းရှာဖွေသူတစ်ဦးလည်းဖြစ်ပါတယ်။ Sigma အမျိုးသားတွေဟာ ကိုယ်တိုင်လုံလောက်နေပြီး သူတို့ရဲ့ ကိုယ်ပိုင်ဘဝပုံစံကို ထိန်းကျောင်းနိုင်သူတွေလည်းဖြစ်ပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ မည်သူ့ကိုမှ မလိုအပ်ပါဘူး။




၃။ တိတ်ဆိတ်မှုကို ကြိုက်တယ်

Sigma အမျိုးသားတွေဟာ တိတ်ဆိတ်မှုကို နှစ်သက်ကြတယ်။ ရှက်တတ်တာကြောင့်မဟုတ်ဘဲ ရောင်ပြန်ဟပ်ခြင်းနှင့် ဂရုတစိုက်ရှိတတ်ကြောင့်ဖြစ်ပါတယ်။ စကားနည်းတယ်။ ပြီးတော့ တိတ်ဆိတ်ခြင်းကို ဖြိုခွဲဖို့ အကြောင်းရှာပြီး စကားဖြည့်ပြောနေမယ့်လူမျိုးလည်း မဟုတ်ပါဘူး။ သူက စကားမပြောခင် နားထောင်ဖို့၊ ခွဲခြမ်းစိတ်ဖြာဖို့နှင့် စဉ်းစားဖို့ သူအချိန်ယူပါလိမ့်မယ်။

၎င်းက အကြောင်းပြချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ သူစကားပြောတိုင်းလူတွေက သူ့ကို မျှော်ကြည့်ကြတယ်။ အကြောင်းကတော့ သူ့မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ တစ်ခုခုရှိနေပြီး မျှဝေဖို့လည်း စိတ်အားထက်သန်နေကြတာကြောင့်ဖြစ်ပါတယ်။




၄။ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ဆန်းစစ်ခြင်းနှင့် ရောင်ပြန်ဟပ်ခြင်းကို နှစ်သက်တယ်

Sigma အမျိုးသားတွေဟာ တစ်ဆင့်ကျော်ပြီး တွေးခေါ်နိုင်သူတွေဖြစ်ပါတယ်။ အခြေအနေတွေကို အကောင်းအဆိုးအရာအားလုံးကို ကျော်ဖြတ်ပြီး မြင်နိုင်သူတွေပါ။ သူက အခြေအနေတိုင်းကို ငှက်တစ်ကောင်ရဲ့ မျက်လုံးအမြင်တွေလိုမျိုး ပိုင်ဆိုင်ထားပါတယ်။ Sigma အမျိုးသားတွေက သူ့ရဲ့ အသိပညာနှင့် ကြီးထွားမှုကို တန်ဖိုးထားပါတယ်။ သူက ကြီးထွားဖွံ့ဖြိုးပြီး သူရဲ့ လေ့လာသင်ယူမှုတွေကနေ တဖြည်းဖြည်းတိုးတက်ပြောင်းလဲစေဖို့ အတွေ့အကြုံအားလုံးကို ပြန်လည်စဉ်းစားဆင်ခြင်ပါလိမ့်မယ်။




၅။ ဉာဏ်ကောင်းတယ်

Sigma အမျိုးသားတွေဟာ အလွန်သိချင်စိတ်ပြင်းထန်ကြပြီး ဉာဏ်ကောင်းကြတယ်။ သူကိုယ်တိုင်က အရာဝတ္ထုတွေကို လေ့လာခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်းတွေမှာ ကျွမ်းကျင်တာကြောင့် သူတို့ရဲ့ အနှစ်သာရတွေကို လျင်လျင်မြန်မြန်ဆုပ်ကိုင်နိုင်တယ်။ သူသိလိုတဲ့ စိတ်ပြင်းပြစေတဲ့အရာတစ်ခုခု အတွက် အဖြေရှာဖို့ သူက တတ်နိုင်သလောက်မေးခွန်းတွေ (သို့) သုတေသနပြုနေပါလိမ့်မယ်။ သူ့ရဲ့ စွန့်စားလိုတဲ့ စိတ်ကြောင့် မိုးကုပ်စက်ဝိုင်းကို ချဲ့ထွင်စေနိုင်တဲ့ အတွေ့အကြုံတွေကို အမြဲရှာဖွေနေတတ်ပါတယ်။ သူ့မှာ အသက်အရွယ်ထက် ကျော်လွန်တဲ့အသိဉာဏ်ပညာရှိပါတယ်။




၆။ အာရုံစိုက်မှုတွေအများကြီးရတယ်

သူ့ရဲ့ ထူးဆန်းတဲ့သဘာဝ၊ ဉာဏ်ကောင်းခြင်း၊ အသိဉာဏ်မြင့်မားခြင်းနှင့် လွတ်လပ်မှုတွေကြောင့် အမျိုးသမီးတွေဆီက အာရုံစိုက်မှုတွေမြောက်များစွာရရှိနိုင်ပါတယ်။ သို့ပေမယ့် တစ်စုံတစ်ယောက်မှ သူ့ကို ထိန်းချုပ်တာမျိုးမလိုချင်ပါဘူး။ ထိန်းချုပ်ဖို့ကြိုးစားလာတဲ့အခါမှာ သူထွက်သွားပါလိမ့်မယ်။




၇။ နေရာတိုင်းမှာ အံဝင်ခွင်ကျဖြစ်အောင် နေထိုင်နိုင်တယ်

Sigma တစ်ယောက်က သူ့ရဲ့ အာဏာနှင့် စွမ်းအင်တွေကို အတွင်းကနေ ရသူတဲ့သူပါ။ သူ့က ပြင်ပကနေ ပါဝါတွေကို တောင်းဆိုလေ့မရှိတဲ့အပြင် မိမိနှင့်အတူ အလုပ်တစ်ခုစတင်ဖို့ ဘယ်လိုခေါင်းဆောင်ကိုမှ မစောင့်ဆိုင်းနိုင်သူပါ။ သူက ဘယ်လိုသူစိမ်းနဲ့မဆို အလုပ်လုပ်နိုင်ပြီးတော့ စကားစမြည်ပြောဖို့ အလွန်အဆင်ပြေပြီး ဘယ်လိုအုပ်စုနဲ့မဆို အလွယ်တကူအလိုက်သင့်ပြောင်းလဲနိုင်ပါတယ်။

Lifestyle_Myanmar
Nyein_Thu


Ref-themindjournals




Some text some message..