အိပ်မက် မက်ရတဲ့အကြောင်းရင်းများစွာနဲ့ မတူညီတဲ့ အိပ်မက်အမျိုးအစားများစွာရှိပါတယ်။ များသောအားဖြင့် အိပ်မက်တွေကို မှတ်မိတဲ့အခါလည်းရှိသလို နိုးထလိုက်တာနဲ့ လုံးဝမမှတ်မိတော့တဲ့ အိပ်မက်မျိုးတွေလည်းရှိပါတယ်။ မမှတ်မိလိုက်တဲ့ အိပ်မက်တွေဟာ ကျနော်တို့ရဲ့ စိတ်ကိုနက်ရှိုင်းစွာသက်ရောက်မှုရှိပြီး ၎င်းတို့ဟာ တခုခုကိုညွှန်ပြနေတဲ့ သင်္ကေတတွေလည်းဖြစ်တတ်ပါတယ်။ သုတသနပြုလုပ်ချက် တထောင်ကျော်ကို လေ့လာအဖြေရှာပြီးတဲ့နောက်မှာတော့ စိတ်ပညာရှင်တွေဟာ တချို့သောအိပ်မက်တွေသည် အတိတ်ဘဝက အဖြစ်အပျက်တွေနဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒါဆို အိပ်မက်တွေကနေ ဘယ်လိုသင်္ကေတတွေကို ဖော်ပြပေးသလည်းဆိုတာကို သိစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
၁။ တခါမှမရောက်ဖူးတဲ့နေရာဒေသတွေ၊ တခါမှမတွေ့ဘူးတဲ့ သူစိမ်းတွေ
လူ့ပတ်ဝန်းကျင်နဲ့ နေရာဒေသတွေသည် ကျနော်တို့ရဲ့ နေ့စဉ်ဘဝမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ပါတယ်။ တခါတရံမှာ ကျနော်တို့ဟာ အကြောင်းကိစ္စတခုခုကြောင့် တခါမှမရောက်ဖူးတဲ့ ဒေသတခုမှာ တခါမှမတွေ့ဘူးတဲ့ လူတယောက်နဲ့ စကားပြောဆိုနေတဲ့အခါမျိုးမှာ ရုတ်တရက် တစုံတခုကို သတိရသွားတတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ ဘာကိုဆိုလိုသလဲ၊ ဘာကြောင့်လည်းဆိုတာမျိုးကို ဦးနှောက်တွေထူပူနေအောင် စဉ်းစားပေမယ့် အဖြေရှာလို့မတွေ့ကြပါဘူး။ ဒီလိုမျိုးဖြစ်တတ်တာမျိုးကို ရှေ့ဖြစ်ကို ကြိုမြင်နိုင်တဲ့ ပါရမီပါလာသူ ဒါမှမဟုတ် အတိတ်ဘဝက ချိတ်ဆက်မှုတခုခုကြောင့်ဖြစ်ရတယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။
၂။ ထူးခြားသောအိပ်မက်အပိုင်းအစများ
လူတော်တော်များများ ထူးဆန်းတဲ့ အိပ်မက်တွေကို မက်တတ်ကြပါတယ်။ ဒါပေမယ့် အချို့သောလူများကတော့ ပိုပြီးထူးဆန်းတဲ့အကြောင်းအရာတွေ၊ နေရာဒေသတွေ၊ လူတွေကို မြင်မက်တတ်ကြပြီး များသောအားဖြင့် အပိုင်းအစလေးတွေကို မြင်မက်ကြပါတယ်။ တခါတရံမှာတော့ ရုပ်ရှင်ဇာတ်ကားတကားကို ကြည့်နေရသလိုမျိုး ဖြစ်တတ်ကြပြီး ကိုယ့်ရဲ့ပုံပန်းသဏ္ဍာန်နဲ့
ချွတ်စွပ်တူတဲ့လူတယောက်ဟာ ကိုယ်နဲ့မတူတဲ့ စရိုက်လက္ခဏာ၊ မတူညီတဲ့ ပတ်ဝန်းကျင်မျိုးမှာ သွားလာလှုပ်ရှားနေတယ်လို့ မြင်မက်ကြရင်တော့ ဒါဟာ အတိတ်ဘဝနဲ့ သေချာပေါက်ချိတ်ဆက်နေတဲ့ အိပ်မက်တွေဖြစ်တယ်လို့ ကောက်ချက်ချလို့ရနိုင်ပါတယ်။
၃။ ကြီးကြီးမားမားပြောင်းလဲမှုမရှိတဲ့ အိပ်မက်တွေကို ထပ်ခါတလဲလဲမြင်မက်ခြင်း
အိပ်စက်တဲ့အခါတိုင်းမှာ မြင်မက်တဲ့ အိပ်မက်တွေဟာ တူညီမှုမရှိကြပါဘူး။ ဒါပေမယ့် အကြောင်းအရာတခုခုကိုဘဲ ဦးတည်ပြီး ကြီးကြီးမားမားပြောင်းလဲမှုမရှိဘဲ နေ့စဉ်လိုလိုမြင်မက်နေရင်တော့ ဒါဟာ အတိတ်ဘဝက အကြောင်းအရာတွေနဲ့ သေချာပေါက်ချိတ်ဆက်နေတာကို ပြသနေတာဘဲဖြစ်ပါတယ်။ တခုခုကို သတိပေးပြောကြားလိုတဲ့ သဘောမျိုးလည်းဖြစ်တတ်ပါတယ်။
၄။ ဒဏ်ရာအနာတရများနဲ့ ပတ်သတ်ပြီး
အချို့သောလူတွေမှာ မွေးရာပါ ဒဏ်ရာဒဏ်ချက်ပုံသဏ္ဍာန်မျိုးတွေ၊ အမှတ်အသားတွေပါလာတတ်ပါတယ်။ အဲ့ဒါမျိုးတွေအပြင် အဲဒီလိုဒဏ်ရာအမှတ်အသားတွေ ဘယ်လိုကြောင့်ရရှိခဲ့တယ်ဆိုတာမျိုးနဲ့ ဘယ်လိုလူတွေက ကိုယ့်ကိုထိခိုက်နာကျင်စေခဲ့တာမျိုးကို အိပ်မက်မြင်မက်ရင်တော့ ဒါဟာ အတိတ်ဘဝနဲ့ပတ်သတ်ပြီး အိပ်မက်တွေက ဖွင့်ဟပြောဆိုတဲ့ သင်္ကေတတွေဘဲဖြစ်ပါတယ်။
ဒါပေမယ့် အိပ်မက်တွေကို ချိတ်ဆက်မိဖို့နဲ့ မှတ်သားနိုင်မှုမရှိတဲ့အတွက် လူတော်တော်များများသည် သာမာန်အိပ်မက်မျိုးလို့သာ အမှုမဲ့အမှတ်မဲ့ထားတတ်ကြပြီး အိပ်မက်နဲ့ပတ်သတ်တဲ့ အကြောင်းကိစ္စတွေကိုဖွင့်ဟပြောဆိုပါက သာမာန်စိတ်အနေအထားမရှိတဲ့သူတွေလို့လည်း သတ်မှတ်ခံရမှာစိုးတဲ့အတွက် မေ့လွယ်ပျောက်လွယ်သာ ထားတတ်ကြပါတယ်။ ဒါကြောင့်မို့ တချို့သော ဆက်စပ်မှုတွေဟာ ပျောက်ကွယ်သွားကြပြီး အိပ်မက်က ပြောပြပေးတဲ့ သင်္ကေတတွေလည်း ပျောက်ကွယ်သွားပါတော့တယ်။
#Lifesyle_Myanmar
#Dmo_aung
#Ref- themindsjournal