သမီးလေးမွေးခြင်းက ဘာကြောင့် မိဘတွေကို စိတ်ချမ်းသာမှုပေးစွမ်းနိုင်တာလဲ..
trend.com.mm
|
2018-12-10

ကလေးမွေးပြီဆိုတာနဲ့ မိခင်သစ်တွေအနေနဲ့ သားသားလေးပဲဖြစ်ဖြစ် ၊ မီးမီးလေးပဲဖြစ်ဖြစ် ပျော်ရွှင်ရတာပါပဲ။ တစ်ချို့တွေကလည်း ယောကျ်ားလေးပဲ ပိုချစ်သလို ၊ တစ်ချို့ကျတော့လည်း မိန်းကလေးကိုပိုချစ်ကြပါတယ်။ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရာမှာ မိဘတွေရဲ့သွန်သင်ဆုံးမကအများကြီး သက်ရောက်မှုရှိပါတယ်။







တကယ်လို့များ သမီးမိန်းကလေးမွေးလာခဲ့ရင် ဒီအချက်လေးတွေက သင့်အတွက်အကျိုးကျေးဇူးအများကြီးဖြစ်စေပါလိမ့်မယ်။


ဈေးဝယ်ထွက်တဲ့အခါ







ဈေးဝယ်ထွက်တဲ့အခါ သမီးလေးတွေအတွက်အကျီ ၤလှလှလေးတွေ ၊အသုံးဆောင်လှလှလေးတွေဝယ်ပေးရတာလည်း စိတ်ချမ်းသာရခြင်းတစ်မျိုုးပါပဲ။ သမီးလေးကို ကြီးလာရင် လှလှလေးဖြစ်အောင် ပြင်ဆင်ပေးရတာလည်း ပျော်စရာပါ။


ကိုယ့်နဲ့နာမည်ဆင်တူလေး မှည့်မယ်
သမီးလေးကို ကိုယ့်နဲ့ နာမည်ဆင်တူလေးမှည့်ရတာလောက် ပျော်စရာကောင်းတာမရှိတော့ပါဘူး။
အခြားသူတွေက လိုက်သတ်မှတ်ထားတာမျိုးမဟုတ်ပဲ ကိုယ့်စိတ်ကြိုက်နာမည်လေးပေးရတာ ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလောက်သလဲ။


သမီးလေးဟာ ကိုယ့်ရဲ့ကိုယ်ပွားလေးဖြစ်





သမီး မိန်းကလေးဆိုတော့ နေရာတကာ သွားတာ၊ လာတာကအစ စိုးရိမ်ပူပန်ရပါတယ်။ ဘယ်သွားသွားစိတ်မချရတဲ့ပြဿနာလေးတွေတော့ ရှိတာပေါ့။ ဒါကြောင့် ကိုယ့်သမီးလေးကိုအရွယ်ရောက်လာတဲ့အချိန်ကစပြီးအသွားလာ သိုသိုသိပ်သိပ်နေတတ်ဖို့နဲ့ တစ်ချို့ကိစ္စတွေမှာ သူ့လွပ်လပ်ခွင့်နဲ့သူ စိတ်ချမ်းသာစွာ နေနိုင်အောင်လွှတ်ထားပေးသင့်ပါတယ်။


သမီးလေးတွေဟာ ဒိုင်ယာပါလဲပေးရင်အရမ်းလွယ်ပါတယ်





သမီးလေးတွေဟာ ယောကျ်ားလေးတွေထက်စာရင် သေးခံလဲပေးရတာ ပိုလွယ်ကူပါတယ်။ ဒိုင်ယာပါလေးခံထားပေးရင် သားယောကျ်ားလေးလို သေးပါ၊ ချီးပါ စိတ်ပူစရာမလိုတော့ပါဘူး။


အဖေ့ရဲ့အသည်းတုံးလေး





ဖေဖေတွေဟာ သမီးလေးတွေကို သိပ်ချစ်ပါတယ်။ သမီးလေးက ဖေဖေကိုကပ်နေရင်လည်း ကြည်နူးရသလိုတစ်ခါတစ်လေ ကိုယ်ဗိုက်နာခံမွေးထားတဲ့ သမီးလေးက ကိုယ့်ကို မေ့နေပြီလားလို့တောင် တွေးပြီး မသိသာသဝန်တိုရပြန်ပါတယ်။ ဒီလိုခံစားချက်တွေဟာ သားသမီးတွေကသာပေးနိုင်တဲ့ ခံစားချက်လေးတွေပါ။

ဒီမှာတော့ သမီးလေး မိန်းကလေးက မိဘအတွက် ၊ သားယောကျ်ားလေးကတော့ သူများအတွက်ဆိုပြီး သတ်မှတ်ကြပေမယ့် ယောကျ်ားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် မိဘကို သိတတ်တဲ့သူကတော့ သိတတ်ပါတယ်။




Some text some message..