ဆုတောင်းပြည့်ကျောက်တုံး အပိုင်း( ၅ ) ဇာတ်သိမ်းပိုင်း
lotaya.mpt.com.mm
|
2020-06-30

" ဘယ်လိုလုပ်ရမလဲဆရာ ... သူ့ကိုကူညီပါဦး "

ကိုညိုထွန်း၏အသံပင်တုန်ယင်လာနေသည်။


" အခုချိန်ကသူတို့အားအနည်းဆုံးအချိန်ပဲ ... ညနေ
ဆိုအားကြီးလာရင် မလုပ်နိုင်မှာစိုးတယ်... ခုပဲသွား
ကြတာပေါ့ "

" ရတယ်ဆရာ... ဆရာ့ကိုကားခေါ်ပေးရမလားဗျ "


" ဝင်းမောင်ရှိတယ် ... ဆရာ့တပည့် သူ့ကိုဖုန်းဆက်
ခေါ်လိုက်မယ် ခဏစောင့်ဦး "


ဆရာက တပည့်ဖြစ်သူအားဖုန်းဆက်ခေါ်ပြီး လိုအပ်
သည်များကိုပြင်ဆင်နေလေသည်။ ကျွန်တော့မှာ
တော့ စိတ်လှုပ်ရှားနေသလိုလို၊ ဝမ်းနည်းသလိုလိုဖြစ်
ပေါ်နေမိသည်။ အမေ့အတွက်ယူကြုံးမရဖြစ်နေမိပြီး
နောင်တလည်းရမိသည်။ အမေ ဟုရင်ထဲအကြိမ်ကြိမ်
အခါခါခေါ်ကြည့်မိပြန်သည်။ ထိုအခါရင်တခုလုံးပူ
စပ်ပူလောင်ကြီးခံစားလာရ၏။

" မြတ်ဘုန်းကျော် "


အိမ်အပြင်ဖက်မှ ကျွန်တော့အမည်ကို ဒေါသတကြီး
အော်လာသည့်အမေ့အသံအားကြားလိုက်ရသည့်အခါဆံပင်မွေးများရုတ်တရက်ထောင်လာတော့
သည်။ ထိုစဉ် ဆိုင်ကယ်တစီးလာရပ်သံကြားလိုက်
ပြီး အသက် ၄၀ ကျော်အရွယ်ခန့်ရှိ လူတစ်ဦးဝင်လာ
လေသည်။

" ဝင်းမောင် လာဦး "


ဆရာ၏ပြောဆိုသံကိုကြည့်ကာ ဆရာ့တပည့်မှန်းသိ
ရှိလိုက်သည်။ ဆရာကအိမ်နောက်ဖက်အခန်းသို့ခေါ်
ကာစကားပြောနေသည်။ ကျွန်တော့ကိစ္စဖြစ်ပေမည်။
ခဏကြာသောအခါ နှစ်ယောက်သားအတူထွက်လာ
ပြီး သွားကြမည်ဟုပြောလေ၏။ ကျွန်တော်တို့လည်း
ဆရာအိမ်မှအတူထွက်လာလိုက်ကြသည်။ လမ်းတစ်
ဝက်သို့ရောက်သည့်အခါ ကိုဝင်းမောင်က ဆိုင်ကယ်
ဘေးနားကပ်မောင်းလာပြီးတနေရာသို့ဝင်စရာရှိသေး
သည်ဟုဆိုသည်။


ကျွန်တော်လည်းရှေ့ကသွားပါ၊ နောက်ကလိုက်မောင်းလာမည်ဟုပြန်ပြောလိုက်ပြီး သူတို့ဆိုင်ကယ်
နောက်မှလိုက်မောင်းလာခဲ့တော့သည်။ မိနစ် ၂၀ ခန့်
မောင်းပြီးနောက် တရုတ်ဘုံကျောင်းတစ်ကျောင်းရှေ့
သို့ဆိုင်ကယ်ရပ်လိုက်သဖြင့် ကျွန်တော်လည်းလိုက်
ရပ်လိုက်သည်။ ဆရာကပစ္စည်းတခုယူစရာရှိသည်
ဆိုကာဝင်ယူလေ၏။ ဆယ်မိနစ်ခန့်အပြင်၌စောင့်
နေရလေသည်။


ပြန်ထွက်လာသည့်အခါ ကိုဝင်းမောင်၏လက်ထဲတွင်
အိုးတစ်လုံးပါလာခဲ့သည်။ ထိုအိုးမျိုးကိုကျွန်တော်
မြင်ဖူးသလိုလိုရှိနေသဖြင့်သေချာစွာလိုက်ကြည့်ကာ
စဉ်းစားကြည့်မိနေခဲ့သည်။ ကျွန်တော့မျက်စိထဲတွင်
တရေးရေးပေါ်လာသည်က ရုပ်ရှင်များတွင်တွေ့မြင်
ဖူးသော တရုတ်ရိုးရာဝိဉာဉ်ဖမ်းသည့်အိုးဖြစ်သည်
ကိုသိရှိလိုက်ရတော့သည်။

" ကိုညိုထွန်း ... သူတို့ကတရုတ်နည်းနဲ့ထင်တယ်ဗျ"

" အဲ့ဒါတွေးနေတာ ... ဟုတ်မယ်ငါ့ညီ "


ကျွန်တော်တို့လည်းစကားဆက်မပြောဖြစ်တော့။
ကိုယ့်အတွေးနှင့်ကိုယ်တစ်လမ်းလုံးတွေးလာခဲ့လေ
သည်။ ကျွန်တော့အိမ်သို့ရောက်သည့်အခါ နေ့လည်
ဆယ့်တစ်နာရီပင်ထိုးနေချေပြီ။ ခြံတံခါးဖွင့်ကာ ဆိုင်
ကယ်ကိုခြံထဲရပ်လိုက်ကြသည်။ ထို့နောက် ကျွန်တော်
ကအိမ်တံခါးဖွင့်ရန် သော့နှိုက်ရှာသည့်အခါ သော့
မရှိတော့ပေ။ အိတ်ကပ်မှန်သမျှအကုန်နှိုက်ရှာကြည့်
သည်။ မတွေ့။ ဆိုင်ကယ်နားရှာလည်းမတွေ့။


စဉ်းစား၍မရတော့ပေ။ သော့မတွေ့သဖြင့် အကြပ်
ရိုက်နေသောကျွန်တော့ကို ဆရာကကြည့်နေလေ
သည်။

" ရှာမနေနဲ့တော့ ငါ့တူ မင်းသော့ေတွ့မှာမဟုတ်ဘူး "

" ဗျာ ဘာလို့လဲဆရာ "

" ကဲ သော့သာဖျက်လိုက်ကွာ "


" သော့ဖျက်ဖို့ကမလွယ်ဘူးဆရာ ... ကျွန်တော်တခါ
မှမဖျက်ဖူးဘူး "

" ကျွန်တော့အိမ်မှာရှိတယ် သွားယူပေးမယ် "


ကိုညိုထွန်းကပြောပြောဆိုဆိုဖြင့် အိမ်ပြန်ယူပေးလေ
သည်။ ကိုညိုထွန်းထွက်သွားသည်နှင့် လေကြမ်းကြမ်းတချက်တိုက်ခတ်သွား၏။ ကျွန်တော်သည်
လည်း ကြက်သီးဖြန်းကနဲထလာသည်။ အမေရှိနေ
ပြီမှန်းခံစားသိရှိနေမိနေ၏။

" ဒုန်း "


အိမ်ထဲမှ စားပွဲခုံကိုထုလိုက်သံအား ကြားလိုက်ရ
သဖြင့် ကျွန်တော်ထိတ်ကနဲဖြစ်သွားရသည်။ မည်
သည်များဖြစ်လာမည်လဲကျွန်တော်မသိ။ သို့သော်
ယခုပြုလုပ်သည့်ကိစ္စမှာအသင့်တော်ဆုံးသာဖြစ်ပေ
မည်ဟု ကျွန်တော်ကိုယ့်ကိုကိုယ်ဖြေသိမ့်မိပြန်သည်။


" ငါ့တူ ... မင်းအမေက ငါ့ကိုစိန်ခေါ်နေပြီ ... ဖြစ်နိုင်
ရင်ငါ့တူတခြားမှာရှောင်နေပါလား ... အမေဆိုတော့
ဝမ်းနည်းမစိုးလို့ပါကွာ "


" ရပါတယ်ဆရာ ... ကျွန်တော်ရှိမှဖြစ်မှာမလို့...အမေ
ကကျွန်တော့စကားပဲနားဝင်မှာဗျ ... တခုခုဖြစ်မှာစိုး
ရိမ်လို့ပါဆရာ ... ဆရာ့ကိုဘာစိန်ခေါ်တာလဲ ကျွန်
တော်အမေ့ကိုမမြင်ပါဘူး "


" လေတိုက်တုန်းကဘေးမှာလာကပ်ပြောသွားတယ်
နင်ပြေးဖို့ပြင်ထားတဲ့ ...ထားပါလေ ...ငါ့တူသဘောပဲ ဖြစ်တယ်ဆိုလည်းဆက်လုပ်တာပေါ့ "


ကိုညိုထွန်းလည်းသော့ဖျက်ရန်ပစ်စည်းအစုံအလင်
နှင့်ပြန်ရောက်လာလေပြီ။ သော့ဖျက်ကြပြီး တံခါး
ဖွင့်သော်လည်းတံခါးမဖွင့်ချေ။ အထဲမှပိတ်ထားသလို
ဖြစ်နေသည်။ ဆရာကသူ့အိတ်ထဲမှ သစ်သားတုတ်
ချောင်းလေးကိုထုတ်ယူလိုက်သည်။ တစ်ပေခန့်သာ
ရှိသောထိုတုတ်လေးဖြင့် တံခါးပေါ်တွင်စာအချို့ရေး
နေ၏။ ကိုဝင်းမောင်ကတော့ အင်းများရေးခြင်းဖြစ်
သည်ဟုပြောသည်။ စာရေးပြီးတံခါးကိုဆွဲဖွင့်လိုက်
သည်နှင့် အိမ်တံခါးပွင့်သွားသလို အိမ်နောက်ဖေး
မီးဖိုခန်းဆီသို့ ပြေးသွားသည့်အသံပါကြားလိုက်ရ
တော့သည်။

" အမေ ... အမေ "


ကျွန်တော့နှုတ်မှခေါ်ပြီးရှာကြည့်သော်လည်းအမေ့
ကိုမမြင်ပေ။


" အမေ သားပြောတာနားထောင်ပါအမေ ခုလိုတွေ
မလုပ်ပါနဲ့တော့ လူတွေလည်းကြောက်နေကြပြီ အမေ
ကောင်းရာမွန်ရာသွားပါတော့ဗျာ "


ပြောရင်းကျွန်တော့ရင်ထဲဆို့တက်လာမိသည်။ ငိုချ
ပစ်လိုက်ချင်သည်ကဆိုစရာစကားမရှိပေ။ အားပါး
တရငိုပစ်လိုက်ချင်နေသည်။ သို့သော်လည်းအမေက
ကျွန်တော့စကားနားထောင်ပုံမရ။ အိမ်ခေါင်မိုးပေါ်
တဒုန်းဒုန်းပြေးနေလေသည်။

" ဝင်းမောင် စည်းချလိုက် "


အိမ်လယ်ခန်းတွင် ထုံးမှုန့်ဖြင့်စည်းဝိုင်းတစ်ခုကိုဆွဲ
လိုက်ကြသည်။ စည်းဝိုင်းထဲတွင်ကျွန်တော်မမြင်ဖူး
သောစာများပါ၏။ စည်းဝိုင်းဆွဲနေစဉ်မှာပင် အမေ
သည် နံရံမှရုတ်တရက်ပေါ်လာပြီး ကိုဝင်းမောင်ထံ
ပြေးလာကာ တွန်းပစ်လေသည်။ ကိုဝင်းမောင်မှာ အိမ်တံခါးနားသို့တိုင်လွင့်ကျသွားရှာ၏။ ထို့နောက်မပြီး
သေးသည့်စည်းကို ခြေထောက်ဖြင့်ဖျက်ပြနေသည်။


ထိုမြင်ကွင်းကိုမြင်ပြီး ကိုညိုထွန်းမှာအလွန်ထိတ်လန့်
သွားပြီး အော်ပြေးတော့၏။ ကိုညိုထွန်းမရှိတော့
သည့်အခါ ကျွန်တော်ပို၍အားငယ်လာသလိုဖြစ်လာ
သည်တော့အမှန်ပင်။ ကိုဝင်းမောင်မှာ လဲကျနေရာမှ
အားယူပြီးထနေသလို ဆရာကလည်း နှုတ်မှဂါထာဟု
ယူဆရသည်များကိုရွတ်ဖတ်နေ၏။ ပြီးနောက် အိတ်
ထဲမှ ဆန်မန်းများဖြင့်အမေ့ကိုပက်လိုက်တော့သည်။


ဆန်မန်းထိသွားသည့်အမေ့မှာ ထိသည့်နေရာမှ အပူ
လောင်သကဲ့သို့အသားများလောင်လာလေသည်။
လောင်သွားသည့်အသားများကခဏတာပင်။ မကြာ
ပါ၊ အကောင်းအတိုင်းပြန်ဖြစ်သွား၏။

" မြတ်ဘုန်းကျော် သူတို့ကိုပြန်ခေါ်သွားစမ်း "


အမေကဒေါသတကြီးပြောကာ သူ့အခန်းထဲသို့ပြေး
ဝင်သွားတော့သည်။ ဆရာကချည်ကြိုးကိုကွင်းလုပ်
ထားပြီးအမြန်လှမ်းစွပ်လိုက်သည့်အခါ အမေ့ကိုယ်
၌ချည်ကြိုးကစွပ်လျက်သားဖြစ်သွားလေသည်။

" ငါမသှားဘူး... ငါ့အိမျ... ဒါငါ့အိမျ "


အမေကစူးစူးဝါးဝါးအော်ဟစ်နေ၏။ ကျွန်တော်မခံ
စားနိုင်တော့ပေ။ ယခင်ကကိုယ်ပိုင်အိမ်လေးဖြင့်မ
နေခဲ့ရသဖြင့် ယခုအိမ်လေးကိုတွယ်တာနေဟန်တူ
လေသည်။ ရင်ထဲမခံစားနိုင်၍ မျက်ရည်ကပိုးပိုး
ပေါက်ပေါက်ကျလာမိ၏။ အတော်စိတ်ထိန်းထားနေ
ရသည်။ ဖြစ်နိုင်လျှင်အမေ့ကို ပြန်ခေါ်ထားချင်မိလာ
သည်။ ကျွန်တော်ပေးမသွားရက်ပါ။ သို့သော်ထိုသို့
ထပ်လုပ်၍မဖြစ်နိုင်တော့သဖြင့် နာနာကျင်ကျင်နှင့်
ကြိတ်မှိတ်နေနေလိုက်ရလေသည်။


ဆရာပြောသည်ကမှန်၏။ ထိုမြင်ကွင်းမျိုးကျွန်တော်
ကြည့်ရန်မသင့်တော့ပေ။ ဆက်ကြည့်နေလျှင် ကျွန်
တော်ခံစားနိုင်တော့မည်မဟုတ်။ အမေ့အော်သံကြား
လိုက်တိုင်းရင်ဝသို့မီးစဖြင့်ထိုးလိုက်သလိုပူလှသည်။
ထို့ကြောင့်ကျွန်တော်အိမ်အပြင်ဖက်သို့ပြေးထွက်ကာ
အပြင်၌ အားရအောင်ငိုချလိုက်မိတော့လေသည်။
အသံများကတော့ကြားနေရသည်။ အမေ၏နာနာ
ကျင်ကျင်အော်နေသံဖြစ်သည်။


ထိုအသံကြားလေ ကျွန်တော်စိတ်မထိန်းနိုင်လေ။ ဆက်မလုပ်ဖို့ပြောရန် တားလိုက်တော့မည်။ ကျွန်
တော်ဆက်ပြီးမခံစားနိုင်တော့ပေ။ အမေစိတ်ကျေနပ်
သည့်အချိန်အထိနေချင်သလောက်ပေးနေလိုက်မည်
ဟုဆုံးဖြတ်လိုက်မိလေသည်။ ထို့ကြောင့်အိမ်ထဲအ
မြန်ပြန်ဝင်ကာတားလိုက်တော့သည်။


" မလုပ်ပါနဲ့တော့ဆရာ... အမေနေချင်လည်းနေပါ
စေတော့ ... ကျွန်တော်ဆက်မလုပ်နိုင်တော့ဘူးဗျ...
ကျွန်တော်ရင်တွေနာလှပါပြီ... "


ဆရာမှာ အိုးအဖုံးကိုဖွင့်ရန်ပြင်နေပြီးကျွန်တော့ကို
လှမ်းကြည့်နေသည်။ အမေမှာမူ ချည်ကြိုးအောက်
၌မရုန်းနိုင်ဘဲ ဒဏ်ရာများဖြင့်ပြည့်နှက်နေ၏။ အပူ
လောင်ထားသဖြင့် အသားလောင်နေသလိုပုံမျိုးဖြစ်
သည်။ ထိုမြင်ကွင်းကြောင့်အမေ့ရှေ့ဒူးထောက်ချမိ
လိုက်လေသည်။


" အမေ ... အမေနေချင်သလောက်သာနေပါတော့...
သားမလုပ်ရက်တော့ဘူး ... အီး ဟီး ဟီး ... အမေ
ကြိုက်သလောက်နေပါတော့ဗျာ ... ဖြသ်သမျှကျွန်
တော်ရှင်းပါ့မယ် ... အီး ဟီး "


ကျွန်တော့ရင်ထဲမှ ဖြစ်ပေါ်လာသည့် ခံစားချက်ကို
အမေလည်းခံစားမိသွားသည်ဟုထင်သည်။ ယခင်
နှင့်မတူတော့ဘဲ စစချင်းပြန်လာစကာလို ပုံစံသို့တ
ဖြည်းဖြည်းပြောင်းလဲသွားတော့သည်။

" သား "


အလို။ အမေ့မျက်လုံး၌မျက်ရည်စတွေ။ ကျွန်တော်
မကြည့်ရက်တော့။


" ဆရာ ကျွန်တော်ဆက်မလုပ်တော့ဘူးဗျာ တောင်း
ပန်ပါတယ် အမေ့ကိုပေးနေလိုက်တော့မယ် ... ကျွန်
တော်သေချင်သေပါစေတော့ဗျာ "


ဆရာက စိတ်မကောင်းစွာဖြင့်ကြည့်နေသည်။ ထို့
နောက်အိုးကို ပြန်ချလိုက်သည်။


" ငါ့တူသဘောဆန္ဒအတိုင်းပါပဲ ... ကာယကံရှင်က
မလုပ်ချင်တော့ဘူးဆိုတော့လည်း မလုပ်တော့ရုံပေါ့
ဒါပေမယ့် ကတိပေးရမယ်အစ်မကြီး... လူတွေကို
ခြောက်လှန့်တာမျိုးမလုပ်ရဘူး ... ခြောက်လှန့်တာ
သိတာနဲ့ ညှာနေမှာမဟုတ်ဘူး... သဘောပေါက်
လား "

အမေသည်ငိုရှိုက်နေချေပြီ။

" ကြိုးဖြည်ပေးလိုက်မယ်ဆရာ ... "


အမေ့ကိုယ်၌ချည်ထားသည့်ချည်မန်းကြိုးများကို
ကျွန်တော် ဆွဲဖြုတ်ပေးလိုက်တော့သည်။ ကြမ်း
ပြင်ပေါ်တွင် ခွေခွေလေးလဲကျနေသောအမေမှာချည်
မန်းကြိုးကျွတ်သွားသော်လည်း ငြိမ်သက်နေ၏။
ပို၍လည်းငိုရှိုက်လာသည်။


" အမေ... ထပါဗျာ ... အမေနာအောင်ဘာမှမလုပ်
တော့ဘူး... သားကတိပေးတယ် နော် "

အမေကဖြည်းဖြည်းလေးထထိုင်လာသည်။


" သားလေး အမေ့ကိုပြန်မပို့တော့ဘူးဆိုတာနဲ့ အမေ့
စိတ်ကနဂိုအတိုင်းပြန်ဖြစ်သွားတယ် ... ပြန်ပို့မယ်
ပြောရင် အမေကိုယ့်ကိုကိုယ်ထိန်းမရဘူး ... စိတ်
ရိုင်းတွေဝင်လာပြီး ကြမ်းတမ်းလာတာ အမေလုပ်
ချင်လို့မဟုတ်ပါဘူးသားရယ် "


" သားသိတယ်အမေ... ဒါဟိုကျောက်တုံးကြောင့်
ဖြစ်တာ...ဆုတောင်းပြန်ဖျက်သလိုဖြစ်သွားတော့


ကျောက်တုံးရဲ့အစွမ်းကပြောင်းပြန်ဖြစ်ကုန်တာပဲ
သားသိပါတယ်အမေ "

အမေကခေါင်းခါသည်။


" အမေခုချိန်ခဏလေးပဲ အသိစိတ်ပြန်ဝင်နေတာ
သား ... စိတ်ကိုထိန်းချုပ်ထားရတာ...ခဏနေအရင်
လိုကြောက်စရာပုံစံပြန်ပြောင်းလာတော့မှာ ... အခု
အသိစိတ်လေးပြန်ဝင်နေတုန်း အမေကြည်ကြည်
ဖြူဖြူသွားပါရစေသားရယ်... အမေအိုးထဲဝင်ပါ့
မယ် "


" မဝင်ပါနဲ့အမေ ... အမေနေချင်သလောက်နေပါ
ဘာပဲဖြစ်ဖြစ်သားရှင်းပါ့မယ် "

အမေကပြုံးနေသည်။


" သားလေး ... အမေ့အချစ်ဆုံးလေး ... အမေသွား
တော့မယ်... ငါ့သားလေးကို ဒုက္ခမပေးရက်ပါဘူး
သားရယ် ... အမေ့ကိုပေးသွားပါတော့သားရယ်
နော် "


ကျွန်တော်ရှိုက်ရှိုက်ကာငိုကြွေးမိနေတော့သည်။
ဆရာကလည်းထားစေချင်သည့်ပုံမရပေ။ ဘဝခြား
နေသည်မဟုတ်ပါလား။ အိုးအဖုံးကိုအသာဖွင့်လိုက်
လေသည်။ အမေက ကျွန်တော့နဖူးကိုတချက်နမ်း
ကာ အိုးထဲဝင်သွားချေပြီ။ ဆရာကအိုးအဖုံးကိုပိတ်
ပြီးသည့်အခါ ကိုဝင်းမောင်က ကျွန်တော့ကိုနှစ်သိမ့်
ပေးသည်။ ယောကျာ်းတန်မဲ့ မျက်ရည်များကတား
မနိုင်စီးကျနေသည်တော့အမှန်။


ထိုညနေက ဆရာနှင့်ကိုဝင်းမောင်ကဆိုင်ကယ်တစ်
စီး၊ ကျွန်တော်နှင့်ကိုညိုထွန်းကတစ်စီး စီးကာဆု
တောင်းပြည့်တောင်ကုန်းဆီသို့ လေးပင်စွာထွက်လာ
ကြတော့သည်။ တောင်ကုန်း၌ရှိသည့် ရေအိုင်လေး
ထဲသို့ အမေ့ဝိဉာဉ်အိုးလေးအားထည့်လိုက်သည်နှင့်
ထူးဆန်းစွာပင် အိုးလေးမှ နှစ်ခြမ်းခြမ်းသွားပြီး ရေ
အောက်သို့နစ်မြုပ်သွားလေသည်။

" အမေ ... ကောင်းရာမွန်ရာဘဝမှာ ပျော်ပါစေအမေ"


ကျွန်တော့ရင်ထဲ နက်နက်နဲနဲဆုတောင်းမိနေသလို
ရေအိုင်ဘေးသို့ဖြတ်ပြေးသွားသောအရိပ်မည်းမည်း
လေးအားလည်း လျှပ်တပြက်မြင်တွေ့ခဲ့ရလေသည်။
ထိုအရိပ်မှာ မလွန်းပိုမှလွဲ၍မဖြစ်နိုင်သည်မှာ ကျွန်
တော်ခံစားမိနေသည်။


ဆုတောင်းပြည့်တောင်ကုန်းသည် ကျွန်တော့အတွက်
ဘဝတသက်တာမမေ့နိုင်စရာများပေးသွားသလို
အမေကတော့ ဘဝအသစ်တွင် ထိုအရာများကိုမေ့ပျောက်သွားပေလိမ့်မည်။ ရေစက်ကုန်၍ ခွဲခွါသွား
ရချေပြီ။ ရေစက်မကုန်သေးပါက သံသရာတစ်ကွေ့
တွင် ပြန်လည်ဆုံဆည်းရပေဦးမည်။

" အမေ ... အေးချမ်းပါစေအမေ "

ပြီးပါပြီ။

သော်တာလမင်းစန္ဒာ

#lotaya_shortstory

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..