ပါတီပွဲသွားရင် ဘာဝတ်မလဲ၊ Dress ဝတ်မလား (သို့) ပေါ့ပေါ့ပါးပါးဝတ်မလား
mystylemyanmar.com
|
2020-06-30

ပါတီပွဲတစ်ခုခုသွားစရာရှိလို့ ဘာဝတ်ရမလဲဆိုတာကို စဉ်းစားမရဖြစ်နေလား။ ပါတီပွဲဆိုတာ သူငယ်ချင်းတွေနဲ့ ရိုးရိုးတွေ့စုံတဲ့ ပါတီပွဲလည်းဖြစ်နိုင်သလို၊ ဒီအတိုင်း လူတွေအများကြီးရှိတဲ့ပွဲလည်း ဖြစ်နိုင်ပါတယ်။ ဘာဝတ်ရမလဲဆိုတာကတော့ ကိုယ်သွားမယ့် ပွဲအပေါ် မူတည်ပါတယ်။

မေးပါ




အရင်ဆုံး မေးပါ။ ဘယ်လိုပါတီပွဲမျိုးလဲဆိုတာကို မေးပါ။ ဒါမှ ပေါ့ပေါ့ပါးပါးဝတ်သွားရမလား။ Dress ဝတ်ရမှာလား။ ပွဲကဘယ်လိုမျိုးလဲ။ ကရမှာလား၊ စားပဲစားရမှာလား။ စသဖြင့် စဉ်းစားပြီးမှ သင့်တော်တာကို ရွေးသင့်ပါတယ်။

စာဖတ်သူကတော့ Dress ကို ပိုပြီးရွေးချယ်ဖြစ်ပါတယ်။ Dress ဝတ်တာက ချစ်စရာလည်းကောင်းသလို ဆွဲဆောင်မှုလည်းရှိပြီး စတိုင်လ်ကျပါတယ်။ အဲဒါပေမယ့် ဂျင်းဘောင်းဘီ ၊ ဘောင်းဘီအတို (သို့) စကတ်နဲ့ အပေါ်က တစ်ခုခု ဆွဲပြီးဝတ်ရင်လည်း စတိုင်လ်ကျနေမှာပါ။

ဘယ်လို Dress ဝတ်မလဲ





အရင်ဆုံး Dress ဝယ်မယ်ဆိုရင် ဝတ်ကြည့်ပါ။ ကိုယ်တိုင်ချုပ်တာကပိုကောင်းပေမယ့် အသင့်ချုပ်လေးတွေလည်းရှိပါတယ်နော်။ ဝတ်ကြည့်ပြီး ကိုယ်နဲ့ တော်မှ ဝယ်ပါ။ ခါးနားမှာ ပုံတစ်ခုခုဆန်းပြီး ချုပ်ထားတာမျိုးကို ပိုပြီး ဝယ်စေချင်ပါတယ်။ ခါးပိုပေါ်အောင်လို့ပါ။ ဒါမှမဟုတ်လည်း ရိုးရိုးရှင်းရှင်းဝတ်စုံကို ရွေးချယ်နိုင်ပါတယ်။

အပေါ်က အနွေးထည် တစ်ထပ်ဝတ်လို့ရပါတယ်






ပေါ့ပေါ့ ပါးပါးစတိုင်လ်နဲ့သွားတာဖြစ်ဖြစ် Dress ဝတ်သွားတာပဲဖြစ်ဖြစ် အပေါ် အင်္ကျ ီ ယူသွားလို့ရပါတယ်။ အေးလာရင် ဝတ်လို့အဆင်ပြေတာပေါ့။

လည်ပင်းကျယ်ကျယ် ဝတ်စုံလေးတွေ







လည်ပင်ကျယ်ကျယ်၊ ပုခုံးကျယ်ကျယ် ဝတ်စုံလေးတွေကိုလည်း ရွေးချယ်နိုင်ပါတယ်။

ဘောင်းဘီရှည်၊ ဘောင်းဘီတို၊ မီနီစကတ်နဲ့ ဘယ်လိုဖက်ရှင်ကျအောင်ဝတ်မလဲ









သင်ကြိုက်နှစ်သက်ရာကို ဝတ်ဆင်ပြီး စတိုင်လ်ထုတ်လို့ရပါတယ်။ တွဲဖက်ဝတ်ဆင်လို့ရတဲ့ ဖက်ရှင်တွေကို မျှဝေပေးလိုက်တယ်နော်။


The post

ပါတီပွဲသွားရင် ဘာဝတ်မလဲ၊ Dress ဝတ်မလား (သို့) ပေါ့ပေါ့ပါးပါးဝတ်မလား appeared first on

MyStyle Myanmar .




Some text some message..