Relationships တစ်ခုမှာ ပြတ်တောင်စေနိုင်တဲ့အပြုအမှုများ
myanmaplatform.com
|
2018-12-10



Relationships တစ်ခုမှာ တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေးတွေ ကောင်းမွန်နေဖို့လည်းအရေးကြီးပါတယ်။ တစ်ခါတစ်ခါမှာ စိတ်ဆင်းရဲရတဲ့ ဆက်ဆံရေးတွေကြောင့် ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဘယ်လိုအရာတွေက သင့်ရဲ့ ဆက်ဆံရေးကို ပြတ်တောက်တဲ့အထိဖြစ်စေနိုင်တယ်ဆိုတာကို ပြောပြလိုပါတယ်နော်။




၁။ ကြောက်လန့်ခြင်း

-------------------

ချစ်သူတွေ ဖြစ်ပြီး သူကို ဘာကြောင့် ကြောက်လန့်နေရတာလဲ။ ကိုယ်အပေါ်ကိုအနိုင်ကျင့်လို့လား။ တကယ်လို့သာ ချစ်သူတွေ ဖြစ်လျက်နဲ့ သူကို ကြောက်လန့်တဲ့အထိဖြစ်နေရပြီဆိုရင် လက်မတွဲသင့်တော့ပါဘူး။ လက်မထပ်သေးတာတောင် သူကို ကြောက်လန့်နေရင် လက်ထပ်ပြီးပြီဆိုရင် ကိုယ်အပေါ်ကို ပိုပြီးအနိုင်ကျင့်တာတွေတောင် ဖြစ်လာနိုင်ပါတယ်။




၂။ ကိုယ့်မိဘတွေ သူ့ကို မကြည်ဖြူတဲ့အခါ

------------------------------------

အိမ်ထောင်ပြုတော့မယ်ဆိုရင် သူမိဘနဲ့ ကိုယ့်မိဘအဆင်ပြေဖို့လည်းလိုအပ်ပါတယ်။ မိဘချင်းအဆင်ပြေပေမယ့်ကိုယ့်မိဘနဲ့ သူအဆင်ပြေဖို့လဲ လိုအပ်ပါတယ်။ သူတို့တွေအဆင်မပြေဖြစ်နေရင် ကိုယ့်ပါ စိတ်ဆင်းရဲရတာတတ်ပါတယ်။




၃။အချိန်ကြာမြင့်စွာအတူရှိခြင်း

----------------------------

Relationships တစ်ခုမှာ ချစ်သူတွေဖြစ်တာ ကြာလွန်လာပြီဆိုရင်လဲ သိပ်မကောင်းတော့ပါဘူး။အရင်ခေတ်တုန်းကတောင် သုံးနှစ်သုံးမိုးဆိုတာ ရှိခဲ့ပါတယ်။ ချစ်သူတွေ ဖြစ်တာအလွန်ကြာပြီး လက်မထေပ်သေးဘူးဆိုရင်အများအမြင်မှာလည်း မသင့်တော်သလို ပြတ်တောက်နိုင်ပါတယ်။




၄။ ချုပ်ချယ်ခြင်း

------------------

အခြားတစ်စိမ်းတစ်ယောက်ကို ချစ်သူအဖြစ် ရွေးချယ်ထားတာက ကျန်ရှိတဲ့ ဘဝကိုအေးအတူ ပူအမျှ ခံစားရအောင် ရွေးချယ်တာထား ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ကို လုံးဝ ချုပ်ချယ်တာမျိုး ထိန်းချုပ်တာမျိုးကိုတော့ လက်မခံသင့်ပါဘူး။ ဟိုကို မသွားနဲ့၊ ဟိုသူငယ်ချင်းနဲ့ မပေါင်းနဲ့၊ ဟိုဟာကို မလုပ်ရဘူး၊ ဟိုအဝတ်ကို မဝတ်ရဘူးစသဖြင့် ချုပ်ချယ်လွန်တာက သင့်တို့ ရဲ့ Relationship ပြတ်တောင်သွားစေနိုင်ပါတယ်။




၅။ သဝန်တိုလွန်ခြင်း

----------------

ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှု မရှိခြင်း၊ သဝန်တိုလွန်းခြင်းတွေ နဲ့ပဲ ဖြစ်နေမယ်ဆိုရင်တော့ သူမဖြတ်လဲ ကိုယ်ကပဲ စပြီးအဆက်အသွယ်ဖြတ်လိုက်ပါတော့။ ဘာလို့လဲဆိုတော့ သဝန်တိုလွန်းခြင်းက မယုံကြည်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ မယုံကြည့်ရာကနေ မကြာခဏ စကားများရန်ဖြစ်ရမှာ သေချာနေတာကြောင့် သင်တို့တွေ ရှေ့ဆက် မဖြစ်နိုင်တာ သေချာနေပါတယ်။ ဒါကလည်း သင်တို့ကို ပြတ်တောက်စေနိုင်တဲ့အချက်တစ်ခုဖြစ်ပါတယ်။

ကဲ ဒါကြောင့် ကိုယ်တကယ်ချစ်တဲ့ ချစ်သူမိန်းကလေးနဲ့ တွေ့ရင် ဒီလိုမဖြစ်အောင် ဆင်ခြင်နိုင်အောင်ပြောပြလိုက်ပါတယ်နော်။




Some text some message..