
ယောင်္ကျားတစ်ယောက်ဟာ ကိုယ်ချစ်မြတ်နိုးရတဲ့ မိန်းမတစ်ယောက်ဆီကနေ ဘယ်လိုအရာမျိုးတွေ လိုချင်မလဲ။ ချစ်သူရည်းစား၊ လက်တွဲဖော်၊ အိမ်ထောင်ဖက် အမျိုးသမီးအားလုံးက ဒီအချက်ကို သိချင်နေကြမယ်ထင်ပါတယ်။ လိင်လား၊ အားပေးမှုလား၊ ငွေကြေးလား၊ ဂရုစိုက်မှုလား၊ ကြင်နာယုယမှုလား၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးစေချင်တာလား။
ဒါဆိုရင်တော့ အမျိုးသားတွေဟာ သူတို့ချစ်ခင်ရတဲ့ အမျိုးသမီးတွေဆီက ဘာတွေများလိုချင်နေတာလဲ ဆိုတာကို ပြောပြလိုက်ပါတယ်နော်။
ကြင်နာတဲ့ နွေးထွေးတဲ့ ဂရုစိုက်မှုမျိုးကို ယောင်္ကျားတိုင်း တောင့်တတတ်ကြပါတယ်။ မိန်းကလေးတွေပဲ လူပုံအလယ်မှာ ချစ်သူရဲ့ ဖေးမမှု၊ ဂရုစိုက်မှုတွေကိုအလိုရှိတာမဟုတ်ပါဘူး။ ယောင်္ကျားတွေလည်း ဒီအတိုင်းပါပဲ။ ချစ်သူဆီက Voice Message လေးတစ်စောင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် အနမ်းလေးတစ်ပွင့်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သူ့ ပခုံးလေးပေါ် ခေါင်းလေးမှီပြီး ချစ်ကြောင်းကြိုက်ကြောင်းပြောပြနေတာမျိုးလေးပဲဖြစ်ဖြစ် သူတို့လိုချင်တတ်ကြပါတယ်။ လိင်မှုကိစ္စဟာ ယောင်္ကျားတွေအတွက်အရေးပါတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားထုကြီးဟာ ဂရုစိုက်မှုကို လိင်ကိစ္စထက်ပို အလိုရှိတယ်ဆိုတာကတော့ အံ့သြစရာတစ်ခုပါနော်။
၂။ Sexy ကျကျ လိင်မှုကိစ္စကလည်း သူတို့ အလိုရှိတဲ့အရာပါ
ကျားနဲ့ မ နှစ်ဦးအကြားမှာ ပုံမှန် လိင်မှုကိစ္စရှိနေတယ်ဆိုရုံနဲ့ အရာအားလုံး အဆင်ပြေနေတာမဟုတ်ပါဘူး။ ယောင်္ကျားတိုင်းကတော့ ကိုယ့်ရဲ့ အိပ်ယာပေါ်က တစ်စုံတစ်ယောက်ဆီကနေ စွဲမက်ဖွယ် လိင်အတွေ့အကြုံတွေ အလိုရှိတတ်ကြတာချည်းပါပဲ။ မယုံရင် ကိုယ့်ချစ်သူက ဘာကြောင့် လက်တွေ့ခံစားခွင့်မရှိတဲ့ Porn Movies တွေ ကြည့်နေတာလဲလို့ တွေးကြည့်ဖူးသလား။ ဖောက်ပြန်လိုစိတ်ထက် ဒီလိုအပြုအစု အယုအယတွေကို အရသာခံပြီးကြည့်နေကြတယ်ဆိုတဲ့ သဘောပါ။
၃။ ရိုမန်တစ်ဆန်တာမျိုးလည်း လိုချင်ကြတယ်
အမျိုးသမီးတွေပဲ ရိုမန်တစ်ဆန်တာကို သဘောကျတာမဟုတ်ပါဘူး။ အမျိုးသားတွေလည်း အတူတူပါပဲ။ ယောင်္ကျားတွေလည်း Surprise Gift တွေ၊ ချစ်သူဆီက အမှတ်တရလက်ဆောင်တွေ၊ မျက်ရည်ပေါက်ပေါက်ကျစေလောက်တဲ့ ချစ်သဝင်္ဏလွှာတွေကို အလိုရှိကြ၊ မျှော်လင့်ကြပါတယ်။
၄။ အမှန်အတိုင်းလည်း ပြောစေချင်တတ်ကြသူတွေ
အမျိုးသားတွေက သူတို့ရဲ့ ချစ်သူကြင်ဖက်ဆီကနေ အမှန်အတိုင်း ပြောဆိုဆက်ဆံမှုမျိုးကို လိုချင်ကြပါတယ်။ သူတို့က “ဘယ်ရောက်နေလဲ အချစ်ရေ” လို့ မေးချိန်မှာ ကိုယ့်ဘက်က တစ်ဖက်က အမှန်အတိုင်း ပြောဆိုတာမျိုး၊ သူတို့ကို အသိပေးပြီးမှ သွားတာလာတာ ပျော်ပါးတာမျိုးတွေကို သူတို့ သိပ်သဘောကျတတ်ပါတယ်။
၅။ တိတ်ဆိတ်တာကိုလည်း ကြိုက်တတ်ပါတယ်
သမိုင်းတစ်လျှောက်လုံးမှာ အမျိုးသားတွေ အမျိုးသမီးတွေဆီကနေ အလိုချင်ဆုံးအရာလို့ ပြောလို့ရပါတယ်။ ဘယ်ယောင်္ကျားမှ နားပူတာမခံချင်ပါဘူး။ မိန်းမဆိုတဲ့အမျိုးကလည်း ရစ်ပြီဟေ့ဆိုရင် သမီးရည်းစားဘဝတုန်းက ကိစ္စကို အသက် ၈၀၊ ၉၀ အရွယ်အထိ ပြောမဆုံးတတ်တဲ့ အမျိုးမဟုတ်လား။
၆။ စိတ်ချမ်းမြေ့ဖွယ် ညစာစားပွဲလေးမျိုးလည်း တောင့်တတတ်ကြသေး
အမျိုးသားတွေဟာ ချစ်သူကြင်ဖက်နဲ့ အတူတကွ ညစာစားရတာမျိုးကို သိပ်သဘောခွေ့တတ်ပါတယ်။ ဒါပေမယ့် ဈေးကြီးတဲ့ ဆိုင်ကြီးမှာ တခန်းတနား စားသောက်ရတာမျိုးထက် ကိုယ့်ချစ်သူကိုယ်တိုင် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စီမံကျွေးမွေးတာမျိုး၊ အတူတကွဈေးဝယ်ကြပြီး အတူတကွချက်ပြုတ်စားသောက်ကြတာမျိုးတွေကို ပိုသဘောကျတတ်တာပါ။ ဒီလိုအလေ့အထမျိုးလေးဟာ ချစ်သူ၊ အိမ်ထောင်ဖက်ဘယ်လိုဆက်ဆံရေးမျိုးအတွက်မဆို ခိုင်မာတဲ့ သံယောဇဉ်နဲ့ အမှတ်တရတွေဖန်တီးပေးနိုင်တဲ့ အခိုက်အတန့်မျိုးလေးတွေလို့ ချစ်မှုရေးရာကျွမ်းကျင်သူတွေကတော့ ဆိုကြပါရဲ့။
၇။ ဟာဒယဉာဏ်ရွှင်ပါစေ
ထူးဆန်းတယ်လို့ မထင်ပါနဲ့။ ဥပမာတစ်ခုပေးရရင် အမေရိကမှာ ဒိတ်လုပ်ကြတဲ့အခါတိုင်း အမျိုးသားအများစုဟာ သူတို့ရဲ့ ကြင်ဖက်ကို ဟာသဉာဏ်ရွှင်တာမျိုးကို နှစ်သက်ကြောင်း ပြောကြလေ့ရှိပါတယ်။ တကယ်လည်း အမျိုးသားတွေဟ ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနဲ့ ဟာသတွေပြောပြီး ရယ်မောစေအောင် ပြုမူတတ်တဲ့ အမျိုးသမီးတွေကို အိန္ဒြေကြီးတခွဲသားနဲ့ နေတတ်တဲ့ မိန်းမတွေထက် ပိုပြီးချစ်မြတ်နိုးကြပါတယ်။
၈။ တိုးတိုးဖော်ဖြစ်ဖို့လည်း မျှော်လင့်ကြတယ်
ယောင်္ကျားရင့်မကြီးတွေဆိုပြီး လုံးဝ မာကျောနေလိမ့်မယ်တော့ မထင်ပါနဲ့။ သူတို့လည်း တိုးတိုးဖော် တိုင်ပင်ဖက်မျိုး လိုချင်ကြပါတယ်။ သူတို့ပြောသမျှ၊ ရင်ဖွင့်သမျှကို စိတ်ဝင်တစားနားထောင်ပြီး သူတို့ကို ပြန်လည် နှစ်သိမ့်နိုင်မယ့်သူမျိုးတွေကို တောင့်တတတ်ပါသေးတယ်။ သူတို့ပြောပြ ရှင်းပြတာတွေကို နားလည်လက်ခံပေးနိုင်သူတွေကို သိပ်ချစ်တတ်ကြပါတယ်။
၉။ လက်ထပ်ခြင်းဟာ အန္တိမရည်မှန်းချက်
ယောင်္ကျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို ချစ်မိသွားပြီလို့ ခံစားရတာနဲ့ လက်ထပ်ချင်တဲ့ စိတ်ကလည်း တခါတည်း ပေါက်ဖွားလာတော့တာပါပဲ။ အနည်းအကျဉ်းကွာဟချက်ရှိနိုင်ပေမယ့် အများစုသော အမျိုးသားထုကြီးဟာ သူတို့ချစ်မြတ်နိုးသူတွေကို လက်ထပ်ခွင့်ရဖို့ သိပ်မျှော်လင့်ကြပါတယ်။ ဒါကြောင့်လည်း သူတို့တကယ်ချစ်တဲ့ ချစ်သူမိန်းကလေးတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲပြတ်စဲလိုက်ရတဲ့အခါ အသဲကွဲဒါဏ်ကြောင့် ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း အလွန်မြင့်မားနေတာဖြစ်ပါတယ်။
၁၀။ သူတို့ရဲ့ အရည်အသွေးကို ယုံကြည်မှုပေးစေချင်ကြတယ်
ယောင်္ကျားတိုင်းဟာ ဘယ်လိုအဆင့်အတန်း၊ ဘယ်လိုအခြေအနေမှာမဆို သူတို့ရဲ့ အရည်အသွေးအပေါ် ချစ်သူဆီကနေ အပြည့်အဝယုံကြည်မှုရရှိလာဖို့ မျှော်လင့်ကြတယ်။ ဒါကို သူတို့ရဲ့ ဂုဏ်သိက္ခာလို့ မှတ်ယူကြတယ်။ ဆိုက်ကားနင်းတဲ့သူကလည်း ဒီအလုပ်အပေါ် သူ့ချစ်သူက လက်ခံပြီး လေးစားတာမျိုးလိုချင်သလို လမ်းဘေးမှဈေးရောင်းတဲ့သူပဲဖြစ်ဖြစ်၊ ဆရာဝန်ပဲဖြစ်ဖြစ်၊ အစိုးရအရာရှိပဲဖြစ်ဖြစ် ဒီအတိုင်းချည်းပါပဲ၊ သူတို့ရဲ့ အရည်အသွေးနဲ့ အလုပ်အကိုင်အပေါ် လေးစားမှု၊ နားလည်မှုမရှိလို့ ချစ်လျက်နဲ့ ချစ်သူကို လမ်းခွဲလိုက်ကြတဲ့ အမျိုးသားတွေ အများကြီးပါ။
ခုဆိုရင် အမျိုးသားတွေရဲ့ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေက ဘာတွေလဲဆိုတာကို သိကြပြီပေါ့။ ဒီလိုဆိုရင် သူတို့လိုအပ်ချက်လေးတွေကို ဖြည့်ဆည်ပေးနိုင်မယ်ဆိုရင် သူတို့မကြိုက်တာတွေကို ရှောင်ရှားနိုင်မယ်ဆိုရင် ချစ်သူတို့ရဲ့ ချစ်ခရီးလမ်း ပိုမိုဖြောင့်ဖြူးနိုင်စေမှာပါ။
Ref;RELATIONSHIPS GOALS