Long Distance Relationship (LDRS) တွေက ဘာလို့ မခိုင်မြဲကြတာလဲ
myanmaplatform.com
|
2020-07-01

Long Distance Relationship (LDRS)တွေက ဘာကြောင့် ခိုင်မြဲဖို့ ခက်ခဲကြတာလဲ။ အနေဝေးပေမယ့် တကယ့်အချစ်စစ်နဲ့ ချစ်ကြချစ်သူတွေဆိုရင်တော့ မခိုင်မြဲစရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် အွန်လိုင်းပေါ်ကနေချစ်ကြတဲ့ Long Distance Relationship (LDRS) တွေက သစ္စာရှိဖို့ခက်ခဲတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့




၁။ အထိအတွေ့မရှိခြင်းကြောင့်

အထိအတွေ့မရှိတာနဲ့ မဆိုင်ပါဘူးလို့ ထင်နေတယ်မလား။ အမှန်တကယ်ကတော့ဟုတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အွန်လိုင်းပေါ်မှာပဲမြင်နေရပြီး တစ်ယောက်နဲ့ တစ်ယောက် ထိတွေ့ဆက်ဆံတာမျိုးမဟုတ်တော့အနေဝေးလို့ သွေးအေးသွားတာမျိုးဖြစ်သွားသလို တစ်ယောက်နဲ့ တစ်ယောက်လဲ နွေးထွေးမှု မရှိဘူးလို့ ထင်နေကြတာဖြစ်ပါတယ်။




၂။ သွေးအေးသွားခြင်း

တစ်ယောက်နဲ့ တစ်ယောက် အနေဝေးလို့ သွေးအေးသွားခြင်းကြောင့် ချစ်သူရှိနေပေမယ့်လည်း အထီးကျန်သလို ခံစားနေရခြင်းကြောင့် မခိုင်မြဲကြတာဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့ချစ်သူရဲ့စကားကိုလည်းမယုံတော့သလို အချစ်တွေကလည်း တဖြည်းဖြည်းအေးစက်သွားကြတာဖြစ်ပါတယ်




၃။ သွေးထိုးစကားတွေကြောင့်

Long Distance Relationship (LDRS) တွေက တစ်ယောက်နဲ့ တစ်ယောက် လက်တွဲမယ်လို့ ယုံကြည်ပြီးကြိုးစားကြပေမယ့်လည်း အနားမှာရှိတဲ့ အခြားသော သွေးထိုးစကားတွေကြောင့် တွေဝေသွားတတ်ကြပါတယ်။ ကျောက်တိုင်တွေတောင် တွန်းတိုက်တာများလာရင် ယိုင်သွားတတ်ကြပါတယ်။ လူဆိုတဲ့အမျိုးကလည်း ဒီစကားကို ကြိမ်ဖန်များစွာပြောလာရင် ယုံကြည်သွားတတ်ကြပါတယ်။ ဒီလိုပဲ Long Distance Relationship (LDRS) တွေမှာလည်း မခိုင်မြဲရခြင်းရဲ့ အဓိက အကြောင်းရင်းက သွေးထိုးခံရခြင်းကြောင့် ဖြစ်ပါတယ်။




၄။ သံယောဇဉ် သိပ်မတွယ်လို့

တစ်ယောက်နဲ့ တစ်ယောက် အနေဝေးနေကြတော့ အထိအတွေ့ကလည်းမရှိ၊ ပြုစုယုယလို့ကလည်းမရ၊ ဘေးမှာလည်းရှိမနေကြရင် သံယောဇဉ်ကလည်းမတွယ်တာ တာကြောင့်ခိုင်မြဲဖို့ ခက်ခဲတတ်ကြပါတယ။ LDRS နဲ့ RS တစ်ခုပြတ်ကြရင် ဘယ်သူတွေက သံယောဇဉ်ပိုကြမယ်ထင်လဲ။ LDRS တွေ ပိုဝေးသွားရတာ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်မတွယ်ကြလို့ပဲဖြစ်ပါတယ်။




Some text some message..