လက်ပိုက်ပုံကနေ လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးကို ခန့်မှန်းနိုင်ပြီ
trend.com.mm
|
2018-12-11

နေ့စဉ် လူတွေရဲ့လှုပ်ရှားမှုတွေထဲမှာ တစ်ခါတစ်လေအပြုမူတွေကနေကြည့်ပြီး ကိုယ်ရည်ကိုယ်သွေးကိုခန့်မှန်းနိုင်ပါတယ်။ ထိုင်တဲ့အခါ သင်ဟာ ခြေထောက်ချိတ်ထိုင်တတ်သူလား ? ဖိနပ်စီးရင် ဘယ်ဘက်ခြေထောက်ကိုအရင်စွပ်သူလား။အိတ်လွယ်တဲ့ ပုံစံ စသဖြင့် လူတစ်ယောက်ချင်းစီရဲ့အပြုမူတွေကနေ စိတ်အခြေအနေကို ခန့်မှန်းလို့ရပါတယ်။

လူတွေရဲ့နေထိုင်ပြုမူပုံကိုအနှစ်နှစ်အလလ လေ့လာပြီး စိတ်ပညာရှင်များက ဒီလိုခန့်မှန်းချက်တွေကို ထုတ်ခဲ့တာဖြစ်ပါတယ်။ သူတို့ပြောတဲ့ခန့်မှန်းချက်အတိုင်းတော့ ဒီလူဟာ တသတ်မတ်တည်းဖြစ်ရမယ်လို့တော့မဟုတ်ဘူးပေါ့။ ယေဘုယျအားဖြင့်တော့ တူညီနေတာလေးတွေရှိနေပါတယ်။








ဘက်လက်က ညာလက်အပေါ်ယှက်ပြီး လက်ပိုက်သူ

လက်ပိုက်တဲ့အခါ သင့်ရဲ့ဘယ်လက်က ညာလက်အပေါ်မှာရောက်နေပြီး ညာလက်ကအောက်ရောက်နေမယ်ဆိုရင် သင်ဟာ စိတ်ခံစားချက်တွေကိုအသိုသိပ်ထားနိုင်ဆုံး သူပါတဲ့။ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်လေလေဖန်တီးမှုအရည်သွေးတွေများများတက်လေပါ။အရည်ချင်းဟာ မွေးတည်းကပါလာသူဖြစ်ပြီး သင်ယူထားတဲ့ပညာတွေ ၊တွေးတောဉာဏ်တွေနဲ့ ပေါင်းစည်းလိုက်တဲ့အခါအိုင်ဒီယာအသစ်သစ်တွေအများကြီးပေးစွမ်းနိုင်သူဖြစ်ပါတယ်။ တစ်ခုကောင်းတာက သင်ဟာ စကားနည်းသူဖြစ်တဲ့အတွက် သူများပြောတာတွေကိုအမြဲအာရုံစိုက်နားထောင်တတ်တယ်။ ဒါဟာအားသာချက်တစ်ခုပါပဲ။ တစ်ခုခုဆိုအာရုံခံကောင်းတယ်။ ထူးခြားတဲ့ ကိစ္စ ၊မကောင်းတဲ့ ကိစ္စမျိုးဖြစ်တော့မယ်ဆို ကြိုသိနေတတ်တာမျိုး ။ ဒါကတော့ ရှားပါတယ်။ သူများကို နားလည်ဖို့ထက် ကိုယ့်ကိုကိုယ်အမြဲနားလည်နိုင်အောင်ပဲ ကြိုးစားသူပါ။








ညာလက်ကို ဘယ်လက်အပေါ်ယှက်ပြီး လက်ပိုက်သူ

သင်ဟာအုပ်စုလိုက်အလုပ်လုပ်ဆောင်တတ်သူဖြစ်ပါတယ်။ ခံစားချက်ကို မဖုံးကွယ်ထားနိုင်သူပါ။ စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောတတ်ပြီး တစ်ခုခုနေရထိုင်ရခက်လာပြီဆို မျက်နှာက သိသာပါတယ်။ပွင့်ပွင့်လင်းလင်းပြောထွက်တယ်ဆိုပေမယ့် ကျိုးကြောင်းဆီလျော်လားအမြဲစဉ်းစားတတ်တဲ့အတွက်အမှန်တွေပဲထိတော့ လူနည်းနည်းမုန်းခံထိပါမယ်။ သူများကလာပြောတာထက် ကိုယ့်ဘာသာ ဆုံးဖြတ်ချက်ချတာများပါတယ်။ သူများ လွှမ်းမိုးမှုကို မခံနိုင်သူပါ။ တစ်ခါတစ်လေအေးစက်နေတတ်ပြီး ဘာကိုမှ ဂရုမစိုက်ပဲလုပ်ချင်ရာလုပ်နေတတ်တယ်။ ဒီအကျင့်ဟာ ဆက်ဆံရေးတွေကို ပြတ်တောက်စေပါတယ်။ စိတ်ဓာတ်ပြင်းထန်ပြီးအုပ်စုလိုက်အလုပ်လုပ်တတ်သူမို့အောင်မြင်ဖို့အခွင့်လမ်းများသူ တစ်ယောက်လည်းဖြစ်ပါတယ်။


နှစ်ဖက်လုံးအပြင်ဘက်ကိုထုတ်ပြီး လက်ပိုက်ထားသူ

ယုံကြည်မှုအပြည့်ရှိသူဖြစ်ပြီး စိတ်ခံစားချက်ကိုမျှတအောင်ထိန်းသိမ်းတတ်သူဖြစ်ပါတယ်။ သူက ပထမတစ်ယောက်လို လုံးဝထိန်းချုပ်နိုင်တာမျိုးမဟုတ်ပဲ ဒေါသထွက်လာပြီဆို တဖြည်းဖြည်းချင်းလျော့ချနိုင်အောင် ကြိုးစားပါတယ်။ နေ့စဉ်ဆုံးဖြတ်ချက်တွေထဲမှာ စိတ်ခံစားချက်ကို ဦးစားပေးတာများပါတယ်။ ဒါပေမယ့်မလုပ်နိုင်တဲ့အကျင့်ကို ရအောင်လုပ်တတ်သူမို့အထက်လူကြီး ခေါင်းဆောင်များက သဘောကျခြင်းကိုခံရပါတယ်။ ရိုးသားခြင်းကို တန်ဖိုးထားသူမို့အခြားသူတွေဆီမှာ ယုံကြည်မှုကောင်းကောင်းရပါတယ်။




Some text some message..