Cheating ကြောင့် Break-Up ဖြစ်ပြီးနောက် မိန်းကလေးအများစု လုပ်လေ့ရှိတဲ့အမှားများ
moda.com.mm
|
2020-07-13

အခုခေတ်မှာ Relationship ဆိုတာ နှစ်ဦးနှစ်ဖက်လုံးအတွက် အရမ်း လွယ်ကူလာကြတယ်။ လွယ်လွယ် ကတိတွေ ပေးကြသလို လွယ်လွယ်လည်း ကတိတွေဖျက်လာကြတယ်။ နားလည်မှုတွေမရှိတော့ဘူး။ သစ္စာလည်း မရှိကြတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Relationship တစ်ခုပျက်စီးသွားတဲ့အခါ မိန်းကလေးတွေက ယောင်္ကျားလေးတွေထက် ပိုခံစားရတာတော့ အမှန်ပဲ။ အထူးသဖြင့် တစ်ဖက်လူရဲ့ သစ္စာဖောက်မှုကြောင့် ပျက်စီးသွားရတဲ့ Relationship တွေဆိုရင်ပိုဆိုးပါတယ်။ ယုံကြည်မှုတွေ၊ မေတ္တာတရားတွေကို အလွဲသုံးစား ပြုလိုက်သလို ခံစားရတယ်။ မျှော်လင့်ချက်တွေကို ရိုက်ချိုးခံလိုက်ရတယ်။ အဲ့လိုအချိန်မျိုးမှာ မိန်းကလေးရဲ့ စိတ်ခံစားချက်တွေက စိတ်ဒဏ်ရာတွေ၊ မကျေနပ်မှု၊ ဝမ်းနည်းမှု နဲ့ ဒေါသတွေ လွှမ်းမိုးနေတတ်တယ်။ အဲ့အတွက် ပျက်စဲပြီးနောက်ပိုင်းမှာ မိန်းကလေးတွေအနေနဲ့ မလုပ်သင့်တဲ့ အရာတွေကိုပြုလုပ်တတ်ကြတယ်။
တကယ်တော့အဲ့လို အပြုအမူတွေက ကိုယ် Vulneurable ဖြစ်တာကို ပိုပြီးပေါ်လွင်သွားစေပြီး ကိုယ်ရဲ့နာကျင်မှုတွေကိုလည်း ပိုပြီး ဖော်ပြရာရောက်ပါတယ်။ အဲ့ဒါကြောင့် လတ်တလော Break-up ဖြစ်ထားတဲ့ မိန်းကလေးတွေအနေနဲ့ ဒီအချက်လေးတွေကို မလုပ်မိဖို့ သတိထားဖို့လိုမယ်နော်။


Break-up ကိုလက်မခံနိုင်သေးတာ
ဒါကတော့ မိန်းကလေး အယောက်တစ်ရာမှာ ၉၉ ယောက်ဖြစ်လေ့ရှိတဲ့အမှားပါ။ အဲ့ဒါတွေကတော့ သူသစ္စာဖောက်သွားတာကို မယုံနိုင်သေးတာ၊ အမှန်တရားကို လက်မခံနိုင်တာနဲ့ သူပြန်လာမလားဆိုပြီးမသိစိတ်က မျှော်လင့်နေတာမျိုးပါ။ အဲ့ဒီစိတ်တွေကို အကုန်ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ သူသင့်ဘဝထဲကနေမရှိတော့ပါဘူး။ အဲ့စိတ်နဲ့လက်ခံလိုက်ရင် သင့်စိတ်တွေတစ်ဝက်လောက်သက်သာသွားလိမ့်မယ်။ ပြီးတော့ အချစ်မရှိလည်း ဘဝကြီးကဆက်ပြီးရှင်သန်လို့ရတယ်ဆိုတာ သဘောပေါက်လာလိမ့်မယ်။



Screenshot ရိုက်တင်ပြီး အရှက်ခွဲတာ
Cheat အလုပ်ခံရလို့ အရမ်းနာကျင်ခံစားနေရမယ်ဆိုတာ သိပါတယ်။ ကျေနပ်ပေးလို့မရတဲ့ အဖြစ်အပျက်ဆိုတာလည်းနားလည်ပါတယ်။ ဒါပေမယ့် သူအဲ့လို Cheat လုပ်သွားတယ်ဆိုတာ သူ့ရဲ့စိတ်ဓာတ်နဲ့ ကိုယ်ကျင့်တရားကိုပြတာပဲလေ။ သူဖောင်းတာကို ကိုယ်ကပြန်ဖောင်းမခံပါနဲ့။ ဖောက်ပြန်တဲ့သူက ဖောက်ပြန်တာသဘာဝပဲ။ အဲ့လိုလူကို ဆက်တွဲနေလို့လည်း သင့်အတွက်ဘာအကျိုးမှမရှိဘူးလေ။ အဲ့တော့ အဲ့လိုဖောက်ပြန်တဲ့ သက်သေ Evidence တွေကို တွေ့လည်း Screenshot တွေရိုက်ပြီး Online ပေါ်မှာမတင်ပါနဲ့။ သင့် အဆင့်အတန်းနဲ့သင်နေပါ။ သင့်လိုလူက သူ့လို ကိုယ်ကျင့်တရားမကောင်းတဲ့သူနဲ့ ဖက်ပြိုင်ပြီးရန်ဖြစ်နေဖို့ မတန်ပါဘူး။ သင့်အဲ့လိုမတင်လည်း တစ်လောကလုံးက ဘယ်သူမှားလဲ၊ မှန်လဲဆိုတာသိပါတယ်။


Feel ပို့စ်တွေတင်တာ
သင့်ရဲ့ စိတ်ခံစားချက်တွေကိုလည်း အခုချိန်မှာ Social Media ပေါ်မှာ မတင်တာအကောင်းဆုံးပါပဲ။ အထူးသဖြင့် သင်ခံစားနေရတာတွေ၊ ဝမ်းနည်းနေတာတွေ ကို ပေါ့။ Status မဟုတ်ရင်တောင် မိန်းကလေးအများစုက Feel တဲ့ Quotes လေးတွေ၊ ရုပ်ရှင်ထဲကစာသားတွေ၊ သီချင်းတွေကို တင်လေ့ရှိကြတယ်။ မတင်ပါနဲ့။ အဲ့လိုတွေတင်နေတာက သင်ဘယ်လောက် ထိခိုက်ခံစားနေရလဲဆိုတာကို သူတို့သိသွားရင် သူတို့ိကိုတောင်ပိုပြီး အနိုင်ပေးရာကျသွားဦးမယ်။



အရမ်း Slay ပြနေတာ
မိန်းကလေးတွေရဲ့ သဘာဝကိုက ရွဲ့တဲ့နေရာမှာအရမ်းတော်တာမို့ Feel တော့မ Feel တော့ဘူး။ ငါနင်မရှိမှ အရမ်းဂေါ်လာတယ်ဆိုတာကိုပြမယ်ဆိုတာမျိုးတွေကိုလည်း တတ်နိုင်ရင်မလုပ်ပါနဲ့။ အရမ်းကြီး Social တွေကျပြတာ၊ တခြားကောင်လေးတွေနဲ့ ရုန်းရုန်းရုန်းရုန်းလုပ်တာ၊ အရမ်းကြီး မိုက်နေပြီဆိုတဲ့ Post မျိုးတွေတင်တာက သင်ရဲ့အဆင်မပြေမှု ဝမ်းနည်းမှုတွေကို အပေါ်ယံတွေနဲ့ ဖုံးထားတယ်ဆိုတာသိသာပါတယ်။
သင်ပုံမှန်နေနေကျအတိုင်းပဲနေပါ။ အရမ်းကြီး မျက်စိမနောက်ပြပါနဲ့။


Ex ကို ဆက်ပြီး Stalk နေတာ
ဒီအချက်ကတော့ အဆိုးဆုံးပါပဲ။ ကိုယ့်ကို မချစ်လို့ထားခဲ့တဲ့ Ex ကို ကိုယ်က ဘာအကြောင်းကြောင့်မှ ဆက်ပြီး Stalk နေစရာမလိုတော့ပါဘူး။ သူခြံခုန်သွားတဲ့ကောင်မလေးနဲ့ ဘယ်သွားနေတယ်၊ ဘာလုပ်နေတယ်ဆိုတာ သိလို့လည်း သင့်အတွက်ဘာအကျိုးမှ မရှိဘူးလေ။ သိတော့လည်း သင်ပဲ စိတ်ညစ်ရမယ်၊ ဒေါသထွက်ရမယ်။ မတန်ပါဘူး။ သူနဲ့ ပတ်သက်သမျှအဆက်အသွယ်တွေအကုန်ဖျက်လိုက်ပါတော့။ Contact တွေ၊ Sms တွေ ကို Delete ပစ်လိုက်ပါ။ Facebook၊ Instagram တွေမှာလည်း Unfollow/Unfriend လုပ်လိုက်ပါ။ Mutual Friend တွေကို သူ့အကြောင်းလိုက်မမေးပါနဲ့တော့။ Contact တွေကို အပြီးအပိုင်ဖျက်လိုက်ခြင်းအားဖြင့် သင့်အနေနဲ့ သူ့ကိုပိုပြီးလွယ်လွယ်မေ့နိုင်သွားမှာပါ။



ကလဲ့စားချေဖို့ ကြိုးစားတာ
Editor ကိုယ်တိုင်လည်း မိန်းကလေးမို့ ကိုယ်ချင်းစာပါတယ်။ သစ္စာဖောက်ပြီးထားခဲ့တဲ့ Ex ကသင့်ကို အနိုင်နဲ့ပိုင်းသွားတယ်လို့ သင်ထင်ကောင်းထင်လိမ့်မယ်။ အဲ့အပေါ်မှာလည်း မကျေနပ်တဲ့အတွက် သင့်ခံစားသလို သူလည်း ခံစားစေရမယ်ဆိုတဲ့ နာကျဉ်းမှုမျိုးတော့ အနည်းနဲ့အများရှိတတ်ကြတယ်။ တကယ်တော့ အမုန်းတရားတွေအားလုံးကို ဒီနေရာမှာပဲရပ်လိုက်ပါတော့။ ပင်ပန်းပါတယ်။ သင်ကလဲ့စားမချေရင်တောင် Karma ရဲ့ အတုံ့အလှည့်ဆိုတာရှိပါတယ်။ အဲ့ Revange အတွက်စဉ်းစားနေမယ့်အချိန်တွေကို သင့်ရဲ့ ဘဝတိုးတက်အောင်ပဲ ကြိုးစားလိုက်ပါ။ ကိုယ့်ရဲ့ Personal Improvement အတွက်ပဲအာရုံစိုက် အလုပ်လုပ်ရင် တစ်ချိန်ကျဒီအရာတွေက ရယ်စရာတွေပဲဆိုတာ သိလာလိမ့်မယ်။
တစ်ချိန် တိုက်ဆိုင်လို့ လမ်းမှာ မျက်နှာချင်းဆိုင်တွေ့ရင်တောင် ကိုယ့်ဘက်က အလှဆုံးပြုံးနိုင်မှာပါ။




Some text some message..